Quran Apps in many lanuages:

Surah Al-Isra Ayahs #63 Translated in Burmese

وَمَا مَنَعَنَا أَنْ نُرْسِلَ بِالْآيَاتِ إِلَّا أَنْ كَذَّبَ بِهَا الْأَوَّلُونَ ۚ وَآتَيْنَا ثَمُودَ النَّاقَةَ مُبْصِرَةً فَظَلَمُوا بِهَا ۚ وَمَا نُرْسِلُ بِالْآيَاتِ إِلَّا تَخْوِيفًا
စင်စစ်သော်ကား ငါအရှင်မြတ်အား တန်ခိုးပြာဋိဟာများကို ချပေးတော်မမူရန် ယင်းတန်ခိုးပြာဋိဟာများမဟုတ်မမှန်ဟူ၍ ရှေးလူဟောင်းတို့၏ ငြင်းပယ်မှုမှတစ်ပါးအခြားမည်သည့် တစ်စုံတစ်ရာမျှ တားဆီးခဲ့သည်မဟုတ်ပေ။စင်စစ် ငါအရှင်မြတ်သည် ဆမူဒ် လူမျိုးတို့အား ကုလားအုတ်မကို (နဗီတမန်တော်ဆွာလစ်ဟ်သည် အလ္လာဟ်အရှင်မြတ်၏နဗီတမန်တော်ဖြစ်တော်မူကြောင်းကို) ထင်ရှားစေသောတန်ခိုးပြာဋိဟာအဖြစ် ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။သို့ရာတွင် ၎င်းတို့သည် ယင်းကုလားအုတ်မနှင့် ပတ်သက်၍(မိမိတို့ကိုယ်ကို)ကျူးကျော်စော်ကားခဲ့ကြကုန်၏။ အမှန်စင်စစ်သော်ကား ငါအရှင်မြတ်သည် တန်ခိုးပြာဋိဟာများကို သတိပေးနှိုးဆော်ချက်အဖြစ်သာလျှင် ချပေးတော်မူပေသတည်း။
وَإِذْ قُلْنَا لَكَ إِنَّ رَبَّكَ أَحَاطَ بِالنَّاسِ ۚ وَمَا جَعَلْنَا الرُّؤْيَا الَّتِي أَرَيْنَاكَ إِلَّا فِتْنَةً لِلنَّاسِ وَالشَّجَرَةَ الْمَلْعُونَةَ فِي الْقُرْآنِ ۚ وَنُخَوِّفُهُمْ فَمَا يَزِيدُهُمْ إِلَّا طُغْيَانًا كَبِيرًا
(အို-နဗီတမန်တော် အသင်ပြန်လည် သတိရပါလေ။) အခါတစ်ပါး၌ ငါအရှင်မြတ်က ဧကန်မလွဲ အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် လူခပ်သိမ်းတို့ကိုဝန်းဝိုင်း၍ထားတော်မူလေပြီဟု အသင့်အား မိန့်ကြားတော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား ပြသ တော်မူခဲ့သော ရှုကွက်ကိုလည်းကောင်း၊ ကုရ်အာန် ကျမ်းတော်မြတ်၌ရှုတ်ချခြင်းခံရသော သစ်ပင်ကိုလည်းကောင်း၊ လူတို့အဖို့စမ်းသပ်မှုတစ်ရပ်သာလျှင် ပြုလုပ်တော်မူခဲ့လေသည်။ စင်စစ်ငါအရှင်မြတ်သည် လူတို့အား သတိပေး နှိုးဆော်တော်မူ၏။သို့ရာတွင် ယင်းသတိပေး နှိုးဆော်ချက်များသည် ၎င်းတို့အားကြီးကျယ်စွာသော မထီမဲ့မြင်ပြုမှုကိုသာ တိုးတက်ပွားများစေလေသတည်း။
وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ قَالَ أَأَسْجُدُ لِمَنْ خَلَقْتَ طِينًا
တစ်ဖန်(ပြန်လည်၍သတိရကြလေကုန်)။ တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် မလာအိကဟ် ကောင်းကင်တမန်တို့အား အသင်တို့သည် အာဒမ်၏ရှေ့ဝယ် ဦးချကြလေကုန်ဟု မိန့်ကြားတော်မူခဲ့ရာ အစ်ဗ်လီစ်မှတစ်ပါး ထိုကောင်းကင်တမန်အပေါင်းတို့သည် ဦးချခဲ့ကြလေသည်။ ယင်းအစ်ဗ်လီစ်ကအရှင်မြတ်ရွှံ့စေးဖြင့်ဖန်ဆင်းတော်မူခဲ့သောသူအားကျွန်တော်မျိုးသည်ဦးချရပါမည်လော ဟုလျှောက်ထားခဲ့လေသည်။
قَالَ أَرَأَيْتَكَ هَٰذَا الَّذِي كَرَّمْتَ عَلَيَّ لَئِنْ أَخَّرْتَنِ إِلَىٰ يَوْمِ الْقِيَامَةِ لَأَحْتَنِكَنَّ ذُرِّيَّتَهُ إِلَّا قَلِيلًا
ယင်းအစ်ဗ်လီစ်က (ဆက်လက်၍) အရှင် ရှုတော်မူပါ၊ အရှင်မြတ်သည် ကျွန်တော်မျိုးထက် ထူးကဲမြင့်မြတ်စေတော်မူခဲ့သော၊ ဤသူကား အကယ်၍သာ အရှင်မြတ်သည်ကျွန်တော်မျိုးအား ကိယာမတ်ကမ္ဘာပျက်မည့် နေ့တိုင်အောင်ရွှေ့ဆိုင်းထားတော်မူခဲ့ပါလျှင် မလွဲဧကန် ကျွန်တော်မျိုးသည်၎င်း၏သားမြေးတို့အနက် အနည်း ငယ်မျှသော သူတို့မှတစ်ပါးအားလုံးကို ဖမ်းယူ လွှမ်းမိုးပါမည်ဟု လျှောက်ထားခဲ့ပြန်၏။
قَالَ اذْهَبْ فَمَنْ تَبِعَكَ مِنْهُمْ فَإِنَّ جَهَنَّمَ جَزَاؤُكُمْ جَزَاءً مَوْفُورًا
ထိုအခါ အရှင်မြတ်က (အစ်ဗ်လီစ်) အသင်သွား၊(ကြိုက်ရာလုပ်)။ တစ်ဖန် မည်သူမဆို ယင်း(အာဒမ်၏သားမြေး)တို့အနက်မှ အသင်၏နောက်သို့ လိုက်ပါခဲ့လျှင် ဂျဟန္နမ်ငရဲဘုံသည် အသင်တို့၏ လုံလောက်စွာသော အကျိုးပင် ဖြစ်ပေသတည်း။

Choose other languages: