Quran Apps in many lanuages:

Surah Al-Furqan Ayahs #30 Translated in Burmese

الْمُلْكُ يَوْمَئِذٍ الْحَقُّ لِلرَّحْمَٰنِ ۚ وَكَانَ يَوْمًا عَلَى الْكَافِرِينَ عَسِيرًا
ထိုနေ့တွင် စိုးမိုးအုပ်ချုပ်မှု အစစ်အမှန်သည် "ရဟ်မာန်"ကရုဏာတော်ရှင်၌သာ ရှိပေမည်။ စင်စစ် ထိုနေ့သည် "ကာဖိရ်" သွေဖည်ငြင်းပယ်သော သူတို့အဖို့ လွန်စွာ ခက်ခဲသောနေ့ပင်ဖြစ်ချိမ့်မည်။
وَيَوْمَ يَعَضُّ الظَّالِمُ عَلَىٰ يَدَيْهِ يَقُولُ يَا لَيْتَنِي اتَّخَذْتُ مَعَ الرَّسُولِ سَبِيلًا
ထိုမှတစ်ပါး အကြင်နေ့တွင် မတော်မတရား ပြုမူသောသူသည် "ဪ-ငါသည် ရစူလ်တမန်တော်မြတ်နှင့်အတူ တရားလမ်းမှန်ကို လိုက်ခဲ့သော်၊ ကောင်းလေစွ" ဟု ပြောဆိုလျက် မိမိလက်နှစ်ဖက်ကို ကိုက်ပေမည်။
يَا وَيْلَتَىٰ لَيْتَنِي لَمْ أَتَّخِذْ فُلَانًا خَلِيلًا
ဪ-ဖြစ်မှဖြစ်ရလေခြင်း၊ ငါသည် မည်သူမည်ဝါကို အဆွေခင်ပွန်း မပြုခဲ့လျှင် တော်လေစွ။
لَقَدْ أَضَلَّنِي عَنِ الذِّكْرِ بَعْدَ إِذْ جَاءَنِي ۗ وَكَانَ الشَّيْطَانُ لِلْإِنْسَانِ خَذُولًا
မုချဧကန် ၎င်းသည် ကျွန်ုပ်ထံသို့ ဆုံးမဩဝါဒရောက်ရှိလာပြီး နောက်မှပင် ထိုဆုံးမဩဝါဒ(ကိုလိုက်နာခြင်း) မှ လွဲချော်စေခဲ့သည်။ စင်စစ် သော်ကား ရှိုင်တွာန်မိစ္ဆာကောင်သည် လူသားတို့အား စွန့်ပစ်ထားသူပင် ဖြစ်ချေသတည်း။
وَقَالَ الرَّسُولُ يَا رَبِّ إِنَّ قَوْمِي اتَّخَذُوا هَٰذَا الْقُرْآنَ مَهْجُورًا
ထို့ပြင် ရစူလ်တမန်တော်မြတ်က "အို-ကျွန် တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုး၏ အမျိုးသားများသည် ဤကုရ်အာန် ကျမ်းမြတ်တော်ကို စွန့်ပစ်၍ ထားခဲ့ကြပါသည်" ဟု လျှောက်ထားပေမည်။

Choose other languages: