Quran Apps in many lanuages:

Surah Al-Isra Ayahs #36 Translated in Burmese

وَلَا تَقْرَبُوا الزِّنَا ۖ إِنَّهُ كَانَ فَاحِشَةً وَسَاءَ سَبِيلًا
ထို့ပြင် အသင်တို့သည် ကာမေသုမိစ္ဆာစာရ၏အပါးသို့ပင် မချဉ်းကပ်ကြကုန်လင့်။ ဧကန်မလွဲ ယင်းကာမေသုမိစ္ဆာစာရသည် အလွန်စက်ဆုပ်ရွံရှာဖွယ် ဖြစ်သည့်ပြင်အလွန် ဆိုးဝါးလှသော လမ်းစဉ်လည်း ဖြစ်ပေသတည်း။
وَلَا تَقْتُلُوا النَّفْسَ الَّتِي حَرَّمَ اللَّهُ إِلَّا بِالْحَقِّ ۗ وَمَنْ قُتِلَ مَظْلُومًا فَقَدْ جَعَلْنَا لِوَلِيِّهِ سُلْطَانًا فَلَا يُسْرِفْ فِي الْقَتْلِ ۖ إِنَّهُ كَانَ مَنْصُورًا
၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က တားမြစ်ပညတ်ထားတော်မူသော အသက်ဇီဝိန်ကို မှန်ကန်သော အကြောင်းမရှိဘဲလျက် သတ်ဖြတ်ခြင်း မပြုကြရချေ။စင်စစ်သော်ကား မတရားသဖြင့် သတ်ဖြတ်ခြင်း ခံရသောသူ၏ ပြောရေးဆိုခွင့်ရှိသောအမွေစားအမွေခံအား ဧကန်စင်စစ်ငါအရှင်မြတ်သည် အခွင့်အာဏာကို ချီးမြှင့်၍ထားတော်မူခဲ့လေသည်။ သို့ရာတွင် ယင်းအမွေစားအမွေခံသည် သတ်ဖြတ်မှုနှင့်စပ်လျဉ်း၍ စည်းကမ်းကို မကျူးလွန်ရချေ။ အကြောင်းသော်ကား ထိုအမွေ စားအမွေခံသည် (အလ္လာဟ်အရှင်မြတ်၏)ကူညီထောက်ခံမှုကို ရရှိပြီးဖြစ်သောကြောင့်ပင်တည်း။
وَلَا تَقْرَبُوا مَالَ الْيَتِيمِ إِلَّا بِالَّتِي هِيَ أَحْسَنُ حَتَّىٰ يَبْلُغَ أَشُدَّهُ ۚ وَأَوْفُوا بِالْعَهْدِ ۖ إِنَّ الْعَهْدَ كَانَ مَسْئُولًا
ထိုမှတစ်ပါး အသင်တို့သည် ကောင်းမွန်သောနည်းလမ်းမှတစ်ပါး အဖမဲ့ကလေးသူငယ်များ၏ ဥစ္စာ ပစ္စည်း၏အပါးသို့ပင် ၎င်းတို့ လူလားမြောက် အရွယ် ရောက်သည်အထိမချဉ်းကပ်ကြကုန်လင့်။ ထို့ပြင် အသင်တို့သည်(မိမိတို့ အချင်းချင်းတစ်ဖက်နှင့်တစ်ဖက်ထားရှိကြသော) ပဋိညာဉ်ကတိသစ္စာကို ကျေပွန်စွာဆောင်ရွက်ကြလေကုန်။ ဧကန်စင်စစ် ယင်းပဋိညာဉ် ကတိသစ္စာသည် စစ်ဆေးမေးမြန်းခံရမည့် အမှုကိစ္စပင်ဖြစ်ချေသတည်း။
وَأَوْفُوا الْكَيْلَ إِذَا كِلْتُمْ وَزِنُوا بِالْقِسْطَاسِ الْمُسْتَقِيمِ ۚ ذَٰلِكَ خَيْرٌ وَأَحْسَنُ تَأْوِيلًا
၎င်းပြင် အသင်တို့သည် (မိမိတို့ရောင်းချသောဝတ္ထုပစ္စည်း တစ်စုံတစ်ရာကို) တောင်း၊ တင်း၊ ခွက် (စသည့်ပမာဏ(ဖြင့်) ခြင်တွယ်၍(ရောင်းချ) သောအခါဝယ် အပြည့်ခြင်တွယ်၍ပေးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်(အလေးချိန်ခွင်ဖြင့် ချိန်တွယ်၍ ရောင်းချသောအခါတွင်လည်း)မှန်ကန်သော (အလေး)ချိန်ခွင်ဖြင့် ချိန်တွယ်(၍ပေး)ကြလေကုန်။ ဤသည်ကား (အသင်တို့အဖို့ ဤပစ္စက္ခမျက်မှောက်ဘဝ၌လည်း)အမွန်မြတ်ဆုံးပင်ဖြစ်ပေသည်။ (နောင်တမလွန်ဘဝ၏) အကျိုးဆက်အားဖြင့်လည်း အကောင်းဆုံးပင် ဖြစ်ချေသတည်း။
وَلَا تَقْفُ مَا لَيْسَ لَكَ بِهِ عِلْمٌ ۚ إِنَّ السَّمْعَ وَالْبَصَرَ وَالْفُؤَادَ كُلُّ أُولَٰئِكَ كَانَ عَنْهُ مَسْئُولًا
ထို့ပြင်တစ်ဝအသင်သည်မိမိမသိသောအကြောင်းအရာ၏ နောက်သို့ မလိုက်လေနှင့်။ ဧကန်မလွဲ နား၊ မျက်စိ၊စိတ်နှလုံး ဤအသီးသီးတို့သည် ၎င်းအသီးသီးတို့နှင့် စပ်လျဉ်း၍စုံစမ်းမေးမြန်းခြင်းကို ခံရမည်သာတည်း။

Choose other languages: