Quran Apps in many lanuages:

Surah Al-Araf Ayahs #28 Translated in Burmese

قَالَ اهْبِطُوا بَعْضُكُمْ لِبَعْضٍ عَدُوٌّ ۖ وَلَكُمْ فِي الْأَرْضِ مُسْتَقَرٌّ وَمَتَاعٌ إِلَىٰ حِينٍ
(ထိုအခါ အလ္လာဟ်)အရှင်မြတ်က (ဤသို့) မိန့်ကြားတော်မူလေ၏။ အသင်တို့သည် (ဤ ဂျန္နတ်အမတသုခဘုံမှ) ဆင်းကြလေကုန်။ အသင်တို့အနက် အချို့သည်အချို့၏ရန်သူပင် ဖြစ်ကြပေလိမ့်မည်။ ၎င်းပြင် အသင်တို့အဖို့ပထဝီမြေ၌ (ငါအရှင်မြတ်) သတ်မှတ်တော်မူအပ်သော သက်တမ်းတိုင်အောင် နေရာထိုင်ခင်းနှင့် အကျိုးခံစားခွင့်တို့သည်ရှိပေသတည်း။
قَالَ فِيهَا تَحْيَوْنَ وَفِيهَا تَمُوتُونَ وَمِنْهَا تُخْرَجُونَ
ထိုအရှင်မြတ်က အသင်တို့သည် ထိုပထဝီမြေ၌ အသက်ထင်ရှား နေထိုင်ကြရမည်။ ၎င်းပြင် ပထဝီမြေ၌ပင်သေကြရမည်။ ၎င်းပြင် (ရှင်ပြန်ထ မြောက်မည့်နေ့တွင်လည်း) ထိုပထဝီမြေမှပင် ထွက်ကြရမည်ဟု မိန့်ကြားတော်မူခဲ့လေသတည်း။(ရကူ)
يَا بَنِي آدَمَ قَدْ أَنْزَلْنَا عَلَيْكُمْ لِبَاسًا يُوَارِي سَوْآتِكُمْ وَرِيشًا ۖ وَلِبَاسُ التَّقْوَىٰ ذَٰلِكَ خَيْرٌ ۚ ذَٰلِكَ مِنْ آيَاتِ اللَّهِ لَعَلَّهُمْ يَذَّكَّرُونَ
အို-အာဒမ်၏ သားသမီးအပေါင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့၏အရှက်ကို ဖုံးအုပ်သည့် အဝတ်အစားကိုလည်းကောင်း(အသင်တို့လှပအောင်ဆင်ယင်ရန်)ဝတ်စားတန်ဆာကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့လေသည်။သို့ရာတွင် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ခြင်း၊ ဟီရိဩတ္တပ္ပတရားတည်းဟူသော ဝတ်စားတန်ဆာသည်ကားအမြင့်မြတ်ဆုံးပင်ဖြစ်ပေသည်။ ဤကား ၎င်းတို့လေ့လာမှတ်သား စဉ်းစားဆင်ခြင်နိုင်ကြရန် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာ တစ်ရပ်ပင်တည်း။
يَا بَنِي آدَمَ لَا يَفْتِنَنَّكُمُ الشَّيْطَانُ كَمَا أَخْرَجَ أَبَوَيْكُمْ مِنَ الْجَنَّةِ يَنْزِعُ عَنْهُمَا لِبَاسَهُمَا لِيُرِيَهُمَا سَوْآتِهِمَا ۗ إِنَّهُ يَرَاكُمْ هُوَ وَقَبِيلُهُ مِنْ حَيْثُ لَا تَرَوْنَهُمْ ۗ إِنَّا جَعَلْنَا الشَّيَاطِينَ أَوْلِيَاءَ لِلَّذِينَ لَا يُؤْمِنُونَ
အို-အာဒမ်၏သားသမီးအပေါင်းတို့၊ ရှိုင်တွာန်မိစ္ဆာကောင်သည် အသင်တို့၏မိဘနှစ်ပါး (အာဒမ်နှင့်ဟောင်ဝါတို့)အား ၎င်းတို့နှစ်ဦးသည် ၎င်းတို့အရှက်ကို မြင်နိုင်စေရန်၎င်းတို့(၏ခန္ဓာကိုယ်)မှ ၎င်းတို့၏ အဝတ်အစားများကို ကျွတ်စေလျက် ဂျန္နတ်အမတသုခဘုံမှ ထွက်စေဘိသကဲ့သို့ (ယင်းရှိုင်တွာန် မိစ္ဆာကောင်သည်) အသင်တို့အားလည်း အလွဲသွေးဆောင် ဖြားယောင်းနိုင်ခွင့် မရှိစေရ။ စင်စစ်သော်ကား ယင်းရှိုင်တွာန်မိစ္ဆာကောင် ကိုယ်တိုင်သည်လည်းကောင်း၊ ယင်း၏မျိုးနွယ်တို့သည်လည်းကောင်း၊ အသင်တို့အား၊ အသင်တို့ ၎င်းတို့ကိုမမြင်နိုင်သောနည်းဖြင့် မြင်ကြကုန်၏။ ဧကန်မလွဲ ငါအရှင်မြတ်သည် ရှိုင်တွာန်မိစ္ဆာကောင်တို့ကို အီမာန်သက်ဝင် ယုံကြည်မှုမရှိကြသောသူတို့၏ အဆွေခင်ပွန်းများ ပြုလုပ်တော်မူခဲ့လေသတည်း။(တစ်နည်း)အို-အာဒမ်၏သားသမီးအပေါင်းတို့၊ ရှိုင်တွာန်သည် အသင်တို့၏မိဘနှစ်ပါးတို့အား ၎င်းတို့၏အရှက်ကို ၎င်းတို့အားပြသရန်အတွက် ၎င်းတို့ထံမှ ၎င်းတို့၏ဝတ်စားတန်ဆာကိုချွတ်ကာ ဂျန္နတ်မှထုတ်ခဲ့သကဲ့သို့ အသင်တို့အားသွေးဆောင်ဖြားယောင်းခွင့် မရရှိစေနှင့်။ ဧကန်မုချ ရှိုင်တွာန်နှင့် ၎င်း၏အုပ်စုသည် အသင်တို့အား ၎င်းတို့ကို အသင်တို့မမြင်နိုင်ကြသောနည်းဖြင့်မြင်ကြ၏။ ဧကန်မုချ ငါအရှင်မြတ်သည် ရှိုင်တွာန်များကိုအီမာန်ယုံကြည်မရှိကြသောသူများ၏ အဆွေခင်ပွန်းအဖြစ် လုပ်ထားတော်မူသည်။
وَإِذَا فَعَلُوا فَاحِشَةً قَالُوا وَجَدْنَا عَلَيْهَا آبَاءَنَا وَاللَّهُ أَمَرَنَا بِهَا ۗ قُلْ إِنَّ اللَّهَ لَا يَأْمُرُ بِالْفَحْشَاءِ ۖ أَتَقُولُونَ عَلَى اللَّهِ مَا لَا تَعْلَمُونَ
၎င်းပြင် (မယုံမကြည်သွေဖည်ငြင်းပယ်သော)သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ရာ ကိစ္စတစ်စုံတစ်ရာ ကိုပြုလုပ်ကြသည့်အခါ ကျွန်ုပ်တို့သည် မိမိတို့ ဘိုး၊ ဘေး၊ ဘီ၊ဘင်တို့အား ဤနည်းအတိုင်း(ပြုလုပ်ကြသည်ကို) တွေ့ရှိခဲ့ကြပါသည်ဟူ၍လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်လည်းကျွန်ုပ်တို့အား ဤအတိုင်းအမိန့်ပေးတော်မူခဲ့သည်ဟူ၍လည်းကောင်း၊ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အားဤသို့)ပြောဆိုပါလေ။ (အချင်းတို့) အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ဖွယ်ရာကိစ္စများကို (ပြုလုပ်ရန်) အလျင်းအမိန့်ပေးတော်မမူချေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မသိနားမလည်သ�ာကိစ္စများကို လီဆယ် ပြောဆိုကြသလော။

Choose other languages: