Quran Apps in many lanuages:

Surah Al-Furqan Ayahs #53 Translated in Burmese

لِنُحْيِيَ بِهِ بَلْدَةً مَيْتًا وَنُسْقِيَهُ مِمَّا خَلَقْنَا أَنْعَامًا وَأَنَاسِيَّ كَثِيرًا
(ယင်းကဲ့သို့ ချပေးသနားတော်မူခြင်းမှာ) ငါ အရှင်မြတ်သည် အသက်မရှိသော (ဝါ) သွေ့ခြောက်လျက်ရှိသောမြို့ရွာကို ထိုရေဖြင့် ရှင်စေတော်မူအံ့သောငှာ (ဝါ) စိုပြည်စိမ်းလန်းစေတော်မူအံ့သောငှာ လည်းကောင်း၊ ငါအရှင် ဖန်ဆင်းတော်မူခဲ့သော မြောက်မြားစွာသော ကုလားအုတ်၊ ကျွဲ၊ နွား တိရစ္ဆာန်များနှင့် လူတို့အား ထိုရေကို တိုက်ကျွေးတော်မူအံ့သောငှာ လည်းကောင်း၊ ဖြစ်ပေ၏။
وَلَقَدْ صَرَّفْنَاهُ بَيْنَهُمْ لِيَذَّكَّرُوا فَأَبَىٰ أَكْثَرُ النَّاسِ إِلَّا كُفُورًا
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် ထိုရေကို ၎င်းတို့အကြားဝယ် ဝေငှ၍ ပေးကမ်းတော်မူခဲ့၏။ သို့မှသာလျှင် ၎င်းတို့သည် တရားရရှိ ကြပေမည်။ သို့ပါလျက် ၎င်းတို့အနက် အများဆုံးသော သူတို့မှာမူကား ကျေးဇူးကန်းခဲ့ကြသည် သာတည်း။
وَلَوْ شِئْنَا لَبَعَثْنَا فِي كُلِّ قَرْيَةٍ نَذِيرًا
စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ရွာတိုင်းရွာတိုင်းတွင် သတိပေးနှိုးဆော်သူ တစ်ပါးစီကို လွှတ်တော်မူခဲ့မည်သာ။
فَلَا تُطِعِ الْكَافِرِينَ وَجَاهِدْهُمْ بِهِ جِهَادًا كَبِيرًا
သို့ဖြစ်ပေရာ(အို-နဗီတမန်တော်၊) အသင်သည် ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏စကားကို လိုက်နာခြင်းမပြုဘဲ၊ ဤကုရ်အာန်ကျမ်းတော်မြတ်ဖြင့် ၎င်းတို့အား ကြီးကျယ်ပြင်းထန်စွာ ယှဉ်ပြိုင်ပါလေ။
وَهُوَ الَّذِي مَرَجَ الْبَحْرَيْنِ هَٰذَا عَذْبٌ فُرَاتٌ وَهَٰذَا مِلْحٌ أُجَاجٌ وَجَعَلَ بَيْنَهُمَا بَرْزَخًا وَحِجْرًا مَحْجُورًا
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် ပင်လယ်နှစ်ခုကို ပေါင်းစပ်ပေးတော်မူသောအရှင် ဖြစ်တော်မူပေရာ၊ (ထိုပင်လယ်နှစ်ခုအနက်) ဤတစ်ခုသော ပင်လယ်(ရေ)မှာ ရသာရှိ၍ ချိုမြိန်သော၊ ရေငတ်ပြေစေသော (ရေ)ဖြစ်၏။ သို့ရာတွင် ဤတစ်ခုသောပင်လယ်(ရေ)မှာကား ငန်၍ခါး (သောရေပင်) ဖြစ်ပေသည်။ တစ်ဖန် ထိုအရှင်မြတ်သည် ထိုပင်လယ်နှစ်ခု၏အကြားဝယ် သေးသွယ်သောအဆက်တစ်ခုကို ထားရှိတော်မူခဲ့သည့်ပြင် (တစ်ဘက်�ှရေသည် နောက်တစ်ဘက်မှ ရေနှင့်ရောနှောခြင်းမရှိစေရန် ခိုင်လုံသော) အတားအဆီးတစ်ခုဖြင့် ကာဆီး၍ ထားရှိတော်မူခဲ့၏။

Choose other languages: