Quran Apps in many lanuages:

Surah Al-Baqara Ayahs #15 Translated in Burmese

وَإِذَا قِيلَ لَهُمْ لَا تُفْسِدُوا فِي الْأَرْضِ قَالُوا إِنَّمَا نَحْنُ مُصْلِحُونَ
ထို(မုစ်လင်(မ်)အသွင်ဆောင်သော) သူများအား အချင်းတို့၊ အသင်တို့သည် ကမ္ဘာ မြေပြင်ပေါ်ဝယ် ပျက်စီးရာ ပျက်စီးကြောင်း အမှုကိစ္စ များကို မပြုလုပ်ကြလင့်ဟု ဩဝါဒစကား ပြောကြား သောအခါ ထိုသူများက ကျွန်ုပ်တို့သည် (အေးချမ်း သာယာအောင်) ပြုလုပ်သူများသာ ဖြစ်ကြပါသည်ဟု တုံ့ပြန် ဖြေဆိုကြလေသည်။
أَلَا إِنَّهُمْ هُمُ الْمُفْسِدُونَ وَلَٰكِنْ لَا يَشْعُرُونَ
(အိုကြားနာသူအပေါင်းတို့) သတိပြုကြကုန်လော့။ ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများသာလျှင်၊ (ကမ္ဘာမြေပြင်၌) ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်သူများ ဖြစ်ကြကုန်၏။ သို့ရာတွင် ထိုသူများသည် (မိမိတို့ ပြုကျင့်လျက်ရှိသော မကောင်းမှုများကိုပင် မကောင်းမှုဟူ၍) မသိနားမလည်ကြချေ။
وَإِذَا قِيلَ لَهُمْ آمِنُوا كَمَا آمَنَ النَّاسُ قَالُوا أَنُؤْمِنُ كَمَا آمَنَ السُّفَهَاءُ ۗ أَلَا إِنَّهُمْ هُمُ السُّفَهَاءُ وَلَٰكِنْ لَا يَعْلَمُونَ
ထို မုစ်လင်(မ်) အသွင်ဆောင်သောသူများအား (အချင်းတို့) အခြား (မုအ်မင် များသည် စေတနာဖြူစင်စွာဖြင့်) သဒ္ဓါတရား ထားကြသကဲ့သို့ အသင်တို့သည်လည်းယုံကြည်ခြင်း သဒ္ဓါတရားထား ရှိကြပါကုန်ဟု ပြောကြားသည့်အခါ၌ ထိုသူတို့က အကျွန်ုပ်တို့သည်လည်း (အသိအလိမ္မာဉာဏ်ပညာ ကင်းမဲ့သော) လူ့ဗာလများ ထားရှိသော ယုံကြည်မှုသဒ္ဓါတရားမျိုး ထားကြရမည်လောဟု ပြန်လည် ပြောဆိုကြ၏။(အို-ကြားနာသူ အပေါင်းတို့) သတိပြုကြကုန်၊ ထိုမုစ်လင်(မ်) အသွင်ဆောင်သူများသာလျှင် မသိမိုက်မဲသော လူ့ဗာလများ ဖြစ်ကြ၏၊ သို့ရာတွင် ထိုသူတို့သည် (မိမိတို့ မိုက်မဲကြောင်းကိုပင်) မသိကြချေ။
وَإِذَا لَقُوا الَّذِينَ آمَنُوا قَالُوا آمَنَّا وَإِذَا خَلَوْا إِلَىٰ شَيَاطِينِهِمْ قَالُوا إِنَّا مَعَكُمْ إِنَّمَا نَحْنُ مُسْتَهْزِئُونَ
မုစ်လင်(မ်) အသွင်ဆောင်သောသူများ သည်မုစ်လင်(မ်) များနှင့် တွေ့ဆုံကြသည့်အခါ ဥပါယ်တံမျဉ်ဖြင့် ယုံကြည်ဟန်ပြု၍ အကျွန်ုပ်တို့သည် (သင်တို့ ယုံကြည်သကဲ့သို့ပင်) ယုံကြည်ကြပါ၏ဟု ပြောဆိုကြ၏။ ထိုသို့ပြောဆိုပြီးသည့်နောက် မိမိတို့၏(အကြီးအမှူးများဖြစ်သော) သူယုတ်များနှင့် ဆိတ်ကွယ်ရာတွင် ထည်းထည်းတွေ့ဆုံကြပြန် သောအခါ အကျွန်ုပ်တို့သည် အသင်တို့ နှင့်အတူ (တသင်းတည်းတဝါဒတည်း) ပင်ဖြစ်ကြပါ၏။ သို့သော် မုချဧကန်အကျွန်ုပ်တို့သည် (ထိုမုစ်လင်(မ်)များအား) သက်သက် ပြက်ရယ် ကျီစယ် ကရော်ကမည် ပြုသူများသာ ဖြစ်ကြပါ၏ ဟုဆိုကြပြန်ကုန်၏။
اللَّهُ يَسْتَهْزِئُ بِهِمْ وَيَمُدُّهُمْ فِي طُغْيَانِهِمْ يَعْمَهُونَ
အလ္လာဟ်အရှင်မြတ်သည်(တုံ့ပြန်သော သဘောဖြင့်) ထို(သူတော်ယောင်ဆောင်သော) သူများအား ပြက်ရယ်ကျီစယ်တော်မူသည်။ ထို့ပြင်တဝ ထိုသူတို့ကို မိမိတို့၏ မောက်မာပလွှားမှု၌ ကာလရှည်လျားစွာ လှံထားတော်မူသည်။ သို့ဖြစ်ရာ ထိုသူတို့သည် မမြင်မကန်း တဝေ့လည်လည် ဖြစ်နေကြသည်။

Choose other languages: