Quran Apps in many lanuages:

Surah Al-Furqan Ayahs #52 Translated in Burmese

وَهُوَ الَّذِي أَرْسَلَ الرِّيَاحَ بُشْرًا بَيْنَ يَدَيْ رَحْمَتِهِ ۚ وَأَنْزَلْنَا مِنَ السَّمَاءِ مَاءً طَهُورًا
၎င်းပြင် ထိုအရှင်မြတ်သည်ပင် လေများကို မိမိကရုဏာတော် (ဝါ) မိုးမရွာမီ ရှေ့ပြေးသတင်းကောင်းအဖြစ် စေလွှတ်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် မိုးကောင်းကင်မှ စင်ကြယ်သန့်ရှင်းအောင် ပြုလုပ်သော (မိုး)ရေကို ချပေးသနားတော်မူခဲ့၏။
لِنُحْيِيَ بِهِ بَلْدَةً مَيْتًا وَنُسْقِيَهُ مِمَّا خَلَقْنَا أَنْعَامًا وَأَنَاسِيَّ كَثِيرًا
(ယင်းကဲ့သို့ ချပေးသနားတော်မူခြင်းမှာ) ငါ အရှင်မြတ်သည် အသက်မရှိသော (ဝါ) သွေ့ခြောက်လျက်ရှိသောမြို့ရွာကို ထိုရေဖြင့် ရှင်စေတော်မူအံ့သောငှာ (ဝါ) စိုပြည်စိမ်းလန်းစေတော်မူအံ့သောငှာ လည်းကောင်း၊ ငါအရှင် ဖန်ဆင်းတော်မူခဲ့သော မြောက်မြားစွာသော ကုလားအုတ်၊ ကျွဲ၊ နွား တိရစ္ဆာန်များနှင့် လူတို့အား ထိုရေကို တိုက်ကျွေးတော်မူအံ့သောငှာ လည်းကောင်း၊ ဖြစ်ပေ၏။
وَلَقَدْ صَرَّفْنَاهُ بَيْنَهُمْ لِيَذَّكَّرُوا فَأَبَىٰ أَكْثَرُ النَّاسِ إِلَّا كُفُورًا
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် ထိုရေကို ၎င်းတို့အကြားဝယ် ဝေငှ၍ ပေးကမ်းတော်မူခဲ့၏။ သို့မှသာလျှင် ၎င်းတို့သည် တရားရရှိ ကြပေမည်။ သို့ပါလျက် ၎င်းတို့အနက် အများဆုံးသော သူတို့မှာမူကား ကျေးဇူးကန်းခဲ့ကြသည် သာတည်း။
وَلَوْ شِئْنَا لَبَعَثْنَا فِي كُلِّ قَرْيَةٍ نَذِيرًا
စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ရွာတိုင်းရွာတိုင်းတွင် သတိပေးနှိုးဆော်သူ တစ်ပါးစီကို လွှတ်တော်မူခဲ့မည်သာ။
فَلَا تُطِعِ الْكَافِرِينَ وَجَاهِدْهُمْ بِهِ جِهَادًا كَبِيرًا
သို့ဖြစ်ပေရာ(အို-နဗီတမန်တော်၊) အသင်သည် ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏စကားကို လိုက်နာခြင်းမပြုဘဲ၊ ဤကုရ်အာန်ကျမ်းတော်မြတ်ဖြင့် ၎င်းတို့အား ကြီးကျယ်ပြင်းထန်စွာ ယှဉ်ပြိုင်ပါလေ။

Choose other languages: