Quran Apps in many lanuages:

Surah Al-Baqara Ayahs #118 Translated in Burmese

وَمَنْ أَظْلَمُ مِمَّنْ مَنَعَ مَسَاجِدَ اللَّهِ أَنْ يُذْكَرَ فِيهَا اسْمُهُ وَسَعَىٰ فِي خَرَابِهَا ۚ أُولَٰئِكَ مَا كَانَ لَهُمْ أَنْ يَدْخُلُوهَا إِلَّا خَائِفِينَ ۚ لَهُمْ فِي الدُّنْيَا خِزْيٌ وَلَهُمْ فِي الْآخِرَةِ عَذَابٌ عَظِيمٌ
ထို့ပြင်တဝ အလ္လာဟ် အရှင်မြတ်၏ ဗလီကျောင်းတော်များ၌ ထိုအရှင်မြတ်၏နာမံတော်ကို ထုတ်ဖော်တသ စီးဖြန်းသရဇ္ဈာယ်ခြင်း၊ ဂုဏ်တော် ချီးမွမ်းခြင်းကို တားဆီးပိတ်ပင် ကန့်ကွက်ကြရုံမျှမက ထိုဗလီကျောင်းတော်များ၏ ပျက်စီးရာပျက်စီးကြောင်းကိုလည်း ကြိုးပမ်းအားထုတ် ကြကုန်သော သူတို့ထက် သာလွန်ဆိုးယုတ်သောသူသည် အဘယ်မှာလျှင် ရှိနိုင်ပါဦးအံ့နည်း၊ (ဗလီကျောင်းတော်များကို ဖျက်ဆီးဘို့ရာဝေးစွ၊) ထိုသူတို့ ကိုယ်တိုင်ပင်လျှင်အလ္လာဟ် အရှင်မြတ်အား ကြောက်ရွံ့ ရိုသေသောစိတ်ဖြင့် ထိုဗလီကျောင်းတော် များတွင်းသို့ ဝင်ရောက်ရာ၏။ ထိုကဲ့သို့ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြသော သူတို့၏အဖို့ရာကား ဤဘဝ၌ပင် ဂုဏ်အသရေဆုတ်ယုတ် ခြင်းဖြစ်သည့်ပြင် နောင်တမလွန်ဘဝ၌လည်း ထိုသူတို့အဘို့ ကြီးလေးသော အပြစ်ဒဏ်(အဆင်သင့်စီမံပြီး) �ှိလေသတည်း။
وَلِلَّهِ الْمَشْرِقُ وَالْمَغْرِبُ ۚ فَأَيْنَمَا تُوَلُّوا فَثَمَّ وَجْهُ اللَّهِ ۚ إِنَّ اللَّهَ وَاسِعٌ عَلِيمٌ
စင်စစ်ဆိုသော် အရှေ့နှင့်အနောက် (အစရှိသော အရပ် ၈ မျက်နှာမျှမက ရှိရှိသမျှသော စကြာဝဠာများကိုပင်) အလ္လာဟ် အရှင်မြတ်က (ဖန်ဆင်းတော်မူလေသည်ဖြစ်ရာ) ထိုအရှင်သည် သာလျှင် စိုးပိုင်တော်မူသော အရှင်တည်း။သို့ဖြစ်လေရာ အသင်တို့သည် (ထိုအရှင်မြတ်ကို ခဝပ်ကိုးကွယ်ရာ၌) မည်သည့်ဘက်သို့မဆို မျက်နှာ ပြုကြပါမူထို(မျက်နှာပြုရာ) ဘက်၌ပင် အလ္လာဟ် အရှင်မြတ်၏ မျက်နှာတော်သည် (အသင်တို့ရှေ့တွင်) ရှိနေတော်မူသည်(ဟု မှတ်ပါလေ၊) (အကြောင်းဟူမူ) ဧကန်မုချ အလ္လာဟ် အရှင်မြတ် သည်(အနန္တတန်ခိုးတော်ရှင် ဖြစ်တော်မူသည့်အတိုင်း) ခပ်သိမ်းကုန်(သော အရပ်ဒိသာ) တို့ကို လွှမ်းခြုံ တော်မူသောအသျှင်၊ အလုံးစုံကို အကြွင်းမဲ့ သိတော် မူသောအရှင် ဖြစ်တော်မူသောကြောင့်တည်း။
وَقَالُوا اتَّخَذَ اللَّهُ وَلَدًا ۗ سُبْحَانَهُ ۖ بَلْ لَهُ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۖ كُلٌّ لَهُ قَانِتُونَ
ထို(ခရစ်ယာန်) တို့သည် အလ္လာဟ် အရှင်မြတ်၌ သားတော်ရှိသည်ဟူ၍ (မဟုတ်မလျား စွပ်စွဲ) ပြောဆိုကြကုန်၏။ (ဤစကားသည် မှားလေစွ၊ အကြောင်းမှာ) အလ္လာဟ် အရှင်မြတ်သည် (ဃရာဝါသ အိမ်ထောင်မှုကိစ္စတို့မှ) လုံးလုံးကင်းစင်တော်မူသော အရှင်တည်း။ စင်စစ်တမူကား မိုးကောင်းကင်နှင့် ပထဝီမြေပြင်၌ ရှိရှိသမျှသော အရာခပ်သိမ်းတို့ကို အလ္လာဟ် အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။ ထိုထိုသော အရာခပ်သိမ်းတို့ သည်လည်း ထိုအရှင်မြတ်၏ အမိန့်တော်ကို နာခံလျက် ရှိကြကုန်၏။
بَدِيعُ السَّمَاوَاتِ وَالْأَرْضِ ۖ وَإِذَا قَضَىٰ أَمْرًا فَإِنَّمَا يَقُولُ لَهُ كُنْ فَيَكُونُ
(ထိုအလ္လာဟ် အရှင်မြတ်သည်) မိုဃ်းကောင်းကင်များနှင့်တကွ ပထဝီမြေပြင်ကို စတင်ပြုပြင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူသည်၊ (ထိုမျှမကသေး) မည်သည့်အခါမဆို ထိုအရှင်မြတ် သည် တစ်စုံတစ်ခုသော အမှုကိစ္စကို ဆုံးဖြတ်စီရင် ပြဋ္ဌာန်းတော်မူလိုပါလျှင် (နတ္ထိတ မရှိရာဘဝမှအတ္ထိတ ရှိရာဘဝသို့) ဖြစ်စေ(ဟူသောအမိန့်တော်) ပေးရုံမျှဖြင့် ထိုအမှုကိစ္စအဝဝတို့သည် (ပြတတေ့ အလိုရှိတော်သူသည့်အတိုင်း တခဏချင်းတွင်ပင်) ဖြစ်ပေါ်လာလေသတည်း။
وَقَالَ الَّذِينَ لَا يَعْلَمُونَ لَوْلَا يُكَلِّمُنَا اللَّهُ أَوْ تَأْتِينَا آيَةٌ ۗ كَذَٰلِكَ قَالَ الَّذِينَ مِنْ قَبْلِهِمْ مِثْلَ قَوْلِهِمْ ۘ تَشَابَهَتْ قُلُوبُهُمْ ۗ قَدْ بَيَّنَّا الْآيَاتِ لِقَوْمٍ يُوقِنُونَ
(အကယ်၍သာ အလ္လာဟ် အရှင်မြတ်သည် ကျွန်ုပ်တို့ကို တရားတော်အတိုင်း လိုက်နာကျင့်စေ လိုပါလျှင်) အဘယ်ကြောင့် ထိုအသျှင်မြတ်သည် ကျွန်ုပ်တို့နှင့် တိုက်ရိုက စကားမပြောကြားပါသနည်း၊ သို့တည်းမဟုတ် ကျွန်ုပ်တို့ထံသို့ (ထင်ရှားပေါ်လွင်သော) သက်သေလက္ခဏာ တစ်စုံတစ်ခုကို မပို့ချပါသနည်းဟု အသိတရား ကင်းမဲ့သောသူများက ပြောဆိုကြကုန်၏။ ထိုနည်းတူစွာ ယင်းသူတို့၏အထက် အဆက်ဆက်က ဖြစ်ခဲ့ဘူးသော ရှေးသူမိုက်တို့ကလည်း ဤသူများပြောဆိုကြသကဲ့သို့ပင် ပြောဆိုခဲ့ကြလေပြီ၊ ယင်းသူတို့အားလုံး၏စိတ်နှလုံးများသည် (အသိအလိမ္မာကင်းမဲ့ရာ၌ လည်းကောင်း၊ မောက်မာပလွှားရာ၌ လည်းကောင်း) ထပ်တူထပ်မျှပင် ဖြစ်ချေသည်။ ဧကန်ဆတ်ဆတ် ငါအရှင်မြတ်သည် ယုံကြည်လိုကြကုန်သော သူတို့အဘို့အရာ (အသင်၏ တမန်တော်ဖြစ်ကြောင်း နှင့်စပ်လျဉ်း၍) မြောက်မြားစွာသော ထောက်ခံချက်သက်သေ လက္ခဏရပ် တို့ကို ရှင်းလင်းထင်ရှားစွာ ဖော်ပြထား တော်မူပြီး ဖြစ်လေသည်။

Choose other languages: