Quran Apps in many lanuages:

Surah Al-Hajj Ayahs #66 Translated in Burmese

ذَٰلِكَ بِأَنَّ اللَّهَ هُوَ الْحَقُّ وَأَنَّ مَا يَدْعُونَ مِنْ دُونِهِ هُوَ الْبَاطِلُ وَأَنَّ اللَّهَ هُوَ الْعَلِيُّ الْكَبِيرُ
ဤ(သို့ကူညီတော်မူခြင်းကား) အလ္လာဟ်အရှင်မြတ်သည်သာလျှင် မှန်ကန်သော အရှင်ဖြစ်တော်မူ၍ ထိုသူတို့ ဟစ်ခေါ်(တသကိုးကွယ်)ကြသော အရာများမှာမူကား (လုံးဝ)မှားသောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်သာလျှင် အလွန်မြင့်မြတ်တော်မူသောအရှင်၊ အလွန်ကြီးကဲတော်မူသောအရှင်၊ ဖြစ်တော်မူသောကြောင့်လည်းကောင်း၊ ဖြစ်ချေသတည်း။
أَلَمْ تَرَ أَنَّ اللَّهَ أَنْزَلَ مِنَ السَّمَاءِ مَاءً فَتُصْبِحُ الْأَرْضُ مُخْضَرَّةً ۗ إِنَّ اللَّهَ لَطِيفٌ خَبِيرٌ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုးရေကို ရွာသွန်းစေတော်မူခဲ့ရာ ပထဝီမြေမှာ စိမ်းစိမ်းစိုစို ဖြစ်လာသည်ကို အသင်သည် မသိမမြင်လေသလော။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ချစ်ခင်သနားကြင်နာတော်မူသော၊ အလွန်တရာ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ وَإِنَّ اللَّهَ لَهُوَ الْغَنِيُّ الْحَمِيدُ
မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ကမ္ဘာမြေဝယ်ရှိသမျှတို့သည် လည်းကောင်း၊ ထိုအရှင်မြတ်ပိုင်ဆိုင်သော အရာများချည်းသာ ဖြစ်ကုန်၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်သာလျှင် မှီခိုအားထားခြင်း ကင်းမဲ့တော်မူသော၊ ချီးမွမ်းထောပနာကိုခံယူထိုက်တော်မူသော၊အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
أَلَمْ تَرَ أَنَّ اللَّهَ سَخَّرَ لَكُمْ مَا فِي الْأَرْضِ وَالْفُلْكَ تَجْرِي فِي الْبَحْرِ بِأَمْرِهِ وَيُمْسِكُ السَّمَاءَ أَنْ تَقَعَ عَلَى الْأَرْضِ إِلَّا بِإِذْنِهِ ۗ إِنَّ اللَّهَ بِالنَّاسِ لَرَءُوفٌ رَحِيمٌ
အသင်သည် မသိမမြင်လေသလော။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ ပထဝီမြေဝယ်ရှိသည်တို့ကို နိုင်နင်းစေတော်မူခဲ့၏။ (အသုံး၀င်စေတော်မူခဲ့၏)။ ထိုနည်းတူစွာ (ထိုအရှင်မြတ်သည်) သင်္ဘော(စသည်တို့)ကိုလည်း (အသင်တို့အဖို့ နိုင်နင်းစေတော်မူခဲ့၏။) ယင်းသင်္ဘော ထိုအရှင်မြတ်၏ အမိန့်တော်နှင့် သမုဒ္ဒရာပင်လယ်၌ သွားလာလှုပ်ရှားလျက်ရှိပေသည်။ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်ကို ပထဝီမြေပေါ်သို့ ပြိုကျမသွားရန် တားဆီး(ထိန်းသိမ်း)၍ ထားတော်မူသည်။ (သို့ရာတွင် အချိန်တန်၍) မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်သည် လူသားတို့အပေါ်ဝယ် အလွန်နူးညံ့သိမ်မွေ့တော်မူသော၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
وَهُوَ الَّذِي أَحْيَاكُمْ ثُمَّ يُمِيتُكُمْ ثُمَّ يُحْيِيكُمْ ۗ إِنَّ الْإِنْسَانَ لَكَفُورٌ
ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား အသက်ရှင်ခြင်းကို ချီးမြှင့်တော်မူခဲ့သောအရှင် ဖြစ်တော်မူသည်။ တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား အသက်သေစေတော်မူမည်။ ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား အသက်ရှင်စေတော်မူမည်ဖြစ်သည်။ ဧကန်မလွဲ လူသားသည် အလွန်တရာကျေးဇူးကန်သူ အမှန်ပင် ဖြစ်ချေသတည်း။

Choose other languages: