Quran Apps in many lanuages:

Surah Al-Araf Ayahs #177 Translated in Burmese

أَوْ تَقُولُوا إِنَّمَا أَشْرَكَ آبَاؤُنَا مِنْ قَبْلُ وَكُنَّا ذُرِّيَّةً مِنْ بَعْدِهِمْ ۖ أَفَتُهْلِكُنَا بِمَا فَعَلَ الْمُبْطِلُونَ
သို့တည်းမဟုတ် အသင်တို့သည် ကျွန်တော်မျိုးတို့၏အဖ၊ ဘိုးဘေးဘီဘင်တို့မှာ ရှေးဦးမဆွကပင်အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် ကိုးကွယ်ခဲ့ကြပါသည်သာတည်း။ ကျွန်တော်မျိုးတို့ မှာမူကား ၎င်းတို့၏နောက်တွင် (၎င်းတို့၏)သားမြေးများသာ ဖြစ်ကြပါသည်။သို့ဖြစ်ရာ အရှင်မြတ်သည် (ရှေးဦးမဆွက) မဟုတ်မမှန် ပြုလုပ်ခဲ့ကြသောသူတို့ကြောင့် ကျွန်တော်မျိုးတို့အား ပျက်စီး စေတော်မူပါမည်လော ဟု ပြောဆိုကြလတ္တံ။
وَكَذَٰلِكَ نُفَصِّلُ الْآيَاتِ وَلَعَلَّهُمْ يَرْجِعُونَ
အမှန်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့(မှန်ကန်သောဒီန်သာသနာဘက်သို့) ပြန်လှည့်ကြရန် အလို့ငှာ သက်သေလက္ခဏာများကို ဤနည်းအတိုင်းပင် ရှင်းလင်းစွာထုတ်ဖော်မိန့်ကြားတော်မူလေသတည်း။
وَاتْلُ عَلَيْهِمْ نَبَأَ الَّذِي آتَيْنَاهُ آيَاتِنَا فَانْسَلَخَ مِنْهَا فَأَتْبَعَهُ الشَّيْطَانُ فَكَانَ مِنَ الْغَاوِينَ
၎င်းပြင် (အို-နဗီတမန်တော်) အသင်သည်ထိုသူတို့ရှေ့ဝယ် အကြင်သူ၏အကြောင်းကို ဖတ်ကြား ပါလေ။ငါအရှင်မြတ်သည် ထိုသူအား မိမိသက်သေလက္ခဏာများ (ဝါ)အမိန့်ပညတ်တော်များ၏ အသိပညာကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ တဖန် ထိုသူသည် ယင်းသက်သေလက္ခဏာများကိုစွန့်၍ ထွက်သွားခဲ့လေသည်။ သို့ဖြစ်ရာ ရှိုင်တွာန် မိစ္ဆာကောင်သည် ၎င်း၏နောက်သို့ လိုက်ပါခဲ့လေသည်။ ထို့နောက်၎င်းသည် လမ်းမှားသူတို့တွင် အပါအဝင် ဖြစ်ခဲ့လေသတည်း။
وَلَوْ شِئْنَا لَرَفَعْنَاهُ بِهَا وَلَٰكِنَّهُ أَخْلَدَ إِلَى الْأَرْضِ وَاتَّبَعَ هَوَاهُ ۚ فَمَثَلُهُ كَمَثَلِ الْكَلْبِ إِنْ تَحْمِلْ عَلَيْهِ يَلْهَثْ أَوْ تَتْرُكْهُ يَلْهَثْ ۚ ذَٰلِكَ مَثَلُ الْقَوْمِ الَّذِينَ كَذَّبُوا بِآيَاتِنَا ۚ فَاقْصُصِ الْقَصَصَ لَعَلَّهُمْ يَتَفَكَّرُونَ
စင်စစ်တမူကား ငါအရှင်မြတ်သည် အကယ်၍သာ အလိုရှိတော်မူခဲ့ပါလျှင် ထိုသူအား ယင်းသက်သေလက္ခဏာများ(နှင့်အညီ လိုက်နာကျင့်သုံး ခြင်းအား)ဖြင့် ဂုဏ်အင်ချီးမြှင့်တော်မူပြီးဖြစ်အံ့။ သို့ရာတွင် ထိုသူအား ကမ္ဘာမြေ(ဝါ)လောကီစည်းစိမ်ဘက်သို့ ယိမ်းညွှတ်၍ပါသွားကာ မိမိစိတ်အလိုဆန္ဒကို လိုက်စားခဲ့လေသည်။ သို့ဖြစ်ပေရာ ၎င်း၏ ဥပမာကား ခွေး၏ဥပမာကဲ့သို့ ဖြစ်ခဲ့လေသည်။ အသင်သည် ထိုခွေးအား အကယ်၍ တိုက်ခိုက်လျှင်လည်း ထိုခွေးသည် မောဟိုက်၍လျှာထုတ်နေမည်။ သို့မဟုတ် အသင်သည် ထိုခွေးအား အကယ်၍ လွှတ်ထားလျှင်လည်း မောဟိုက်၍လျှာထုတ်နေမည် သာဖြစ်ချေသည်။ ဤသည်ကား ငါအရှင်မြတ်၏ သက်သေလက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်သောသူတို့၏ဥပမာပင်။ သို့ဖြစ်ပေရာ အသင်သည် ၎င်းတို့ဆင်ခြင်သုံးသပ်၊ ချင့်ချိန်စဉ်းစားနိုင်ခြင်းငှာ (ဤ)အကြောင်းအတုပတ္တိများကို (ရေလည်အောင်) ပြော၍ပြပါလေ။
سَاءَ مَثَلًا الْقَوْمُ الَّذِينَ كَذَّبُوا بِآيَاتِنَا وَأَنْفُسَهُمْ كَانُوا يَظْلِمُونَ
အကြင်သူတို့၏ ဥပမာကား ဆိုးယုတ်လှပေ၏။ထိုသူတို့သည် ငါအရှင်မြတ်၏ သက်သေ လက္ခဏာတော်များကိုမဟုတ်မမှန်ဟု ငြင်းပယ်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်မိမိ တို့ကိုယ်ကို သာလျှင် မိမိတို့နှိပ်စက်ညှဉ်းပန်းလျက် ရှိခဲ့ကြကုန်၏။

Choose other languages: