Quran Apps in many lanuages:

Surah Al-Furqan Ayahs #54 Translated in Burmese

وَلَقَدْ صَرَّفْنَاهُ بَيْنَهُمْ لِيَذَّكَّرُوا فَأَبَىٰ أَكْثَرُ النَّاسِ إِلَّا كُفُورًا
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် ထိုရေကို ၎င်းတို့အကြားဝယ် ဝေငှ၍ ပေးကမ်းတော်မူခဲ့၏။ သို့မှသာလျှင် ၎င်းတို့သည် တရားရရှိ ကြပေမည်။ သို့ပါလျက် ၎င်းတို့အနက် အများဆုံးသော သူတို့မှာမူကား ကျေးဇူးကန်းခဲ့ကြသည် သာတည်း။
وَلَوْ شِئْنَا لَبَعَثْنَا فِي كُلِّ قَرْيَةٍ نَذِيرًا
စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ရွာတိုင်းရွာတိုင်းတွင် သတိပေးနှိုးဆော်သူ တစ်ပါးစီကို လွှတ်တော်မူခဲ့မည်သာ။
فَلَا تُطِعِ الْكَافِرِينَ وَجَاهِدْهُمْ بِهِ جِهَادًا كَبِيرًا
သို့ဖြစ်ပေရာ(အို-နဗီတမန်တော်၊) အသင်သည် ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏စကားကို လိုက်နာခြင်းမပြုဘဲ၊ ဤကုရ်အာန်ကျမ်းတော်မြတ်ဖြင့် ၎င်းတို့အား ကြီးကျယ်ပြင်းထန်စွာ ယှဉ်ပြိုင်ပါလေ။
وَهُوَ الَّذِي مَرَجَ الْبَحْرَيْنِ هَٰذَا عَذْبٌ فُرَاتٌ وَهَٰذَا مِلْحٌ أُجَاجٌ وَجَعَلَ بَيْنَهُمَا بَرْزَخًا وَحِجْرًا مَحْجُورًا
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် ပင်လယ်နှစ်ခုကို ပေါင်းစပ်ပေးတော်မူသောအရှင် ဖြစ်တော်မူပေရာ၊ (ထိုပင်လယ်နှစ်ခုအနက်) ဤတစ်ခုသော ပင်လယ်(ရေ)မှာ ရသာရှိ၍ ချိုမြိန်သော၊ ရေငတ်ပြေစေသော (ရေ)ဖြစ်၏။ သို့ရာတွင် ဤတစ်ခုသောပင်လယ်(ရေ)မှာကား ငန်၍ခါး (သောရေပင်) ဖြစ်ပေသည်။ တစ်ဖန် ထိုအရှင်မြတ်သည် ထိုပင်လယ်နှစ်ခု၏အကြားဝယ် သေးသွယ်သောအဆက်တစ်ခုကို ထားရှိတော်မူခဲ့သည့်ပြင် (တစ်ဘက်�ှရေသည် နောက်တစ်ဘက်မှ ရေနှင့်ရောနှောခြင်းမရှိစေရန် ခိုင်လုံသော) အတားအဆီးတစ်ခုဖြင့် ကာဆီး၍ ထားရှိတော်မူခဲ့၏။
وَهُوَ الَّذِي خَلَقَ مِنَ الْمَاءِ بَشَرًا فَجَعَلَهُ نَسَبًا وَصِهْرًا ۗ وَكَانَ رَبُّكَ قَدِيرًا
တစ်ဖန် ထိုအရှင်မြတ်သည်ပင် (ကလလ)ရေ(ကြည်)ဖြင့် လူကိုဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည် ထိုလူကို (သွေးရင်းသားရင်းဖြစ်သော) ဆွေးမျိုးသားချင်း တော်စပ်သူများနှင့်လည်းကောင်း၊ ထိမ်းမြားမှုဖြင့် ဆွေမျိုးတော်စပ်သူများကို လည်းကောင်း၊ ဖြစ် စေတော်မူခဲ့၏။ စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် တန်ခိုးတော်နှင့်ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: