Quran Apps in many lanuages:

Surah Al-Isra Ayahs #57 Translated in Burmese

وَقُلْ لِعِبَادِي يَقُولُوا الَّتِي هِيَ أَحْسَنُ ۚ إِنَّ الشَّيْطَانَ يَنْزَغُ بَيْنَهُمْ ۚ إِنَّ الشَّيْطَانَ كَانَ لِلْإِنْسَانِ عَدُوًّا مُبِينًا
၎င်းပြင် (အို-နဗီတမန်တော်)ငါအရှင်မြတ်၏(မုအ်မင်န်) ကျွန်များအား အကောင်းဆုံးသော စကားကိုသာပြောဆိုကြရန်အသင်ပြောကြားပါလေ။ ဧကန်အမှန် ရှိုင်တွာန်မိစ္ဆာကောင်သည် ၎င်းတို့၏စပ်ကြားတွင် နှောင့်ယှက်ဖျက်ဆီးလေ့ရှိပေသည်။ မလွဲဧကန် ရှိုင်တွာန်မိစ္ဆာကောင်သည် မနုဿလူသားတို့၏ အလွန်ထင်ရှားသောရန်သူပင် ဖြစ်ချေသတည်း။
رَبُّكُمْ أَعْلَمُ بِكُمْ ۖ إِنْ يَشَأْ يَرْحَمْكُمْ أَوْ إِنْ يَشَأْ يُعَذِّبْكُمْ ۚ وَمَا أَرْسَلْنَاكَ عَلَيْهِمْ وَكِيلًا
အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်တို့အား အကြွင်းမဲ့ သိတော် မူသောအရှင်မြတ်ပင်။ အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့အား သနားတော်မူပေမည်။ သို့တည်းမဟုတ် အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင်အသင်တို့အား ပြစ်ဒဏ်ခတ်တော် မူပေမည်။ စင်စစ် (အိုနဗီတမန်တော်)ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့အပေါ်၌ ကြီးကြပ်အုပ်ထိန်း သူ(တာဝန်ခံ)အဖြစ် စေလွှတ်တော်မူသည်မဟုတ်ပေ။
وَرَبُّكَ أَعْلَمُ بِمَنْ فِي السَّمَاوَاتِ وَالْأَرْضِ ۗ وَلَقَدْ فَضَّلْنَا بَعْضَ النَّبِيِّينَ عَلَىٰ بَعْضٍ ۖ وَآتَيْنَا دَاوُودَ زَبُورًا
ထိုမှတစ်ပါး အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိုးကောင်းကင်များ၌လည်း ကောင်း၊ပထဝီမြေ၌လည်းကောင်း၊ ရှိသူတို့အား ကောင်းမွန်စွာသိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေ၏။ ထိုမှတစ်ပါး မလွဲဧကန် ငါအရှင်မြတ်သည် အချို့သောနဗီတမန်တော်များအားအချို့(သောနဗီတမန်တော်တို့)ထက် သာစေတော်မူခဲ့လေ၏။ထို့ပြင် ငါအရှင်မြတ်သည် (နဗီတမန်တော်) ဒါဝူဒ်အား ဇဗူရ်ကျမ်းတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့လေ၏။
قُلِ ادْعُوا الَّذِينَ زَعَمْتُمْ مِنْ دُونِهِ فَلَا يَمْلِكُونَ كَشْفَ الضُّرِّ عَنْكُمْ وَلَا تَحْوِيلًا
(အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အားဤသို့)ပြောကြားပါလေ။ အသင်တို့သည် ထိုအရှင်မြတ်အားစွန့်၍ (ကိုးကွယ်ရာများအဖြစ်)ထင်မှတ်(ကိုးကွယ်) ခဲ့သူတို့အားဟစ်ခေါ်တမ်းတကြလေကုန်။ သို့(အသင် တို့ထင်မှတ်ကိုးကွယ်ကြ)ပါလည်း၊ ၎င်းတို့သည် အသင်တို့အပေါ်မှ ဘေးဒုက္ခကိုပပျောက်စေနိုင်ကြသည်လည်း မဟုတ်ချေ။ (ယင်းဘေးဒုက္ခကို)လွှဲပြောင်းနိုင်ကြ သည်လည်း မဟုတ်ပေ။
أُولَٰئِكَ الَّذِينَ يَدْعُونَ يَبْتَغُونَ إِلَىٰ رَبِّهِمُ الْوَسِيلَةَ أَيُّهُمْ أَقْرَبُ وَيَرْجُونَ رَحْمَتَهُ وَيَخَافُونَ عَذَابَهُ ۚ إِنَّ عَذَابَ رَبِّكَ كَانَ مَحْذُورًا
ဤသူတို့သည် ယင်းကာဖိရ်တို့ ဟစ်ခေါ်လျက်ရှိကြသောသူများပင်၊ ထိုသူတို့သည် မိမိတို့အနက် မည်သူသည်(ထိုအရှင်မြတ်နှင့်) အနီးကပ်ဆုံးဖြစ်အံ့နည်းဟူ၍ မိမိတို့အားဖန်ဆင်းတော်မူသောအရှင်မြတ် အထံတော်သို့ ချဉ်းကပ်မှုကိုရှာဖွေဆည်းပူးလျက် ရှိကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ထိုအရှင်မြတ်၏ကရုဏာတော်ကိုလည်း မျှော်လင့်လျှက်ရှိကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ထိုအရှင်မြတ်၏ပြစ်ဒဏ်ကိုလည်းကြောက်ရွံ့ စိုးရိမ်လျက်ရှိကြကုန်၏။ ဧကန်မလွဲ အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ပြစ်ဒဏ်သည်အလွန်ကြောက်မက်ဖွယ်ပင် ဖြစ်ချေသတည်း။

Choose other languages: