Quran Apps in many lanuages:

Surah Al-Furqan Ayahs #24 Translated in Burmese

وَمَا أَرْسَلْنَا قَبْلَكَ مِنَ الْمُرْسَلِينَ إِلَّا إِنَّهُمْ لَيَأْكُلُونَ الطَّعَامَ وَيَمْشُونَ فِي الْأَسْوَاقِ ۗ وَجَعَلْنَا بَعْضَكُمْ لِبَعْضٍ فِتْنَةً أَتَصْبِرُونَ ۗ وَكَانَ رَبُّكَ بَصِيرًا
စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင့်အလျင် စေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော် အပေါင်းတို့သည်လည်း ဧကန်မလွဲ အစားအစာကို မှီဝဲစားသုံးကြလေ သည်။ ထို့ပြင် ၎င်းတို့သည် ဈေးများတွင်လည်း လှည့်ပတ်သွားလာကြလေသည်။ စင်စစ်မှာမူကား ငါအရှင်မြတ်သည် အသင်တို့အနက် တစ်ဦးကိုတစ်ဦး၏အဖို့ စမ်းသပ်မှုပင် ပြုလုပ်တော်မူခဲ့ပေသည်။ အသင်တို့သည် သည်းခံမှုတရားရှိကြမည်လော။ စင်စစ်သော်ကား အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ကောင်းစွာ ရှုမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَقَالَ الَّذِينَ لَا يَرْجُونَ لِقَاءَنَا لَوْلَا أُنْزِلَ عَلَيْنَا الْمَلَائِكَةُ أَوْ نَرَىٰ رَبَّنَا ۗ لَقَدِ اسْتَكْبَرُوا فِي أَنْفُسِهِمْ وَعَتَوْا عُتُوًّا كَبِيرًا
စင်စစ် ငါအရှင်မြတ်နှင့်တွေ့ဆုံမှုကို မမျှော်လင့်ကြသော (မစိုးရိမ်ကြသော)သူတို့က အဘယ်ကြောင့် "မလာအိကဟ်" ကောင်းကင်တမန်များသည် ကျွန်ုပ်တို့ထံဆင်းသက်၍ မလာကြသနည်း။ သို့တည်းမဟုတ် အဘယ်ကြောင့် ကျွန်ုပ်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို မဖူးမြော်ကြရပါသနည်းဟု ပြောဆိုကြကုန်၏။ ဧကန်မလွဲ ၎င်းတို့သည် မိမိတို့စိတ်ထဲ၌ မိမိတို့ကိုယ်ကို အထင်ကြီးခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် အကြီးအကျယ် ဆိုးသွမ်းခြင်းအားဖြင့် စည်းကမ်းကျူးလွန်ခဲ့ကြကုန်၏။
يَوْمَ يَرَوْنَ الْمَلَائِكَةَ لَا بُشْرَىٰ يَوْمَئِذٍ لِلْمُجْرِمِينَ وَيَقُولُونَ حِجْرًا مَحْجُورًا
အကြင်နေ့တွင် ၎င်းတို့သည် "မလာအိကဟ်" ကောင်းကင်တမန်တို့အား တွေ့မြင်ကြပေမည်။ ထိုနေ့တွင် ပြစ်မှုရှိသူတို့၌ မည်သည့် ဝမ်းမြောက်ခြင်းမျှ မရှိသည့်ပြင်၊ ၎င်းတို့သည် (ကောင်းကင်တမန်တို့နှင့်)ကင်းပါရစေ၊ ကင်းဝေးပါစေ ဟု ပြောဆိုကြပေမည်။
وَقَدِمْنَا إِلَىٰ مَا عَمِلُوا مِنْ عَمَلٍ فَجَعَلْنَاهُ هَبَاءً مَنْثُورًا
ထို့ပြင် ငါအရှင်မြတ်သည် (ထိုနေ့တွင်) ၎င်းတို့ပြုလုပ်ခဲ့ကြသော အပြုအမူများဘက်သို့ လှည့်တော်မူမည်။ ထို့နောက် ငါအရှင်မြတ်သည် ယင်းအပြုအမူများကို ကြဲဖြန့်ထားသော မြူမှုန့်များ ဖြစ်စေတော်မူမည်။
أَصْحَابُ الْجَنَّةِ يَوْمَئِذٍ خَيْرٌ مُسْتَقَرًّا وَأَحْسَنُ مَقِيلًا
ဂျန္နတ်" သုခဘုံသားတို့မှာကား ထိုနေ့တွင် နေရာဌာနအားဖြင့်လည်း၊ အကောင်းဆုံးဖြစ်ကြပေမည်။ နေ့လည်အချိန် �နားယူ အပန်းဖြေသောနေရာ အားဖြင့်လည်း အကောင်းဆုံးပင် ဖြစ်ကြအံ့သတည်း။

Choose other languages: