Quran Apps in many lanuages:

Surah Al-Hashr Ayahs #7 Translated in Burmese

وَلَوْلَا أَنْ كَتَبَ اللَّهُ عَلَيْهِمُ الْجَلَاءَ لَعَذَّبَهُمْ فِي الدُّنْيَا ۖ وَلَهُمْ فِي الْآخِرَةِ عَذَابُ النَّارِ
စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့နှင့်ပတ်သက်၍ ပြည်နှင်ဒဏ် ပေးခြင်းကို ရေးမှတ်ပြဋ္ဌာန်းတော်မူခဲ့သည် မရှိပါလျှင် အမှန်ပင် ထိုအရှင်မြတ်သည် ပစ္စုပ္ပန်ဘဝ၌ ၎င်းတို့အား (ကွပ်မျက်သတ်ဖြတ်၍) ပြစ်ဒဏ်ခတ်တော်မူခဲ့ပေမည်။ စင်စစ်သော်ကား’အာခိရတ်’ တမလွန်ဘဝ၌မူ ငရဲ၏ပြစ်ဒဏ်သည် ၎င်းတို့၌ရှိပေမည်။
ذَٰلِكَ بِأَنَّهُمْ شَاقُّوا اللَّهَ وَرَسُولَهُ ۖ وَمَنْ يُشَاقِّ اللَّهَ فَإِنَّ اللَّهَ شَدِيدُ الْعِقَابِ
ယင်းသို့ ဖြစ်ရခြင်းမှာ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ဆန့်ကျင်ဖီလာ ပြုလုပ်ခဲ့ကြသောကြောင့်ပင်။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ဆန့်ကျင်ဖီလာပြုလုပ်ခဲ့မူ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ ပြစ်ဒဏ်ခတ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
مَا قَطَعْتُمْ مِنْ لِينَةٍ أَوْ تَرَكْتُمُوهَا قَائِمَةً عَلَىٰ أُصُولِهَا فَبِإِذْنِ اللَّهِ وَلِيُخْزِيَ الْفَاسِقِينَ
စွန်ပလွံပင်များကို အသင်တို့ ခုတ်လှဲဖြတ်တောက်ခဲ့ကြခြင်း၊ သို့မဟုတ် ယင်းစွန်ပလွံပင်များကို ၎င်းတို့၏ အောက်ခြေအမြစ်များပေါ်၌ ရပ်တည်လျက် ချန်ထားခဲ့ကြခြင်းသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့်အညီပင် ဖြစ်သည်။ ထို့ပြင်တစ်ဝ ထိုအရှင်မြတ်သည် အမိန့်တော်ကို သွေဖည်သောသူတို့အား အရှက်တကွဲ ဖြစ်စေတော်မူအံ့သောငှာ ဖြစ်ပေသတည်း။
وَمَا أَفَاءَ اللَّهُ عَلَىٰ رَسُولِهِ مِنْهُمْ فَمَا أَوْجَفْتُمْ عَلَيْهِ مِنْ خَيْلٍ وَلَا رِكَابٍ وَلَٰكِنَّ اللَّهَ يُسَلِّطُ رُسُلَهُ عَلَىٰ مَنْ يَشَاءُ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မိမိ ရစူလ်တမန်တော်မြတ်အား ၎င်းတို့ထံမှ ‘ဖိုင်အ်’ လက်ရပစ္စည်းအဖြစ် သိမ်းပိုက်စေတော်မူခဲ့သော အရာများမှာမူကား အသင်တို့သာ ယင်းပစ္စည်းများအပေါ်သို့ မြင်းများကို (စီးနင်း) မောင်းနှင်ခဲ့ကြသည်လည်း မဟုတ်ပေ၊ ကုလားအုတ်များကို(စီးနင်း)မောင်းနှင်ခဲ့ကြသည်လည်း မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် မိမိ ရစူလ်တမန်တော်များအား မိမိအလိုရှိတော်မူသောသူတို့ အပေါ်ဝယ် လွှမ်းမိုးစေတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
مَا أَفَاءَ اللَّهُ عَلَىٰ رَسُولِهِ مِنْ أَهْلِ الْقُرَىٰ فَلِلَّهِ وَلِلرَّسُولِ وَلِذِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينِ وَابْنِ السَّبِيلِ كَيْ لَا يَكُونَ دُولَةً بَيْنَ الْأَغْنِيَاءِ مِنْكُمْ ۚ وَمَا آتَاكُمُ الرَّسُولُ فَخُذُوهُ وَمَا نَهَاكُمْ عَنْهُ فَانْتَهُوا ۚ وَاتَّقُوا اللَّهَ ۖ إِنَّ اللَّهَ شَدِيدُ الْعِقَابِ
အလ္လာဟ်အရှင်မြတ်သည် မိမိရစူလ်တမန်တော်မြတ်အား မြို့ရွာများတွင် နေထိုင်သောသူတို့ထံမှ ‘ဖိုင်အ်’လက်ရပစ္စည်းအဖြစ် သိမ်းပိုက်စေတော်မူခဲ့သော အရာများကား အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ ထို့ပြင် ရစူလ်တမန်တော်မြတ်နှင့်လည်းကောင်း၊ (ထိုရစူလ်တမန်တော်မြတ်၏)ဆွေရင်းသားရင်းတို့နှင့် လည်းကောင်း၊ ဖမဲ့ကလေးသူငယ်တို့နှင့်လည်းကောင်း၊ သူဆင်းရဲတို့နှင့်လည်းကောင်း၊ ခရီးသည်တို့နှင့်လည်း ကောင်း၊ သက်ဆိုင်၏။ (ယင်းကဲ့သို့ ပြဋ္ဌာန်းတော်မူခြင်းမှာ) ယင်းလက်ရပစ္စည်းများသည် အသင်တို့အနက် ကုံလုံ ကြွယ်ဝသောသူတို့၏ အကြား၌သာ လည်နေသောပစ္စည်းများ မဖြစ်စေရန် (ပြဋ္ဌာန်းတော်မူခြင်း)ပင်။ ထို့ပြင် အသင်တို့သည် မိမိတို့အား ရစူလ်တမန်တော်မြတ်က ပေးခဲ့သည်ကို ယူကြလေကုန်။ ထိုနည်းတူစွာ ထိုရစူလ်တမန်တော်မြတ်က တားမြစ်တော်မူသည်မှ ရှောင်ကြဉ်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင် မြတ်အားကြောက်ရွံ့ကြလေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ အပြစ်ပေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: