Quran Apps in many lanuages:

Surah Al-Araf Ayahs #85 Translated in Burmese

إِنَّكُمْ لَتَأْتُونَ الرِّجَالَ شَهْوَةً مِنْ دُونِ النِّسَاءِ ۚ بَلْ أَنْتُمْ قَوْمٌ مُسْرِفُونَ
မုချဧကန် အသင်တို့သည် မိန်းမတို့ကိုစွန့်၍[ယောက်ျား များထံ ကာမဂုဏ်ခံစားရန်သွားကြကုန်သည်]။(တစ်နည်း-ယောက်ျားများထံ ကာမဂုဏ်ခံစားရန် သွားကြ ကုန်၏။) ထိုမျှမက အသင်တို့သည် (အရာရာတွင်လည်း အလွန်အမင်း)စည်းကမ်းကျူးလွန်သူများပင် ဖြစ်ကြကုန် သတည်း။
وَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَنْ قَالُوا أَخْرِجُوهُمْ مِنْ قَرْيَتِكُمْ ۖ إِنَّهُمْ أُنَاسٌ يَتَطَهَّرُونَ
ထို(နဗီတမန်တော်လူတ်)၏အမျိုးသားတို့က(မိမိတို့အချင်းချင်း) အသင်တို့သည် ထို(လူတ်နှင့်တကွ မုအ်မင်န် သက်ဝင်ယုံကြည်သူ)တို့ကို မိမိတို့မြို့ရွာမှ နှင်ထုတ်ကြလေကုန်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သန့်ရှင်းစင်ကြယ်ဟန်ဆောင်သူများသာ ဖြစ်ကြကုန်သည်ဟု ပြောဆိုခြင်းမှတစ်ပါး မည်သို့မျှ ဖြေကြားနိုင်ခြင်း မရှိခဲ့ကြပေ။
فَأَنْجَيْنَاهُ وَأَهْلَهُ إِلَّا امْرَأَتَهُ كَانَتْ مِنَ الْغَابِرِينَ
ထို့နောက် ငါအရှင်မြတ်သည်(နဗီတမန်တော်)လူတ်၏ ကြင်ရာမှတစ်ပါး ထိုလူတ်နှင့်တကွ အိမ်သူအိမ်သားတို့ကိုပါ ကယ်ဆယ်တော်မူခဲ့လေသည်။ ထိုကြင်ရာသည် နောက်ကျန်ရစ်သူတို့တွင် အပါအဝင် ဖြစ်ခဲ့ချေသည်။
وَأَمْطَرْنَا عَلَيْهِمْ مَطَرًا ۖ فَانْظُرْ كَيْفَ كَانَ عَاقِبَةُ الْمُجْرِمِينَ
ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌မိုးတစ်မျိုး(ဝါ)ခဲမိုးကို ရွာသွန်းစေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ပြစ်မှုဒုစရိုက်ကျူးလွန်သူတို့၏အကျိုးသည် မည်သို့ဖြစ်ခဲ့သည်ကို အသင်ရှုပါလေ။(ရကူ)
وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًا ۗ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ ۖ قَدْ جَاءَتْكُمْ بَيِّنَةٌ مِنْ رَبِّكُمْ ۖ فَأَوْفُوا الْكَيْلَ وَالْمِيزَانَ وَلَا تَبْخَسُوا النَّاسَ أَشْيَاءَهُمْ وَلَا تُفْسِدُوا فِي الْأَرْضِ بَعْدَ إِصْلَاحِهَا ۚ ذَٰلِكُمْ خَيْرٌ لَكُمْ إِنْ كُنْتُمْ مُؤْمِنِينَ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန်(မြို့သားများထံ)သို့ ၎င်းတို့၏ညီအစ်ကိုသားချင်းဖြစ်သော (နဗီတမန်တော်)ရှုအိုက်ဗ်ကို (စေလွှတ်တော်မူခဲ့လေသည်။)ထို(နဗီတမန်တော်) ရှုအိုက်ဗ်သည် (မိမိတု့ိ အမျိုးသားတို့အားဤသို့)ပြောကြားခဲ့လေ၏။ အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ အသင်တို့ ၌ အလ္လာဟ်အရှင်မြတ်အပြင် အခြားခဝပ်ကိုးကွယ်ရာဟူ၍ အလျင်းမရှိပြီ။ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ထင်ရှားလှစွာသောသက်သေသာဓကသည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် (ခွက်၊ စလယ်၊ တောင်း စသော) ပမာဏအခြင်အတွယ်(များ)ကိုလည်းကောင်း၊ အလေးချိန်(များ)ကိုလည်ကောင်း၊ ချိန်တွယ်ရာတွင် တရားမျှတစွာဖြင့် အပြည့်(ချိန်တွယ်၍) ပေးကြလေကုန်။ ၎င်းပြင် အသင်တို့သည်လူတို့အား ၎င်းတို့၏ဥစ္စာပစ္စည်းများကို မတရားသဖြင့်လျှော့၍ပေးခြင်းကိုလည်း မပြုကြကုန်လင့်။ ထို့ပြင် အသင်တို့သည် ကမ္ဘာမြေပြင် တင့်တယ်ကောင်းမွန်လာပြီးနောက်ထိုကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်းများကို အသင်မပြုလုပ်ကြကုန်လင့်။ ဤသည်ကား အကယ်၍သာ အသင်တို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါလျှင်အသင်တို့အဖို့ အကောင်းဆုံးပင် ဖြစ်ချေသတည်း။

Choose other languages: