Quran Apps in many lanuages:

Surah Al-Isra Ayahs #33 Translated in Burmese

وَلَا تَجْعَلْ يَدَكَ مَغْلُولَةً إِلَىٰ عُنُقِكَ وَلَا تَبْسُطْهَا كُلَّ الْبَسْطِ فَتَقْعُدَ مَلُومًا مَحْسُورًا
ထိုမှတစ်ပါး အသင်သည် မိမိလက်ကို မိမိလည်ကုပ်တွင် တုပ်နှောင်ပြီးမထားလေနှင့်၊ ထိုနည်းတူစွာအသင်သည် ယင်းလက်ကို လုံးဝ ဖွင့်၍လည်း မထားလေနှင့်။သို့ပြုခဲ့လျှင် အသင်သည် ပြစ်တင်ရှုတ်ချခြင်းခံရလျက် ဝမ်းနည်းကြေကွဲလျက်၊ ထိုင်၍နေရချိမ့်မည်။
إِنَّ رَبَّكَ يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ وَيَقْدِرُ ۚ إِنَّهُ كَانَ بِعِبَادِهِ خَبِيرًا بَصِيرًا
ဧကန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအားရိက္ခာကို တိုးချဲ့၍ပေးသနားတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်ပင်(မိမိအလိုမရှိတော်မူသောသူအား ရိက္ခာကို) ကျဉ်းကျပ်စေတော်မူလေသည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် မိမိကျွန်များ၏(အခြေအနေ)ကို အလွန်တရာ သိတော်မူသောအရှင်၊ အလွန်တရာမြင်တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
وَلَا تَقْتُلُوا أَوْلَادَكُمْ خَشْيَةَ إِمْلَاقٍ ۖ نَحْنُ نَرْزُقُهُمْ وَإِيَّاكُمْ ۚ إِنَّ قَتْلَهُمْ كَانَ خِطْئًا كَبِيرًا
၎င်းပြင် အသင်တို့သည် စီးပွားရေးကျပ်တည်းမှုကို စိုးရိမ်သောကြောင့် မိမိတို့၏သားသမီးများအား မသတ်ဖြတ်ကြကုန်လင့်။ (စင်စစ်) ငါအရှင်မြတ်သည် ပင်လျှင်ယင်းတို့အားလည်းကောင်း၊ အသင်တို့အား လည်းကောင်း၊စားနပ်ရိက္ခာ ချီးမြှင့်ပေးသနားတော် မူပေသည်။ ဧကန်မလွဲ၎င်းတို့အား သတ်ဖြတ်ခြင်းကား အလွန်ကြီးလေးသော ပြစ်မှုပင် ဖြစ်ချေသတည်း။
وَلَا تَقْرَبُوا الزِّنَا ۖ إِنَّهُ كَانَ فَاحِشَةً وَسَاءَ سَبِيلًا
ထို့ပြင် အသင်တို့သည် ကာမေသုမိစ္ဆာစာရ၏အပါးသို့ပင် မချဉ်းကပ်ကြကုန်လင့်။ ဧကန်မလွဲ ယင်းကာမေသုမိစ္ဆာစာရသည် အလွန်စက်ဆုပ်ရွံရှာဖွယ် ဖြစ်သည့်ပြင်အလွန် ဆိုးဝါးလှသော လမ်းစဉ်လည်း ဖြစ်ပေသတည်း။
وَلَا تَقْتُلُوا النَّفْسَ الَّتِي حَرَّمَ اللَّهُ إِلَّا بِالْحَقِّ ۗ وَمَنْ قُتِلَ مَظْلُومًا فَقَدْ جَعَلْنَا لِوَلِيِّهِ سُلْطَانًا فَلَا يُسْرِفْ فِي الْقَتْلِ ۖ إِنَّهُ كَانَ مَنْصُورًا
၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က တားမြစ်ပညတ်ထားတော်မူသော အသက်ဇီဝိန်ကို မှန်ကန်သော အကြောင်းမရှိဘဲလျက် သတ်ဖြတ်ခြင်း မပြုကြရချေ။စင်စစ်သော်ကား မတရားသဖြင့် သတ်ဖြတ်ခြင်း ခံရသောသူ၏ ပြောရေးဆိုခွင့်ရှိသောအမွေစားအမွေခံအား ဧကန်စင်စစ်ငါအရှင်မြတ်သည် အခွင့်အာဏာကို ချီးမြှင့်၍ထားတော်မူခဲ့လေသည်။ သို့ရာတွင် ယင်းအမွေစားအမွေခံသည် သတ်ဖြတ်မှုနှင့်စပ်လျဉ်း၍ စည်းကမ်းကို မကျူးလွန်ရချေ။ အကြောင်းသော်ကား ထိုအမွေ စားအမွေခံသည် (အလ္လာဟ်အရှင်မြတ်၏)ကူညီထောက်ခံမှုကို ရရှိပြီးဖြစ်သောကြောင့်ပင်တည်း။

Choose other languages: