Quran Apps in many lanuages:

Surah Al-Isra Ayahs #16 Translated in Burmese

وَجَعَلْنَا اللَّيْلَ وَالنَّهَارَ آيَتَيْنِ ۖ فَمَحَوْنَا آيَةَ اللَّيْلِ وَجَعَلْنَا آيَةَ النَّهَارِ مُبْصِرَةً لِتَبْتَغُوا فَضْلًا مِنْ رَبِّكُمْ وَلِتَعْلَمُوا عَدَدَ السِّنِينَ وَالْحِسَابَ ۚ وَكُلَّ شَيْءٍ فَصَّلْنَاهُ تَفْصِيلًا
ထု့ိပြင် ငါအရှင်မြတ်သည် ညကိုလည်း ကောင်း၊နေ့ ကိုလည်းကောင်း၊ သက်သေလက္ခဏာ နှစ်ရပ်ကို ပြုလုပ်ထားတော်မူခဲ့လေသည်။ သို့ရာတွင် ငါအရှင်မြတ်သည် ည၏သက်သေလက္ခဏာနှစ်ရပ်ကို မှေးမှိန်စေတော်မူ၍ နေ့၏သက်သေလက္ခဏာများကိုမူကား အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကျေးဇူးတော်ကို ဆည်းပူးရှာဖွေကြအံ့သောငှာလည်းကောင်း၊ အသင်တို့သည် နှစ်များ၏အရေအတွက်နှင့်တွက်ချက်မှုကို သိရှိကြအံ့ သောငှာလည်းကောင်း၊ငါအရှင်မြတ်သည် စက္ခုကိုအလင်းပေးသောအရာ ပြုလုပ်တော်မူခဲ့လေသည်။ စင်စစ် သော်ကား ငါအရှင်မြတ်သည် (လိုအပ်သော) အရာ ခပ်သိမ်းတို့ကို အသေးစိတ် ရှင်းလင်းဖော်ပြတော်မူခဲ့ပေသတည်း။
وَكُلَّ إِنْسَانٍ أَلْزَمْنَاهُ طَائِرَهُ فِي عُنُقِهِ ۖ وَنُخْرِجُ لَهُ يَوْمَ الْقِيَامَةِ كِتَابًا يَلْقَاهُ مَنْشُورًا
ထို့ပြင် ငါအရှင်မြတ်သည် လူတိုင်းလူတိုင်း၏အပြုအမူကို ၎င်း၏လည်ကုပ်တွင် ခိုင်မြဲစွာချည်နှောင် ထားတော်မူသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ကိယာမတ်နေ့တွင်၎င်းအား မှတ်တမ်းတစ်ခုကို ထုတ်ပေးတော်မူပေမည်။ ၎င်းသည် ထိုမှတ်တမ်းကို ပွင့်လျက်တွေ့ရှိရပေလိမ့်မည်။
اقْرَأْ كِتَابَكَ كَفَىٰ بِنَفْسِكَ الْيَوْمَ عَلَيْكَ حَسِيبًا
(ထို့နောက်၎င်းအား) အသင်သည် မိမိ မှတ်တမ်းကိုဖတ်လော့၊ ယနေ့သည်ကား အသင်ကိုယ်တိုင်ပင် မိမိကိုယ်နှင့်ဆန့်ကျင်၍ စစ်ဆေးသူအဖြစ် လုံလောက်ပေသည်။
مَنِ اهْتَدَىٰ فَإِنَّمَا يَهْتَدِي لِنَفْسِهِ ۖ وَمَنْ ضَلَّ فَإِنَّمَا يَضِلُّ عَلَيْهَا ۚ وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ ۗ وَمَا كُنَّا مُعَذِّبِينَ حَتَّىٰ نَبْعَثَ رَسُولًا
အကြင်သူသည် တရားလမ်းမှန်ကို ရရှိခဲ့လျှင်မိမိကိုယ်တိုင်၏အကျိုးငှာ တရားလမ်းမှန်ကို ရရှိခဲ့သည်သာ။ထိုနည်းတူစွာ အကြင်သူသည် လမ်းမှားခဲ့လျှင်လည်း မိမိကိုယ်နှင့်ဆန့်ကျင်၍ လမ်းမှားခဲ့သည်သာတည်း။ အမှန်စင်စစ် မည်သည့်သယ်ပိုးသူတစ်ဦးတယောက်မျှပင် သူတစ်ပါး၏ဝန်ထုပ်ကိုသယ်ပိုး လိမ့်မည် မဟုတ်ပေ။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ရစူလ် တမန်တော်တစ်ပါးပါးကို စေလွှတ်တော်မမူသမျှကာလပတ်လုံး ပြစ်ဒဏ်ပေးတော်မူသည် မဟုတ်ပေ။
وَإِذَا أَرَدْنَا أَنْ نُهْلِكَ قَرْيَةً أَمَرْنَا مُتْرَفِيهَا فَفَسَقُوا فِيهَا فَحَقَّ عَلَيْهَا الْقَوْلُ فَدَمَّرْنَاهَا تَدْمِيرًا
တစ်ဖန် ငါအရှင်မြတ်သည် ရွာတစ်ရွာကို ဖျက်ဆီးရန် ရည်စူးတော်မူသောအခါ ထိုရွာရှိ စည်းစိမ်ရှင်များကို(အီမာန်ယုံကြည်ရန်၊ အမိန့်တော်နာခံရန်) အမိန့်ပေးတော်မူ၏။ထိုအခါ ၎င်းတို့သည် ထိုရွာတွင် ဆိုးသွမ်းကြလေသည်။ သို့ဖြစ်ပေရာ ချိန်းချက်ထားသောပြစ်ဒဏ်သည် ထိုရွာ၌သက်ရောက်လေသည်။ ထိုအခါ ငါအရှင်မြတ်သည် ထိုရွာကို ဖျက်ဆီးတော်မူလေသတည်း။

Choose other languages: