Quran Apps in many lanuages:

Surah Al-Furqan Ayahs #28 Translated in Burmese

أَصْحَابُ الْجَنَّةِ يَوْمَئِذٍ خَيْرٌ مُسْتَقَرًّا وَأَحْسَنُ مَقِيلًا
ဂျန္နတ်" သုခဘုံသားတို့မှာကား ထိုနေ့တွင် နေရာဌာနအားဖြင့်လည်း၊ အကောင်းဆုံးဖြစ်ကြပေမည်။ နေ့လည်အချိန် �နားယူ အပန်းဖြေသောနေရာ အားဖြင့်လည်း အကောင်းဆုံးပင် ဖြစ်ကြအံ့သတည်း။
وَيَوْمَ تَشَقَّقُ السَّمَاءُ بِالْغَمَامِ وَنُزِّلَ الْمَلَائِكَةُ تَنْزِيلًا
၎င်းပြင် အကြင်နေ့တွင် မိုးကောင်းကင်သည် မိုးတိမ်(ထွက်ပေါ်လာသည့်)အတွက် ပွင့်သွားပေမည်။ မိုးတိမ်နှင့်တကွ အက်ကွဲ၍သွားပေမည်။ ထို့ပြင် "မလာအိကဟ်" ကောင်းကင်တမန်တို့သည် ဆင်းသက်၍ လာကြပေမည်။
الْمُلْكُ يَوْمَئِذٍ الْحَقُّ لِلرَّحْمَٰنِ ۚ وَكَانَ يَوْمًا عَلَى الْكَافِرِينَ عَسِيرًا
ထိုနေ့တွင် စိုးမိုးအုပ်ချုပ်မှု အစစ်အမှန်သည် "ရဟ်မာန်"ကရုဏာတော်ရှင်၌သာ ရှိပေမည်။ စင်စစ် ထိုနေ့သည် "ကာဖိရ်" သွေဖည်ငြင်းပယ်သော သူတို့အဖို့ လွန်စွာ ခက်ခဲသောနေ့ပင်ဖြစ်ချိမ့်မည်။
وَيَوْمَ يَعَضُّ الظَّالِمُ عَلَىٰ يَدَيْهِ يَقُولُ يَا لَيْتَنِي اتَّخَذْتُ مَعَ الرَّسُولِ سَبِيلًا
ထိုမှတစ်ပါး အကြင်နေ့တွင် မတော်မတရား ပြုမူသောသူသည် "ဪ-ငါသည် ရစူလ်တမန်တော်မြတ်နှင့်အတူ တရားလမ်းမှန်ကို လိုက်ခဲ့သော်၊ ကောင်းလေစွ" ဟု ပြောဆိုလျက် မိမိလက်နှစ်ဖက်ကို ကိုက်ပေမည်။
يَا وَيْلَتَىٰ لَيْتَنِي لَمْ أَتَّخِذْ فُلَانًا خَلِيلًا
ဪ-ဖြစ်မှဖြစ်ရလေခြင်း၊ ငါသည် မည်သူမည်ဝါကို အဆွေခင်ပွန်း မပြုခဲ့လျှင် တော်လေစွ။

Choose other languages: