Quran Apps in many lanuages:

Surah Al-Araf Ayahs #179 Translated in Burmese

وَاتْلُ عَلَيْهِمْ نَبَأَ الَّذِي آتَيْنَاهُ آيَاتِنَا فَانْسَلَخَ مِنْهَا فَأَتْبَعَهُ الشَّيْطَانُ فَكَانَ مِنَ الْغَاوِينَ
၎င်းပြင် (အို-နဗီတမန်တော်) အသင်သည်ထိုသူတို့ရှေ့ဝယ် အကြင်သူ၏အကြောင်းကို ဖတ်ကြား ပါလေ။ငါအရှင်မြတ်သည် ထိုသူအား မိမိသက်သေလက္ခဏာများ (ဝါ)အမိန့်ပညတ်တော်များ၏ အသိပညာကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ တဖန် ထိုသူသည် ယင်းသက်သေလက္ခဏာများကိုစွန့်၍ ထွက်သွားခဲ့လေသည်။ သို့ဖြစ်ရာ ရှိုင်တွာန် မိစ္ဆာကောင်သည် ၎င်း၏နောက်သို့ လိုက်ပါခဲ့လေသည်။ ထို့နောက်၎င်းသည် လမ်းမှားသူတို့တွင် အပါအဝင် ဖြစ်ခဲ့လေသတည်း။
وَلَوْ شِئْنَا لَرَفَعْنَاهُ بِهَا وَلَٰكِنَّهُ أَخْلَدَ إِلَى الْأَرْضِ وَاتَّبَعَ هَوَاهُ ۚ فَمَثَلُهُ كَمَثَلِ الْكَلْبِ إِنْ تَحْمِلْ عَلَيْهِ يَلْهَثْ أَوْ تَتْرُكْهُ يَلْهَثْ ۚ ذَٰلِكَ مَثَلُ الْقَوْمِ الَّذِينَ كَذَّبُوا بِآيَاتِنَا ۚ فَاقْصُصِ الْقَصَصَ لَعَلَّهُمْ يَتَفَكَّرُونَ
စင်စစ်တမူကား ငါအရှင်မြတ်သည် အကယ်၍သာ အလိုရှိတော်မူခဲ့ပါလျှင် ထိုသူအား ယင်းသက်သေလက္ခဏာများ(နှင့်အညီ လိုက်နာကျင့်သုံး ခြင်းအား)ဖြင့် ဂုဏ်အင်ချီးမြှင့်တော်မူပြီးဖြစ်အံ့။ သို့ရာတွင် ထိုသူအား ကမ္ဘာမြေ(ဝါ)လောကီစည်းစိမ်ဘက်သို့ ယိမ်းညွှတ်၍ပါသွားကာ မိမိစိတ်အလိုဆန္ဒကို လိုက်စားခဲ့လေသည်။ သို့ဖြစ်ပေရာ ၎င်း၏ ဥပမာကား ခွေး၏ဥပမာကဲ့သို့ ဖြစ်ခဲ့လေသည်။ အသင်သည် ထိုခွေးအား အကယ်၍ တိုက်ခိုက်လျှင်လည်း ထိုခွေးသည် မောဟိုက်၍လျှာထုတ်နေမည်။ သို့မဟုတ် အသင်သည် ထိုခွေးအား အကယ်၍ လွှတ်ထားလျှင်လည်း မောဟိုက်၍လျှာထုတ်နေမည် သာဖြစ်ချေသည်။ ဤသည်ကား ငါအရှင်မြတ်၏ သက်သေလက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်သောသူတို့၏ဥပမာပင်။ သို့ဖြစ်ပေရာ အသင်သည် ၎င်းတို့ဆင်ခြင်သုံးသပ်၊ ချင့်ချိန်စဉ်းစားနိုင်ခြင်းငှာ (ဤ)အကြောင်းအတုပတ္တိများကို (ရေလည်အောင်) ပြော၍ပြပါလေ။
سَاءَ مَثَلًا الْقَوْمُ الَّذِينَ كَذَّبُوا بِآيَاتِنَا وَأَنْفُسَهُمْ كَانُوا يَظْلِمُونَ
အကြင်သူတို့၏ ဥပမာကား ဆိုးယုတ်လှပေ၏။ထိုသူတို့သည် ငါအရှင်မြတ်၏ သက်သေ လက္ခဏာတော်များကိုမဟုတ်မမှန်ဟု ငြင်းပယ်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်မိမိ တို့ကိုယ်ကို သာလျှင် မိမိတို့နှိပ်စက်ညှဉ်းပန်းလျက် ရှိခဲ့ကြကုန်၏။
مَنْ يَهْدِ اللَّهُ فَهُوَ الْمُهْتَدِي ۖ وَمَنْ يُضْلِلْ فَأُولَٰئِكَ هُمُ الْخَاسِرُونَ
အကြင်သူအား အလ္လာဟ်အရှင်မြတ်သည်တရားလမ်းမှန်ကို ညွှန်ပြတော်မူအံ့။ ထိုသူသာလျှင် တရားလမ်းမှန်ကိုရရှိသူဖြစ်အံ့။ သို့ရာတွင် အကြင်သူအား ထိုအရှင်မြတ်သည်လမ်း မှားသို့ရောက်စေတော်မူအံ့။ ထို(ကဲ့သို့) သူတို့သည်သာလျှင် နစ်နာဆုံးရှုံးမည့်သူများ ဖြစ်ကြလတ္တံ။
وَلَقَدْ ذَرَأْنَا لِجَهَنَّمَ كَثِيرًا مِنَ الْجِنِّ وَالْإِنْسِ ۖ لَهُمْ قُلُوبٌ لَا يَفْقَهُونَ بِهَا وَلَهُمْ أَعْيُنٌ لَا يُبْصِرُونَ بِهَا وَلَهُمْ آذَانٌ لَا يَسْمَعُونَ بِهَا ۚ أُولَٰئِكَ كَالْأَنْعَامِ بَلْ هُمْ أَضَلُّ ۚ أُولَٰئِكَ هُمُ الْغَافِلُونَ
၎င်းပြင် ငါအရှင်မြတ်သည် ငရဲဘုံအတွက် လူနှင့် ဂျင်န်များအနက် မြောက်မြားစွာသောသူများကို ဖန်ဆင်းပေးထားတော်မူ၏။ ထိုသူတို့၌ စိတ်နှလုံးများကားရှိ၏။ သို့သော် ယင်းစိတ်နှလုံးများဖြင့် ထိုသူတို့သည် (စဉ်စားဆင်ခြင်နားလည်ခြင်း မရှိကြချေ။) ထိုသူတို့၌ စက္ခုအာရုံများကားရှိ၏။သို့သော် ထိုသူတို့သည် ယင်းစက္ခုအာရုံများဖြင့် မမြင်ကြချေ။ထိုသူတို့၌ သောတာရုံများရှိ၏။ သို့သော် ထိုသူတို့သည် ယင်းသောတာရုံများဖြင့် မကြားကြချေ။ ထိုသူများသည် တိရစ္ဆာန်များ�ှင့်တူကြသည်သာမက တိရစ္ဆာန်များထက်ပင် လွန်စွာမိုက်မဲ လမ်းလွဲသူများဖြစ်ကြ၏။ စင်စစ်ထိုသူများသည်(မိမိတို့၏တာဝန် ဝတ္တရားများကို) မေ့လျော့သူများသာ ဖြစ်ကြကုန်သတည်း။

Choose other languages: