Quran Apps in many lanuages:

Surah Al-Isra Ayahs #66 Translated in Burmese

قَالَ أَرَأَيْتَكَ هَٰذَا الَّذِي كَرَّمْتَ عَلَيَّ لَئِنْ أَخَّرْتَنِ إِلَىٰ يَوْمِ الْقِيَامَةِ لَأَحْتَنِكَنَّ ذُرِّيَّتَهُ إِلَّا قَلِيلًا
ယင်းအစ်ဗ်လီစ်က (ဆက်လက်၍) အရှင် ရှုတော်မူပါ၊ အရှင်မြတ်သည် ကျွန်တော်မျိုးထက် ထူးကဲမြင့်မြတ်စေတော်မူခဲ့သော၊ ဤသူကား အကယ်၍သာ အရှင်မြတ်သည်ကျွန်တော်မျိုးအား ကိယာမတ်ကမ္ဘာပျက်မည့် နေ့တိုင်အောင်ရွှေ့ဆိုင်းထားတော်မူခဲ့ပါလျှင် မလွဲဧကန် ကျွန်တော်မျိုးသည်၎င်း၏သားမြေးတို့အနက် အနည်း ငယ်မျှသော သူတို့မှတစ်ပါးအားလုံးကို ဖမ်းယူ လွှမ်းမိုးပါမည်ဟု လျှောက်ထားခဲ့ပြန်၏။
قَالَ اذْهَبْ فَمَنْ تَبِعَكَ مِنْهُمْ فَإِنَّ جَهَنَّمَ جَزَاؤُكُمْ جَزَاءً مَوْفُورًا
ထိုအခါ အရှင်မြတ်က (အစ်ဗ်လီစ်) အသင်သွား၊(ကြိုက်ရာလုပ်)။ တစ်ဖန် မည်သူမဆို ယင်း(အာဒမ်၏သားမြေး)တို့အနက်မှ အသင်၏နောက်သို့ လိုက်ပါခဲ့လျှင် ဂျဟန္နမ်ငရဲဘုံသည် အသင်တို့၏ လုံလောက်စွာသော အကျိုးပင် ဖြစ်ပေသတည်း။
وَاسْتَفْزِزْ مَنِ اسْتَطَعْتَ مِنْهُمْ بِصَوْتِكَ وَأَجْلِبْ عَلَيْهِمْ بِخَيْلِكَ وَرَجِلِكَ وَشَارِكْهُمْ فِي الْأَمْوَالِ وَالْأَوْلَادِ وَعِدْهُمْ ۚ وَمَا يَعِدُهُمُ الشَّيْطَانُ إِلَّا غُرُورًا
ထို့ပြင် (အစ်ဗ်လီစ်)၊ အသင်သည် ၎င်းတို့အနက်မိမိလက်လှမ်းမီသောသူတို့အား မိမိအသံဖြင့် စိတ်ထကြွစေလော့၊ ခြိမ်းခြောက်လှည့်ဖြားလော့။ ထို့ပြင် အသင်သည် မိမိမြင်းစီးသူရဲဖြင့်လည်းကောင်း၊ ခြေလျင် သူရဲဖြင့်လည်းကောင်း၊ထိုသူတို့အား ဝိုင်းဝန်းလော့။ ထိုမှတစ်ပါး အသင်သည် ဥစ္စာပစ္စည်းများ၌လည်းကောင်း၊ သားသမီးများ၌လည်းကောင်း၊ ထိုသူတို့နှင့် အတူဖက်စပ်ပါဝင်လော့။ ထို့ပြင် အသင်သည် ၎င်းတို့အား(မဟုတ်မမှန် သော)ကတိကိုပြုလော့။ စင်စစ်သော်ကားရှိုင်တွာန် မိစ္ဆာကောင်သည် ၎င်းတို့အား ဖြားယောင်းသွေးဆောင်ခြင်းမှတစ်ပါး အခြားမည်သည်ကိုမျှ ကတိပေးသည်မဟုတ်ပေ။
إِنَّ عِبَادِي لَيْسَ لَكَ عَلَيْهِمْ سُلْطَانٌ ۚ وَكَفَىٰ بِرَبِّكَ وَكِيلًا
ဧကန်စင်စစ် ငါအရှင်မြတ်၏ကျွန်(အစစ်အမှန်)တို့မူကား အသင်၌ ၎င်းတို့အပေါ်တွင် လုံးဝဩဇာ အာဏာရှိလိမ့်မည်မဟုတ်ပေ။ စင်စစ် အသင်(မုဟမ္မဒ်)အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ပင်(၎င်းတို့အား)ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ်အဖြစ် လုံလောက်တော်မူပေသတည်း။
رَبُّكُمُ الَّذِي يُزْجِي لَكُمُ الْفُلْكَ فِي الْبَحْرِ لِتَبْتَغُوا مِنْ فَضْلِهِ ۚ إِنَّهُ كَانَ بِكُمْ رَحِيمًا
အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ပင် အသင်တို့အဖို့ အသင်တို့ ထိုအရှင်မြတ်၏ကျေးဇူးတော်(ရိက္ခာတော်)ကို ရှာဖွေဆည်းပူးကြအံ့သောငှာရွက်သင်္ဘောများကို သမုဒ္ဒရာပင်လယ်၌ သွားလာလှုပ်ရှားစေတော်မူသောအရှင်တည်း။ ဧကန်မလွဲ ထိုအရှင်မြတ်သည်အသင်တို့အပေါ်ဝယ် အလွန်တရာသနားကြင်နာညှာတာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: