Quran Apps in many lanuages:

Surah Al-Baqara Ayahs #241 Translated in Burmese

وَإِنْ طَلَّقْتُمُوهُنَّ مِنْ قَبْلِ أَنْ تَمَسُّوهُنَّ وَقَدْ فَرَضْتُمْ لَهُنَّ فَرِيضَةً فَنِصْفُ مَا فَرَضْتُمْ إِلَّا أَنْ يَعْفُونَ أَوْ يَعْفُوَ الَّذِي بِيَدِهِ عُقْدَةُ النِّكَاحِ ۚ وَأَنْ تَعْفُوا أَقْرَبُ لِلتَّقْوَىٰ ۚ وَلَا تَنْسَوُا الْفَضْلَ بَيْنَكُمْ ۚ إِنَّ اللَّهَ بِمَا تَعْمَلُونَ بَصِيرٌ
တဖန် အကယ်၍ အသင်တို့သည် ထိုဇနီးမိန်းမ တို့အဘို့ တစ်စုံတစ်ခုသော မဟ်ရ်ပစ္စည်းကို သတ်မှတ်အတည် ပြုခဲ့ပြီးလျှင် ထိုဇနီးမိန်းမတို့အား အသင်တို့မထိတွေ့မီကပင် ကွာရှင်းခဲ့ကြသည်ရှိသော် မိမိတို့သတ်မှတ်ခဲ့သော မဟ်ရ် ပစ္စည်း၏ ထက်ဝက် (ကိုသာပေးဆပ်ကြရမည်) ဖြစ်သည်။ သို့ရာတွင် ထိုဇနီးမိန်းမများသည် (မိမိတို့ရသင့်သော မဟ်ရ် ပစ္စည်းထက် ဝက်ကို) ခွင့်လွှတ်ကြပါမူ (ထိုမဟ်ရ် ပစ္စည်းထက်ဝက်ကိုပင် ပေးဆပ်ရန် လင်ယောက်ျား တို့၌တာဝန်မရှိပေ)၊ သို့တည်း မဟုတ် ထိမ်းမြားခြင်း၏ အနှောင်အဖွဲ့ကို ပိုင်ဆိုင်သော �င် ယောက်ျားက (မိမိ၌ ပေးဆပ်ရန် တာဝန်ရှိသော မဟ်ရ်ပစ္စည်း ထက်ဝက်အပြင် မိမိပြန်လည်သိမ်းပိုက်ထား နိုင်ခွင့်ရှိသော ကျန်ထက်ဝက်ကို ပါ)ခွင့်လွှတ် (၍ မဟ်ရ်ပစ္စည်း အားလုံးကို အကျေအ>ပန်ပေး ဆပ်)ပါမူ(ပေးဆပ်နိုင်ပေသည်)။ အမှန်စင်စစ် အသင်တို့၏ ခွင့်လွှတ်ခြင်းသည် အလ္လာဟ် အရှင်မြတ်အား ကြောက်ရွံ့ခြင်းတည်း ဟူသော တက္ကဝါ တရားနှင့် ပိုမို၍ပင် နီးစပ်လှပေသည်။ ထို့ပြင် အသင်တို့သည် မိမိတို့အချင်းချင်း ကျေးဇူးပြုခြင်းကို မမေ့ မလျော့ကြကုန်လင့်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြု လုပ်သမျှသော ကိစ္စအရပ်ရပ်တို့ကို အကြွင်းမဲ့ သိတော် မူသော အရှင် ဖြစ်တော်မူသတည်း။
حَافِظُوا عَلَى الصَّلَوَاتِ وَالصَّلَاةِ الْوُسْطَىٰ وَقُومُوا لِلَّهِ قَانِتِينَ
အသင်တို့သည် (ယေဘုယျအားဖြင့်) အားလုံး သော ဆွလာတ်ဝတ်ပြုခြင်းတို့ကိုလည်းကောင်း၊ (အထူးသဖြင့်) အလယ်ဖြစ်သော ဆွလာတ် ဝတ်ပြုမှုကိုလည်းကောင်း၊ စောင့်ရှောက်ထိန်းသိမ်း ကြလေကုန်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်ဝယ် ဂါရဝတရားရှေ့ထား၍ ခဝပ်ရိုကျိုးသောသူများ အဖြစ်နှင့်ရပ်ကြကုန်လော့။
فَإِنْ خِفْتُمْ فَرِجَالًا أَوْ رُكْبَانًا ۖ فَإِذَا أَمِنْتُمْ فَاذْكُرُوا اللَّهَ كَمَا عَلَّمَكُمْ مَا لَمْ تَكُونُوا تَعْلَمُونَ
သို့ရာတွင် အကယ်၍ အသင်တို့သည် (ရန်သူတို့ ၏ ဘေးရန်များကို) စိုးရိမ်မကင်း ဖြစ်ကြပါမူ ခြေလျင်ဖြစ်စေ၊ (တစ်စုံတစ်ခုသော အစီးအနင်းကို) စီးနင်းလျက်ဖြစ်စေ၊ (ဖြစ်နိုင်သောနည်းဖြင့် ဆွလာတ်ဝတ်ပြုကြလေကုန်)၊ ထို့နောက် အသင်တို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်း ကြသော အခါဝယ် အသင်တို့အား အသင်တို့ မသိ နားမလည်စဉ်က သင်ကြား ပြသတော်မူသည့် အတိုင်း အသင်တို့သည် ��လ္လာဟ် အရှင် မြတ်ကို အောက်မေ့ တçသ သတိရကြကုန်လော့။
وَالَّذِينَ يُتَوَفَّوْنَ مِنْكُمْ وَيَذَرُونَ أَزْوَاجًا وَصِيَّةً لِأَزْوَاجِهِمْ مَتَاعًا إِلَى الْحَوْلِ غَيْرَ إِخْرَاجٍ ۚ فَإِنْ خَرَجْنَ فَلَا جُنَاحَ عَلَيْكُمْ فِي مَا فَعَلْنَ فِي أَنْفُسِهِنَّ مِنْ مَعْرُوفٍ ۗ وَاللَّهُ عَزِيزٌ حَكِيمٌ
၎င်းပြင် အသင်တို့အနက် ဇနီးမိန်းမများကို ထားရှိခဲ့၍ ကွယ်လွန်သေဆုံးကြသောသူများသည် မိမိတို့၏ ဇနီးမိန်းမများ အတွက် (နေအိမ်မှ) နှင်ထုတ် ခြင်းမပြုစေဘဲ တနှစ်ကာလ ပတ်လုံး (နေထိုင် စားသောက်မှုတို့ကို) အကျိုး ခံစားခွင့်ရှိစေရန်အလို့ငှာ (သေတမ်းစာရေးသား၍) မှာကြား ခဲ့ကြရမည်။ သို့ရာတွင် ထိုဇနီးမိန်းမများသည်(အစ်ဒ္ဒတ်ကာလ ပရိစ္ဆေဒ ကုန်ဆုံးသွားသည့်အခါ နေအိမ်မှ)ထွက်ခွာ သွားပြီး မိမိတို့ ကိုယ်ရေးကိုယ်တာနှင့်ပတ်သက်၍ တင့်တယ် လျောက် ပတ်သော ကိစ္စတရပ်ရပ်ကို ပြုလုပ်ကြပါမူ (အို-အုပ်ထိန်းသူ အပေါင်းတို့) အသင်တို့၌ အပြစ်တစုံတရာ မရှိချေ။ စင်စစ် သော်ကား အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့် နိုင်နင်း လွှမ်းမိုးတော်မူသောအရှင်၊ ထူးကဲသော အမြော် အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသတည်း။
وَلِلْمُطَلَّقَاتِ مَتَاعٌ بِالْمَعْرُوفِ ۖ حَقًّا عَلَى الْمُتَّقِينَ
ထိုနည်းတူစွာ ကွာရှင်းပြီးဖြစ်သော မိန်းမများကို လည်း ဓလေ့ထုံးစံအတိုင်း အကျိုးခံစား စေကြရမည်။ (ဤ သည်ကား)အလ္လာဟ်အရှင်မြတ် ကိုကြောက်ရွံ့သော သူတော်စင် များ (လိုက်နာ ဆောင်ရွက်ရမည့်) တာဝန်တရပ်ဖြစ်ပေသည်။

Choose other languages: