Surah Al-Baqara Ayahs #201 Translated in Burmese
الْحَجُّ أَشْهُرٌ مَعْلُومَاتٌ ۚ فَمَنْ فَرَضَ فِيهِنَّ الْحَجَّ فَلَا رَفَثَ وَلَا فُسُوقَ وَلَا جِدَالَ فِي الْحَجِّ ۗ وَمَا تَفْعَلُوا مِنْ خَيْرٍ يَعْلَمْهُ اللَّهُ ۗ وَتَزَوَّدُوا فَإِنَّ خَيْرَ الزَّادِ التَّقْوَىٰ ۚ وَاتَّقُونِ يَا أُولِي الْأَلْبَابِ
ဟဂျ်ပြုလုပ်ရန်လများကား (အများ) သိရှိပြီး ဖြစ်သော လများပင်ဖြစ်ချေသည်။ သို့ဖြစ်လေရာ အကြင်သူ သည် ထိုလများ၌ ဟဂျ်ပြုလုပ်ရန်စိတ် ပြဋ္ဌာန်းခဲ့ပါလျှင် ထိုသူ သည် ဟဂျ်အတွင်းတွင် (အိဟ်ရာမ် ဝတ်ရုံထားသည် အခါ၌ မေထုန်သံဝါသ ပြုလုပ်ရန်ဝေးစွ) ကာမဂုဏ်နှင့် သက်ဆိုင် သည့် ညစ်ညမ်းသော စကားကိုပင် အလျင်းမသုံးရ၊ မည် သည့် ဆိုးသွမ်းမှုကိုလည်း အလျင်းမပြုရ။ မည်သည့် ငြင်းခုံ ခိုက်ရန် ပွါးမှုကိုလည်း အလျင်းမပြုရ။ အမှန်သော်ကား အလ္လာဟ် အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော မည်သည့် ကောင်းမှုကိုမဆို သိရှိတော်မူလေသည်။ ထိုမှတပါး အသင်တို့ သည်(ဟဂျ်ပြုလုပ်ရန်)ခရီးထွက်ရာ၌)စားနပ်ရိက္ခာ (ခရီးစရိတ်) စသည် များကို (လုံလောက်စွာ) ဆောင်ယူကြ ကုန်လော့။ အမှန်စင်စစ် အမွန်မြတ်ဆုံးသောစားနပ်ရိက္ခာ (ခရီးစရိတ်)မှာ (ဒုစရိုက်မှုတို့မှလည်းကောင်း၊ အကြောင်းမဲ့ လက်ဖြန့်တောင်း ရမ်းစားသုံးခြင်းမှလည်းကောင်း) ကြဉ်ရှောင် ခြင်းပင်တည်း။ သို့အတွက်ကြောင့် အို-ဆင်ခြင်တုံ တရားနှင့်ပြည့်စုံသော နိသမ္မဉာဏ်ရှင်အပေါင်းတို့ အသင်တို့သည် ငါအရှင်မြတ်ကို ကြောက်ရွံ့ရိုသေ ခန့်ညားကြကုန်လော့။
لَيْسَ عَلَيْكُمْ جُنَاحٌ أَنْ تَبْتَغُوا فَضْلًا مِنْ رَبِّكُمْ ۚ فَإِذَا أَفَضْتُمْ مِنْ عَرَفَاتٍ فَاذْكُرُوا اللَّهَ عِنْدَ الْمَشْعَرِ الْحَرَامِ ۖ وَاذْكُرُوهُ كَمَا هَدَاكُمْ وَإِنْ كُنْتُمْ مِنْ قَبْلِهِ لَمِنَ الضَّالِّينَ
(ဟဂျ်အချိန်တွင်) အသင်တို့သည် မိမိတို့အား မွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ အင်တို့အဖို့ သတ် မှတ် (ပြဋ္ဌာန်းထားတော်မူသော) စီးပွားကို ရှာဖွေကြ သည့်အတွက် အသင်တို့အပေါ်၌ တစ်စုံတစ်ရာ အပြစ်မရှိချေ။ တဖန် အသင်တို့သည် အရဖာတ် မှ အစုလိုက် ပြန်လာကြ သောအခါ မရှ်အရိဟရာမ် အနီးအပါး တွင် အလ္လာဟ်အရှင် မြတ်ကို တသကြကုန်။ အသင်တို့သည် ထိုအရှင်က အသင်တို့ ကို ညွှန်ကြားပြသ တော်မူသည့်အတိုင်း ထိုအရှင်မြတ်အား တသကြကုန်။ အမှန်သော်ကား အသင်တို့သည် ယင်းကဲ့သို့ ထိုအရှင်မြတ်က ညွှန်ကြားပြသတော်မမူမီ မုချ မသိလမ်းလွဲသူများ ဖြစ်ခဲ့ကြပေသည်။
ثُمَّ أَفِيضُوا مِنْ حَيْثُ أَفَاضَ النَّاسُ وَاسْتَغْفِرُوا اللَّهَ ۚ إِنَّ اللَّهَ غَفُورٌ رَحِيمٌ
ထို့နောက် လူများအစုလိုက်ပြန်လာကြသော နေရာ (အရဖာတ်) မှ အသင်တို့သည်လည်း (သွားရောက်၍) ပြန်လာကြကုန်လော့။ ထိုမှတပါး အသင်တို့သည် (မိမိတို့ အပြစ်များမှ) လွတ်ငြိမ်း ချမ်းသာခွင့်ရရှိရန်အလို့ငှာ အလ္လာဟ် အရှင်မြတ်၏အထံတော်၌ လျှောက်ထားအသနားခံကြ ကုန် လော့။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူထသော အရှင်၊ အစဉ် သနားကြင်နာ ညှာတာတော် မူထသောအရှင် ဖြစ်တော်မူ လေသတည်း။
فَإِذَا قَضَيْتُمْ مَنَاسِكَكُمْ فَاذْكُرُوا اللَّهَ كَذِكْرِكُمْ آبَاءَكُمْ أَوْ أَشَدَّ ذِكْرًا ۗ فَمِنَ النَّاسِ مَنْ يَقُولُ رَبَّنَا آتِنَا فِي الدُّنْيَا وَمَا لَهُ فِي الْآخِرَةِ مِنْ خَلَاقٍ
ထို့နောက် အသင်တို့သည် (ဟဂျ်နှင့် သက်ဆိုင် သော) မိမိတို့၏ ကျင့်စဉ်ကျင့်ရပ်များကို ဆောင်ရွက်ပြီးကြ သောအခါ၌ (အတိတ်ခေတ်များတွင်) မိမိတို့၏ဘိုးဘေးများကို တ သ ခြင်း ပြုကြသကဲ့သို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ် အား တ သ ကြကုန်။ ဤမျှမက (မိမိတို့၏ဘိုးဘေးများကို တ သ ခြင်းပြုကြသည်ထက်ပင်) ပိုမို၍ (အလ္လာဟ်အရှင်မြတ် အား) အောက်မေ့ တ သကြကုန်။ သို့သော် လူသားတို့အနက် အချို့သည် (အလ္လာဟ်အရှင်မြတ် ထံတော်၌) အို-ကျွန်တော် မျိုးတို့အား မွေးမြူတော်မူ သောရှင်၊ ကျွန်တော်မျိုးတို့အား (ပေးလိုတော်မူသောကောင်းကျိုးများကို) ဤဘဝ၌ပင် (လော လောဆယ်) ပေးသနားတော်မူပါဟူ၍ ဆုပန်ကြကုန်၏။ သို့ဖြစ် ရာ ထိုကဲ့သို့ ဆုပန်သောသူများအဖို့ နောင်တမလွန် ဘဝတွင် (အကျိုးခံစားရန်)တစ်စုံတစ်ရာ ဝေစုဝေပုံရှိမည်မဟုတ်ပေ။
وَمِنْهُمْ مَنْ يَقُولُ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً وَفِي الْآخِرَةِ حَسَنَةً وَقِنَا عَذَابَ النَّارِ
ထို့ပြင်တဝ ယင်းတို့အနက်မှပင် အချို့သော ပုဂ္ဂိုလ်တို့သည် (ပစ္စုပ္ပန်နှင့် တမလွန်ဘဝ နှစ်ဌာနလုံး ၏သုခ ချမ်းသာများကို ရှေးရှုကာ) အို-ကျွန်တော်မျိုး တို့အားမွေးမြူ တော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့ကို ဤပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ နောင် တမလွန်ဘဝ၌လည်းကောင်း၊ (နှစ်ဘဝ လုံး၌ပင်) ကောင်းကျိုး ချမ်းသာမင်္ဂလာများကို ပေးသနားတော် မူပါ။ ငရဲမီး၏ ဘေးဒဏ်မှလည်း ကယ်ဆယ်တော်မူပါဟု ဆုတောင်းပတ္တနာ ပြုကြလေသည်။
Choose other languages:

Albanian

Amharic

Azerbaijani

Bengali

Bosnian

Bulgarian

Burmese

Chinese

Danish

Dutch

English

Farsi

Filipino

French

Fulah

German

Gujarati

Hausa

Hindi

Indonesian

Italian

Japanese

Jawa

Kazakh

Khmer

Korean

Kurdish

Kyrgyz

Malay

Malayalam

Norwegian

Pashto

Persian

Polish

Portuguese

Punjabi

Russian

Sindhi

Sinhalese

Somali

Spanish

Swahili

Swedish

Tajik

Tamil

Tatar

Telugu

Thai

Turkish

Urdu

Uyghur

Uzbek

Vietnamese

Yoruba
