Quran Apps in many lanuages:

Surah Al-Furqan Ayahs #25 Translated in Burmese

وَقَالَ الَّذِينَ لَا يَرْجُونَ لِقَاءَنَا لَوْلَا أُنْزِلَ عَلَيْنَا الْمَلَائِكَةُ أَوْ نَرَىٰ رَبَّنَا ۗ لَقَدِ اسْتَكْبَرُوا فِي أَنْفُسِهِمْ وَعَتَوْا عُتُوًّا كَبِيرًا
စင်စစ် ငါအရှင်မြတ်နှင့်တွေ့ဆုံမှုကို မမျှော်လင့်ကြသော (မစိုးရိမ်ကြသော)သူတို့က အဘယ်ကြောင့် "မလာအိကဟ်" ကောင်းကင်တမန်များသည် ကျွန်ုပ်တို့ထံဆင်းသက်၍ မလာကြသနည်း။ သို့တည်းမဟုတ် အဘယ်ကြောင့် ကျွန်ုပ်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို မဖူးမြော်ကြရပါသနည်းဟု ပြောဆိုကြကုန်၏။ ဧကန်မလွဲ ၎င်းတို့သည် မိမိတို့စိတ်ထဲ၌ မိမိတို့ကိုယ်ကို အထင်ကြီးခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် အကြီးအကျယ် ဆိုးသွမ်းခြင်းအားဖြင့် စည်းကမ်းကျူးလွန်ခဲ့ကြကုန်၏။
يَوْمَ يَرَوْنَ الْمَلَائِكَةَ لَا بُشْرَىٰ يَوْمَئِذٍ لِلْمُجْرِمِينَ وَيَقُولُونَ حِجْرًا مَحْجُورًا
အကြင်နေ့တွင် ၎င်းတို့သည် "မလာအိကဟ်" ကောင်းကင်တမန်တို့အား တွေ့မြင်ကြပေမည်။ ထိုနေ့တွင် ပြစ်မှုရှိသူတို့၌ မည်သည့် ဝမ်းမြောက်ခြင်းမျှ မရှိသည့်ပြင်၊ ၎င်းတို့သည် (ကောင်းကင်တမန်တို့နှင့်)ကင်းပါရစေ၊ ကင်းဝေးပါစေ ဟု ပြောဆိုကြပေမည်။
وَقَدِمْنَا إِلَىٰ مَا عَمِلُوا مِنْ عَمَلٍ فَجَعَلْنَاهُ هَبَاءً مَنْثُورًا
ထို့ပြင် ငါအရှင်မြတ်သည် (ထိုနေ့တွင်) ၎င်းတို့ပြုလုပ်ခဲ့ကြသော အပြုအမူများဘက်သို့ လှည့်တော်မူမည်။ ထို့နောက် ငါအရှင်မြတ်သည် ယင်းအပြုအမူများကို ကြဲဖြန့်ထားသော မြူမှုန့်များ ဖြစ်စေတော်မူမည်။
أَصْحَابُ الْجَنَّةِ يَوْمَئِذٍ خَيْرٌ مُسْتَقَرًّا وَأَحْسَنُ مَقِيلًا
ဂျန္နတ်" သုခဘုံသားတို့မှာကား ထိုနေ့တွင် နေရာဌာနအားဖြင့်လည်း၊ အကောင်းဆုံးဖြစ်ကြပေမည်။ နေ့လည်အချိန် �နားယူ အပန်းဖြေသောနေရာ အားဖြင့်လည်း အကောင်းဆုံးပင် ဖြစ်ကြအံ့သတည်း။
وَيَوْمَ تَشَقَّقُ السَّمَاءُ بِالْغَمَامِ وَنُزِّلَ الْمَلَائِكَةُ تَنْزِيلًا
၎င်းပြင် အကြင်နေ့တွင် မိုးကောင်းကင်သည် မိုးတိမ်(ထွက်ပေါ်လာသည့်)အတွက် ပွင့်သွားပေမည်။ မိုးတိမ်နှင့်တကွ အက်ကွဲ၍သွားပေမည်။ ထို့ပြင် "မလာအိကဟ်" ကောင်းကင်တမန်တို့သည် ဆင်းသက်၍ လာကြပေမည်။

Choose other languages: