Quran Apps in many lanuages:

Surah Al-Baqara Ayah #61 Translated in Burmese

وَإِذْ قُلْتُمْ يَا مُوسَىٰ لَنْ نَصْبِرَ عَلَىٰ طَعَامٍ وَاحِدٍ فَادْعُ لَنَا رَبَّكَ يُخْرِجْ لَنَا مِمَّا تُنْبِتُ الْأَرْضُ مِنْ بَقْلِهَا وَقِثَّائِهَا وَفُومِهَا وَعَدَسِهَا وَبَصَلِهَا ۖ قَالَ أَتَسْتَبْدِلُونَ الَّذِي هُوَ أَدْنَىٰ بِالَّذِي هُوَ خَيْرٌ ۚ اهْبِطُوا مِصْرًا فَإِنَّ لَكُمْ مَا سَأَلْتُمْ ۗ وَضُرِبَتْ عَلَيْهِمُ الذِّلَّةُ وَالْمَسْكَنَةُ وَبَاءُوا بِغَضَبٍ مِنَ اللَّهِ ۗ ذَٰلِكَ بِأَنَّهُمْ كَانُوا يَكْفُرُونَ بِآيَاتِ اللَّهِ وَيَقْتُلُونَ النَّبِيِّينَ بِغَيْرِ الْحَقِّ ۗ ذَٰلِكَ بِمَا عَصَوْا وَكَانُوا يَعْتَدُونَ
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရရှိကြကုန်လော့၊) တရံရော အခါ အသင်တို့သည် [နဗီတမန်တော် မူစာ(အလိုင်ဟစ္စလာမ်)အား] အ�ုနဗီတမန်တော် မူစာ (အလိုင် ဟစ္စလာမ်) ကျွန်တော်များသည်(နေ့စဉ်နှင့်အမျှ မန္န နှင့် စလ်ဝါကိုသာ မှီဝဲစားသုံး နေရခြင်းဖြင့် ငြီးငွေ့ကြပြီဖြစ်ပေရာ) အစားတမျိုးတည်းနှင့် ရောင့်ရဲတင်းတိမ်၍ အလျင်းမနေနိုင် ကြတော့ပြီ၊ သို့ဖြစ်လေရာ ကျွန်တော်များအဖို့ မြေမှပေါက်ရောက်သော (အစားအစာများဖြစ်သော) ဟင်းသီးဟင်းရွက်များ၊ သခွါးသီးများ၊ ဂျုံများ၊ ပဲရာဇာများနှင့် ကြက်သွန်နီများကို ပေါက်ရောက် စေတော်မူပါရန် အသင့်အား မွေးမြူတော်မူသော အရှင့်ထံတော်ဝယ် ဆုတောင်းပန်ထွာ၍ ပေးတော်မူပါဟု ပြောဆိုခဲ့ကြလေသည်။[ထိုအခါ နဗီတမန်တော်(မူစာအလိုင်ဟစ္စလာမ်) က ဟယ်အချင်းတို့] အသင်တို့သည် (ယခုစားသုံး နေကြရသော) အလွန်ကောင်း မြတ်သော(ဘောဇဉ်ခဲဘွယ်) များကို အလွန်တရာမျှ ညံ့ဖျင်းသော အာဟာရမျိုးဖြင့် လဲလှယ်စားသုံးလိုကြ ပါသလော။ (သို့ဖြစ်လျှင်) အသင်တို့ လိုလားတောင့်တကြကုန်သော အစာအာဟာရများကို ရရှိနိုင်ရန် အလို့ငှာ မြို့တစ်မြို့သို့ ဝင်ရောက်နေထိုင်ကြကုန်လော့ဟု မိန့်တော်မူလေသည်။ ထိုကဲ့သို့သော သွေဖည်မှုများကြောင့် ယင်း(အစ္စရာအီလီလူမျိုး) တို့ပေါ်ဝယ် ဂုဏ်ရည်သေးသိမ်ခြင်း နှင့်ဒုက္ခဆင်းရဲခြင်းတို့သည် အတည်ဖြစ်ခဲ့ချေပြီ။ ထို့ပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်စူးရှခြင်းကို ခံစားကြရချေပြီ။ ယင်း(ကဲ့သို့ အပြစ်ဒဏ်အမျိုးမျိုး ခံစား ရခြင်း)၏အကြောင်းမှာ အလ္လာဟ်အရှင်မြတ် ပို့ချပေးသနား တော်မူသော တရားဒေသနာတော် များကို မယုံမကြည် သွေဖည်ငြင်းဆန်လေ့ ရှိခြင်းကြောင့် လည်းကောင်း၊ နဗီတမန်တော်များအား မတရားသဖြင့် (နှိပ်စက်ညှဉ်းပန်း) သတ်ဖြတ်လေ့ရှိခြင်းကြောင့် လည်းကောင်း၊ ဖြစ်ပေသည်။ ယင်းကဲ့သို့ ပြစ်မှုကျူးလွန်ခြင်းများသည် ထိုသူတို့၏ ဖီဆန်ပုန်ကန်ခြင်းနှင့် စည်းကမ်း ဖောက်ဖျက်လေ့ရှိခြင်းများကြောင့် ပင်တည်း။

Choose other languages: