Quran Apps in many lanuages:

Surah Al-Isra Ayahs #14 Translated in Burmese

وَأَنَّ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ أَعْتَدْنَا لَهُمْ عَذَابًا أَلِيمًا
၎င်းပြင် ဧကန်စင်စစ် နောင်တမလွန်ဘဝကိုမယုံကြည်သော သူတို့အဖို့ ငါအရှင်မြတ်သည် ပြင်း ပြနာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်ကို အဆင့်သင့် ပြုလုပ်ထားတော်မူသည်(ကိုလည်းဤကုရ်အာန်ကျမ်းတော်မြတ်သည် သတင်းပေး လေသည်။)
وَيَدْعُ الْإِنْسَانُ بِالشَّرِّ دُعَاءَهُ بِالْخَيْرِ ۖ وَكَانَ الْإِنْسَانُ عَجُولًا
စင်စစ် လူသားများသည် အကောင်းနှင့် စပ်လျဉ်း၍ မိမိတို့လျှောက်ထားပန်ကြားဘိသကဲ့သို့ပင် အဆိုးနှင့်စပ်လျဉ်း၍လည်း လျှောက်ထားပန်ကြားကြကုန်၏။ စင်စစ်သော်ကား လူသားတို့သည်(သဘာဝအလျောက်ပင်)အလွန် အလျင်လိုသူများ ဖြစ်ကြကုန် သတည်း။
وَجَعَلْنَا اللَّيْلَ وَالنَّهَارَ آيَتَيْنِ ۖ فَمَحَوْنَا آيَةَ اللَّيْلِ وَجَعَلْنَا آيَةَ النَّهَارِ مُبْصِرَةً لِتَبْتَغُوا فَضْلًا مِنْ رَبِّكُمْ وَلِتَعْلَمُوا عَدَدَ السِّنِينَ وَالْحِسَابَ ۚ وَكُلَّ شَيْءٍ فَصَّلْنَاهُ تَفْصِيلًا
ထု့ိပြင် ငါအရှင်မြတ်သည် ညကိုလည်း ကောင်း၊နေ့ ကိုလည်းကောင်း၊ သက်သေလက္ခဏာ နှစ်ရပ်ကို ပြုလုပ်ထားတော်မူခဲ့လေသည်။ သို့ရာတွင် ငါအရှင်မြတ်သည် ည၏သက်သေလက္ခဏာနှစ်ရပ်ကို မှေးမှိန်စေတော်မူ၍ နေ့၏သက်သေလက္ခဏာများကိုမူကား အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကျေးဇူးတော်ကို ဆည်းပူးရှာဖွေကြအံ့သောငှာလည်းကောင်း၊ အသင်တို့သည် နှစ်များ၏အရေအတွက်နှင့်တွက်ချက်မှုကို သိရှိကြအံ့ သောငှာလည်းကောင်း၊ငါအရှင်မြတ်သည် စက္ခုကိုအလင်းပေးသောအရာ ပြုလုပ်တော်မူခဲ့လေသည်။ စင်စစ် သော်ကား ငါအရှင်မြတ်သည် (လိုအပ်သော) အရာ ခပ်သိမ်းတို့ကို အသေးစိတ် ရှင်းလင်းဖော်ပြတော်မူခဲ့ပေသတည်း။
وَكُلَّ إِنْسَانٍ أَلْزَمْنَاهُ طَائِرَهُ فِي عُنُقِهِ ۖ وَنُخْرِجُ لَهُ يَوْمَ الْقِيَامَةِ كِتَابًا يَلْقَاهُ مَنْشُورًا
ထို့ပြင် ငါအရှင်မြတ်သည် လူတိုင်းလူတိုင်း၏အပြုအမူကို ၎င်း၏လည်ကုပ်တွင် ခိုင်မြဲစွာချည်နှောင် ထားတော်မူသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ကိယာမတ်နေ့တွင်၎င်းအား မှတ်တမ်းတစ်ခုကို ထုတ်ပေးတော်မူပေမည်။ ၎င်းသည် ထိုမှတ်တမ်းကို ပွင့်လျက်တွေ့ရှိရပေလိမ့်မည်။
اقْرَأْ كِتَابَكَ كَفَىٰ بِنَفْسِكَ الْيَوْمَ عَلَيْكَ حَسِيبًا
(ထို့နောက်၎င်းအား) အသင်သည် မိမိ မှတ်တမ်းကိုဖတ်လော့၊ ယနေ့သည်ကား အသင်ကိုယ်တိုင်ပင် မိမိကိုယ်နှင့်ဆန့်ကျင်၍ စစ်ဆေးသူအဖြစ် လုံလောက်ပေသည်။

Choose other languages: