Quran Apps in many lanuages:

Surah Al-Furqan Ayahs #14 Translated in Burmese

تَبَارَكَ الَّذِي إِنْ شَاءَ جَعَلَ لَكَ خَيْرًا مِنْ ذَٰلِكَ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ وَيَجْعَلْ لَكَ قُصُورًا
အကြင်အရှင်မြတ်သည် ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံတော်မူပေသည်။ အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင့်အား ထို့ထက်ပင်ပို၍ ကောင်းမွန်သော အကြင်ဥယျာဉ်များကို ချီးမြှင့်ပေးသနားတော်မူပေမည်။ ထိုဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိချေ မည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင့်အား ခမ်းနားသိုက်မြိုက်သော အဆောက်အအုံများကိုလည်း ချီးမြှင့်ပေးသနား တော်မူပေမည်။
بَلْ كَذَّبُوا بِالسَّاعَةِ ۖ وَأَعْتَدْنَا لِمَنْ كَذَّبَ بِالسَّاعَةِ سَعِيرًا
ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ၎င်းတို့ သည် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့ကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်၏။ စင်စစ် ငါအရှင်မြတ်သည် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့ကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်သောသူ၏အဖို့ မီးတောက်မီးလျှံကို အဆင်သင့် ပြုလုပ်၍ ထားတော်မူပြီး ဖြစ်သည်။
إِذَا رَأَتْهُمْ مِنْ مَكَانٍ بَعِيدٍ سَمِعُوا لَهَا تَغَيُّظًا وَزَفِيرًا
ယင်း မီးတောက်မီးလျှံသည် ထိုသူတို့အား အဝေးမှ မြင်လေသောအခါ၊ ထိုသူတို့သည် ယင်းမီးတောက်မီးလျှံ၏ ဆူညံခြင်းနှင့် အမျက်ဒေါသ ထွက်ခြင်းကိုလည်းကောင်း၊ မြည်ဟိန်းခြင်းကိုလည်းကောင်း၊ ကြားကြရပေမည်။
وَإِذَا أُلْقُوا مِنْهَا مَكَانًا ضَيِّقًا مُقَرَّنِينَ دَعَوْا هُنَالِكَ ثُبُورًا
ထို့ပြင် ၎င်းတို့သည် ယင်းငရဲ၌ ကျဉ်းမြောင်းသော နေရာတစ်ခုခုတွင် (သံကြိုးများဖြင့်) ခြေလက်တုပ်နှောင်လျက် ပစ်ချခြင်းခံကြရသောအခါ ၎င်းတို့သည် ထိုနေရာ၌ ပျက်စီးခြင်း (မရဏသေခြင်းတရား)ကို ဟစ်ခေါ်ကြပေမည်။
لَا تَدْعُوا الْيَوْمَ ثُبُورًا وَاحِدًا وَادْعُوا ثُبُورًا كَثِيرًا
(ထိုအခါ ၎င်းတို့သည် ဤသို့ပြောကြားခြင်းကို ခံကြရပေမည်။) အသင်တို့သည် ယနေ့ တစ်ခုတည်းသော ပျက်စီးခြင်း (မရဏသေခြင်းတရား)ကို ဟစ်ခေါ်ခြင်း မပြုကြကုန် လင့်။ မြောက်မြားစွာသော ပျက်စီးခြင်း (မရဏသေခြင်းတရား) များကို ဟစ်ခေါ်ကြလေကုန်။

Choose other languages: