Quran Apps in many lanuages:

Surah Al-Araf Ayahs #31 Translated in Burmese

يَا بَنِي آدَمَ لَا يَفْتِنَنَّكُمُ الشَّيْطَانُ كَمَا أَخْرَجَ أَبَوَيْكُمْ مِنَ الْجَنَّةِ يَنْزِعُ عَنْهُمَا لِبَاسَهُمَا لِيُرِيَهُمَا سَوْآتِهِمَا ۗ إِنَّهُ يَرَاكُمْ هُوَ وَقَبِيلُهُ مِنْ حَيْثُ لَا تَرَوْنَهُمْ ۗ إِنَّا جَعَلْنَا الشَّيَاطِينَ أَوْلِيَاءَ لِلَّذِينَ لَا يُؤْمِنُونَ
အို-အာဒမ်၏သားသမီးအပေါင်းတို့၊ ရှိုင်တွာန်မိစ္ဆာကောင်သည် အသင်တို့၏မိဘနှစ်ပါး (အာဒမ်နှင့်ဟောင်ဝါတို့)အား ၎င်းတို့နှစ်ဦးသည် ၎င်းတို့အရှက်ကို မြင်နိုင်စေရန်၎င်းတို့(၏ခန္ဓာကိုယ်)မှ ၎င်းတို့၏ အဝတ်အစားများကို ကျွတ်စေလျက် ဂျန္နတ်အမတသုခဘုံမှ ထွက်စေဘိသကဲ့သို့ (ယင်းရှိုင်တွာန် မိစ္ဆာကောင်သည်) အသင်တို့အားလည်း အလွဲသွေးဆောင် ဖြားယောင်းနိုင်ခွင့် မရှိစေရ။ စင်စစ်သော်ကား ယင်းရှိုင်တွာန်မိစ္ဆာကောင် ကိုယ်တိုင်သည်လည်းကောင်း၊ ယင်း၏မျိုးနွယ်တို့သည်လည်းကောင်း၊ အသင်တို့အား၊ အသင်တို့ ၎င်းတို့ကိုမမြင်နိုင်သောနည်းဖြင့် မြင်ကြကုန်၏။ ဧကန်မလွဲ ငါအရှင်မြတ်သည် ရှိုင်တွာန်မိစ္ဆာကောင်တို့ကို အီမာန်သက်ဝင် ယုံကြည်မှုမရှိကြသောသူတို့၏ အဆွေခင်ပွန်းများ ပြုလုပ်တော်မူခဲ့လေသတည်း။(တစ်နည်း)အို-အာဒမ်၏သားသမီးအပေါင်းတို့၊ ရှိုင်တွာန်သည် အသင်တို့၏မိဘနှစ်ပါးတို့အား ၎င်းတို့၏အရှက်ကို ၎င်းတို့အားပြသရန်အတွက် ၎င်းတို့ထံမှ ၎င်းတို့၏ဝတ်စားတန်ဆာကိုချွတ်ကာ ဂျန္နတ်မှထုတ်ခဲ့သကဲ့သို့ အသင်တို့အားသွေးဆောင်ဖြားယောင်းခွင့် မရရှိစေနှင့်။ ဧကန်မုချ ရှိုင်တွာန်နှင့် ၎င်း၏အုပ်စုသည် အသင်တို့အား ၎င်းတို့ကို အသင်တို့မမြင်နိုင်ကြသောနည်းဖြင့်မြင်ကြ၏။ ဧကန်မုချ ငါအရှင်မြတ်သည် ရှိုင်တွာန်များကိုအီမာန်ယုံကြည်မရှိကြသောသူများ၏ အဆွေခင်ပွန်းအဖြစ် လုပ်ထားတော်မူသည်။
وَإِذَا فَعَلُوا فَاحِشَةً قَالُوا وَجَدْنَا عَلَيْهَا آبَاءَنَا وَاللَّهُ أَمَرَنَا بِهَا ۗ قُلْ إِنَّ اللَّهَ لَا يَأْمُرُ بِالْفَحْشَاءِ ۖ أَتَقُولُونَ عَلَى اللَّهِ مَا لَا تَعْلَمُونَ
၎င်းပြင် (မယုံမကြည်သွေဖည်ငြင်းပယ်သော)သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ရာ ကိစ္စတစ်စုံတစ်ရာ ကိုပြုလုပ်ကြသည့်အခါ ကျွန်ုပ်တို့သည် မိမိတို့ ဘိုး၊ ဘေး၊ ဘီ၊ဘင်တို့အား ဤနည်းအတိုင်း(ပြုလုပ်ကြသည်ကို) တွေ့ရှိခဲ့ကြပါသည်ဟူ၍လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်လည်းကျွန်ုပ်တို့အား ဤအတိုင်းအမိန့်ပေးတော်မူခဲ့သည်ဟူ၍လည်းကောင်း၊ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အားဤသို့)ပြောဆိုပါလေ။ (အချင်းတို့) အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ဖွယ်ရာကိစ္စများကို (ပြုလုပ်ရန်) အလျင်းအမိန့်ပေးတော်မမူချေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မသိနားမလည်သ�ာကိစ္စများကို လီဆယ် ပြောဆိုကြသလော။
قُلْ أَمَرَ رَبِّي بِالْقِسْطِ ۖ وَأَقِيمُوا وُجُوهَكُمْ عِنْدَ كُلِّ مَسْجِدٍ وَادْعُوهُ مُخْلِصِينَ لَهُ الدِّينَ ۚ كَمَا بَدَأَكُمْ تَعُودُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ ကျွန်ုပ်၏အရှင်မြတ်သည် တရားမျှတရန် အမိန့်ပေးတော် မူခဲ့လေသည်။ ၎င်းပြင် အသင်တို့သည်မိမိတို့မျက်နှာကို စဂျ်ဒဟ် ပျပ်ဝပ်ဦးချတိုင်း တည့်မတ်စွာထားရှိကြလေကုန်။ ထို့ပြင် အသင်တို့သည် ထိုအရှင်အား ထိုအရှင်မြတ်၏ အမိန့်တော်များကို လိုက်နာသူများပီသစွာ ဟစ်ခေါ်ကြလေကုန်။ အသင်တို့သည် ထိုအရှင်မြတ် အသင်တို့အားအစအဦးကနဦးက ဖန်ဆင်းတော်မူဘိသကဲ့သို့ပင် (ထိုအရှင်မတ်အထံတော်သို့ တဖန်ရှင်၍) ပြန်ကြရပေလတ္တံ့။တစ်နည်း။(အို-နဗီ) အသင်သည် (ထိုကာဖိရ်တို့အား) ဤသို့ပြောကြားပါလေ။ (အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ရွံ့ရှာဖွယ်ရာများကိုပြုလုပ်ရန် အလျင်း အမိန့်ပေးတော်မူသည်မဟုတ်။) ကျွန်ုပ်၏အရှင်က အမိန့်ပေးတော်မူသည်မှာ (ဥပမာ)တရားမျှတစွာ ပြုလုပ်ရန်၊ ၎င်းပြင် အသင်တို့သည် စဂျ်ဒဟ်ပျပ်ဝပ်ဦးချတိုင်း၊ မိမိတို့၏မျက်နှာ (ဝါ စိတ်)ကို အလ္လာဟ်အရှင်မြတ်၏ဖက်တော်သို့) တည့်မတ်စွာထားကြကုန်။ ၎င်းပြင်အသင်တို့သည် ထိုအရှင်မြတ်အား ဝတ်ပြုမှုကို ထိုအရှင်မြတ်အဖို့သာလျှင် စိတ်စေတနာဖြူစင်စွာဖြင့် ပြုလုပ်သူများအဖြစ်ဖြင့် ထိုအရှင်မြတ်အား (ဟစ်ခေါ်) ပန်ကြားကြကုန်။ ထိုအရှင်မြတ်က အသင်တို့အား စတင်ဖန်ဆင်းတော်မူသကဲ့သို့ပင် သင်တို့သည် (ထိုအရှင်မြတ်ထံတော်သို့) ပြန်လှည့် ကြရလိမ့်မည်။
فَرِيقًا هَدَىٰ وَفَرِيقًا حَقَّ عَلَيْهِمُ الضَّلَالَةُ ۗ إِنَّهُمُ اتَّخَذُوا الشَّيَاطِينَ أَوْلِيَاءَ مِنْ دُونِ اللَّهِ وَيَحْسَبُونَ أَنَّهُمْ مُهْتَدُونَ
ထိုအရှင်မြတ်သည် လူတစ်စုကို တရားလမ်းမှန်သို့ ရောက်စေတော်မူခဲ့လေသည်။ သို့ရာတွင် လူတစ်စုမှာမူကား လမ်းလွဲခြင်းသည် ၎င်းတို့အပေါ်၌ အတည်ဖြစ်ခဲ့ချေပြီ။အဘယ်ကြောင့်ဆိုသော်၊ 4င်းတို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍’ရှိုင်တွာန်’မိစ္ဆာကောင်တို့ကို မိတ်ဖွဲ့ခဲ့ကြလေသည်။ သို့ရာတွင် ထိုသူတို့သည် မိမိတို့ကိုယ်ကို မိမိတို့ တရားလမ်းမှန်ရရှိကြသူများဟု ထင်မှတ်ကြကုန်သည်။
يَا بَنِي آدَمَ خُذُوا زِينَتَكُمْ عِنْدَ كُلِّ مَسْجِدٍ وَكُلُوا وَاشْرَبُوا وَلَا تُسْرِفُوا ۚ إِنَّهُ لَا يُحِبُّ الْمُسْرِفِينَ
အို-အာဒမ်၏သားသမီးအပေါင်းတို့၊ အသင်တို့သည် ဆွလာတ်ဝတ်ပြုကြသည့်အခါတိုင်းတွင် မိမိတို့၏ ဝတ်စားတန်ဆာကို ဝတ်ဆင်ကြကုန်။ ထို့ပြင် အသင်တို့သည် (စားဖွယ်သောက်ဖွယ်ရာများကို)စားသောက် ကြလေကုန်။ သို့ရာတွင်အသင်တို့သည် (ယင်းစားဖွယ်သောက်ဖွယ်များကို) မဖြုန်းတီးကြကုန်လင့်။ အကြောင်း သော်ကား ထိုအရှင်မြတ်သည် ဖြုန်းတီးသူတို့အား နှစ်သက်တော်မူသည်မဟုတ်ပေ။(ရကူ)

Choose other languages: