Quran Apps in many lanuages:

Surah Al-Isra Ayahs #103 Translated in Burmese

أَوَلَمْ يَرَوْا أَنَّ اللَّهَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ قَادِرٌ عَلَىٰ أَنْ يَخْلُقَ مِثْلَهُمْ وَجَعَلَ لَهُمْ أَجَلًا لَا رَيْبَ فِيهِ فَأَبَى الظَّالِمُونَ إِلَّا كُفُورًا
ဧကန်စင်စစ် မိုးကောင်းကင်ကိုလည်းကောင်း၊ကမ္ဘာမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်မြတ်သည် ၎င်းတို့ကဲ့သို့သောသူတို့အား(အသစ်ပြန်လည်) ဖန်ဆင်းတော်မူရန် စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်ကို ၎င်းတို့သည် မသိမမြင်ကြလေသလော။ စင်စစ် ထိုအရှင်မြတ်သည် (သေဆုံးရန်နှင့် ရှင်ပြန်ထရန်) ယုံမှားသံသယ လုံးဝကင်းရှင်းသောကာလအပိုင်းအခြားတစ်ခုကို သတ်မှတ် ပြဋ္ဌာန်းတော်မူခဲ့လေသည်။ သို့တစေလည်း မတရား ကျူးလွန်သူတို့မူကား မယုံမကြည် ငြင်းဆိုခြင်းမှတစ်ပါး အခြားကို မနှစ်သက်ခဲ့ကြပေ။
قُلْ لَوْ أَنْتُمْ تَمْلِكُونَ خَزَائِنَ رَحْمَةِ رَبِّي إِذًا لَأَمْسَكْتُمْ خَشْيَةَ الْإِنْفَاقِ ۚ وَكَانَ الْإِنْسَانُ قَتُورًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ အကယ်၍သာ အသင်တို့သည် ကျွန်ုပ်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကရုဏာတော်၏ဘဏ္ဍာတော်များကို ပိုင်ဆိုင်ကြသည်ရှိသော်၊ အမှန်ပင် (ယင်းဘဏ္ဍာတော်များ) သုံးစွဲ၍ ကုန်ဆုံးသွားမည်ကိုစိုး၍ အသင်တို့စေးနှဲကြပေမည်။ စင်စစ် လူသားတို့သည် အလွန်စေးနှဲတွန့်တိုသူများပင် ဖြစ်ကြကုန်သတည်း။
وَلَقَدْ آتَيْنَا مُوسَىٰ تِسْعَ آيَاتٍ بَيِّنَاتٍ ۖ فَاسْأَلْ بَنِي إِسْرَائِيلَ إِذْ جَاءَهُمْ فَقَالَ لَهُ فِرْعَوْنُ إِنِّي لَأَظُنُّكَ يَا مُوسَىٰ مَسْحُورًا
၎င်းပြင် (နဗီတမန်တော်) မူစာသည် အစ္စရာအီလီမျိုးနွယ်တို့ထံ ရောက်ရှိလာသောအခါ မချွတ်မလွဲ ငါအရှင်မြတ်သည် ယင်းမူစာအား တန်ခိုးပြာဋိဟာကိုးပါးကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)အသင်သည် (ဤအကြောင်းကို) အစ္စရာအီလီမျိုးနွယ်တို့အားမေးမြန်းစုံစမ်း၍ကြည့်ပါလေ။ ထို(ကဲ့သို့မူစာ ရောက်လာသော)အခါ ယင်းမူစာအား ဖိရ်အောင်(န်)က အို-မူစာ၊ ဧကန်စင်စစ်ကျွန်ုပ်သည် အသင့်အား စုန်းပြုစားခြင်းခံရသူဖြစ်သည်ဟု ထင်မှတ်ကြောင်း ပြောဆိုခဲ့လေသည်။
قَالَ لَقَدْ عَلِمْتَ مَا أَنْزَلَ هَٰؤُلَاءِ إِلَّا رَبُّ السَّمَاوَاتِ وَالْأَرْضِ بَصَائِرَ وَإِنِّي لَأَظُنُّكَ يَا فِرْعَوْنُ مَثْبُورًا
ထိုမူစာက (ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ဤသည်တို့ကို မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်မြတ်သည်သာလျှင် ပိုင်းခြားသိမြင်နိုင်စေသော သက်သေ သာဓကများအဖြစ်ချပေးတော်မူခဲ့ ကြောင်း။ အမှန်စင်စစ် အသင်သည်သိရှိခဲ့ပြီးဖြစ်ပေသည်။ ၎င်းပြင်၊ အို-ဖိရ်အောင်(န်) ဧကန်စင်စစ် ကျွန်ုပ်သည် အသင့်အား ဆုံးရှုံးဖျက်ဆီးခြင်းခံရမည်ဖြစ်သည်ဟု ထင်မှတ်ပေသတည်း။
فَأَرَادَ أَنْ يَسْتَفِزَّهُمْ مِنَ الْأَرْضِ فَأَغْرَقْنَاهُ وَمَنْ مَعَهُ جَمِيعًا
ထိုအခါ ယင်းဖစ်ရ်အောင်န်သည် ထိုအစ္စရာအီလီမျိုးနွယ်တို့အား ထို(အီဂျစ်)နိုင်ငံမှ ချွတ်ချော်တိမ်းပါးစေရန်ကြံရွယ်ခဲ့လေသည်။ သို့ရာတွင် ငါအရှင်မြတ်သည် ယင်းဖိရ်အောင်(န်)အားလည်းကောင်း၊ ယင်းဖိရ်အောင်(န်)နှင့်အတူရှိကြသူအားလုံးတို့ကိုလည်းကောင်း၊ (ပင်လယ်နီ)တွင် နှစ်မြှုပ်တော်မူခဲ့လေသတည်း။

Choose other languages: