Quran Apps in many lanuages:

Surah Al-Furqan Ayahs #56 Translated in Burmese

فَلَا تُطِعِ الْكَافِرِينَ وَجَاهِدْهُمْ بِهِ جِهَادًا كَبِيرًا
သို့ဖြစ်ပေရာ(အို-နဗီတမန်တော်၊) အသင်သည် ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏စကားကို လိုက်နာခြင်းမပြုဘဲ၊ ဤကုရ်အာန်ကျမ်းတော်မြတ်ဖြင့် ၎င်းတို့အား ကြီးကျယ်ပြင်းထန်စွာ ယှဉ်ပြိုင်ပါလေ။
وَهُوَ الَّذِي مَرَجَ الْبَحْرَيْنِ هَٰذَا عَذْبٌ فُرَاتٌ وَهَٰذَا مِلْحٌ أُجَاجٌ وَجَعَلَ بَيْنَهُمَا بَرْزَخًا وَحِجْرًا مَحْجُورًا
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် ပင်လယ်နှစ်ခုကို ပေါင်းစပ်ပေးတော်မူသောအရှင် ဖြစ်တော်မူပေရာ၊ (ထိုပင်လယ်နှစ်ခုအနက်) ဤတစ်ခုသော ပင်လယ်(ရေ)မှာ ရသာရှိ၍ ချိုမြိန်သော၊ ရေငတ်ပြေစေသော (ရေ)ဖြစ်၏။ သို့ရာတွင် ဤတစ်ခုသောပင်လယ်(ရေ)မှာကား ငန်၍ခါး (သောရေပင်) ဖြစ်ပေသည်။ တစ်ဖန် ထိုအရှင်မြတ်သည် ထိုပင်လယ်နှစ်ခု၏အကြားဝယ် သေးသွယ်သောအဆက်တစ်ခုကို ထားရှိတော်မူခဲ့သည့်ပြင် (တစ်ဘက်�ှရေသည် နောက်တစ်ဘက်မှ ရေနှင့်ရောနှောခြင်းမရှိစေရန် ခိုင်လုံသော) အတားအဆီးတစ်ခုဖြင့် ကာဆီး၍ ထားရှိတော်မူခဲ့၏။
وَهُوَ الَّذِي خَلَقَ مِنَ الْمَاءِ بَشَرًا فَجَعَلَهُ نَسَبًا وَصِهْرًا ۗ وَكَانَ رَبُّكَ قَدِيرًا
တစ်ဖန် ထိုအရှင်မြတ်သည်ပင် (ကလလ)ရေ(ကြည်)ဖြင့် လူကိုဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည် ထိုလူကို (သွေးရင်းသားရင်းဖြစ်သော) ဆွေးမျိုးသားချင်း တော်စပ်သူများနှင့်လည်းကောင်း၊ ထိမ်းမြားမှုဖြင့် ဆွေမျိုးတော်စပ်သူများကို လည်းကောင်း၊ ဖြစ် စေတော်မူခဲ့၏။ စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် တန်ခိုးတော်နှင့်ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَيَعْبُدُونَ مِنْ دُونِ اللَّهِ مَا لَا يَنْفَعُهُمْ وَلَا يَضُرُّهُمْ ۗ وَكَانَ الْكَافِرُ عَلَىٰ رَبِّهِ ظَهِيرًا
သို့ရာတွင် ထို(မုရှ်ရစ်က်)တို့မှာမူကား အကြင်အရာများကို အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်ပြိုင်၍ ဆည်းကပ်ကိုးကွယ်ကြကုန်၏။ ထိုအရာများသည် ၎င်းတို့အား အကျိုးဖြစ် ထွန်းစေနိုင်ကြသည်လည်း မဟုတ်ပေ။ ထိုနည်းတူစွာ ၎င်းတို့အား အကျိုးယုတ်စေနိုင်ကြသည်လည်း မဟုတ်ပေ။ စင်စစ် သော်ကား "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်မှ ကျောခိုင်းသူပင် ဖြစ်ပေသည်။
وَمَا أَرْسَلْنَاكَ إِلَّا مُبَشِّرًا وَنَذِيرًا
စင်စစ်သော်ကား (အို-နဗီတမန်တော်၊) ငါ အရှင်မြတ်သည် အသင့်အား သတင်းကောင်း ပြောကြားသူနှင့် သတိပေးနှိုးဆော်သူအဖြစ်သာ စေလွှတ်တော်မူခဲ့၏။

Choose other languages: