Quran Apps in many lanuages:

Surah Al-Ankabut Ayahs #43 Translated in Burmese

وَقَارُونَ وَفِرْعَوْنَ وَهَامَانَ ۖ وَلَقَدْ جَاءَهُمْ مُوسَىٰ بِالْبَيِّنَاتِ فَاسْتَكْبَرُوا فِي الْأَرْضِ وَمَا كَانُوا سَابِقِينَ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) ‘ကာရူန်’အားလည်းကောင်း၊ ‘ဖစ်ရ်အောင်န်’ အားလည်းကောင်း၊’ဟာမာန်’ အားလည်းကောင်း၊ (ဖျက်ဆီးတော်မူခဲ့၏၊) ထိုမှတစ်ပါး မုချဧကန် ‘မူစာ’ သည် ၎င်းတို့ထံ ထင်ရှားစွာသော သက်သေလက္ခဏာတော်များနှင့်တကွ ရောက်ရှိ၍လာခဲ့ပေသည်။သို့ရာတွင် ၎င်းတို့မှာ တိုင်းပြည်၌ မောက်မာဆိုးသွမ်းခဲ့ကြကုန်၏။ အမှန်မှာ ၎င်းတို့သည် (ငါအရှင်မြတ်၏ပြစ်ဒဏ်မှ)လွတ်မြောက် သွားနိုင်ကြသူများ မဖြစ်ခဲ့ကြချေ။
فَكُلًّا أَخَذْنَا بِذَنْبِهِ ۖ فَمِنْهُمْ مَنْ أَرْسَلْنَا عَلَيْهِ حَاصِبًا وَمِنْهُمْ مَنْ أَخَذَتْهُ الصَّيْحَةُ وَمِنْهُمْ مَنْ خَسَفْنَا بِهِ الْأَرْضَ وَمِنْهُمْ مَنْ أَغْرَقْنَا ۚ وَمَا كَانَ اللَّهُ لِيَظْلِمَهُمْ وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (၎င်းတို့အနက်) အသီးသီးအား ၎င်း၏ပြစ်မှုကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့၏။ ငါအရှင်မြတ်သည် ၎င်းတို့အနက် အချို့၏အပေါ်၌ ကျောက်ခဲများပါရှိသော လေပြင်းမုန်တိုင်းကို စေလွှတ်တော်မူခဲ့၏။ ထိုနည်းတူစွာ ၎င်းတို့အနက်အချို့ကို ကျယ်လောင်ပြင်းထန်လှသောအသံသည် ဖမ်းဆီးကွပ်မျက်ခဲ့လေ၏။ ထို့ပြင်၎င်းတို့အနက် အချို့ကို ငါအရှင်မြတ်သည် မြေမျိုစေတော်မူခဲ့၏။ ထိုမှတစ်ပါး ၎င်းတို့အနက် အချို့ကိုမူကား ငါအရှင်မြတ်သည် ရေနစ်စေတော်မူခဲ့၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား မတရားနှိပ်စက်တော်မူခဲ့ သည်မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့သည် မိမိတို့ကိုယ်တိုင် မိမိတို့ကိုယ်ကိုနှိပ်စက် ညှဉ်းပန်းလျက် ရှိခဲ့ကြကုန်သတည်း။
مَثَلُ الَّذِينَ اتَّخَذُوا مِنْ دُونِ اللَّهِ أَوْلِيَاءَ كَمَثَلِ الْعَنْكَبُوتِ اتَّخَذَتْ بَيْتًا ۖ وَإِنَّ أَوْهَنَ الْبُيُوتِ لَبَيْتُ الْعَنْكَبُوتِ ۖ لَوْ كَانُوا يَعْلَمُونَ
အလ္လာဟ်အရှင်မြတ်အားစွန့်၍ အခြားတစ်စုံတစ်ရာကို (မိမိတို့၏) ကိစ္စအဝဝကို ပြီးစီးအောင် ပြုလုပ်ဆောင်ရွက်ပေးသူများဟု ရွေးချယ်ပြုလုပ်ကြ ကုန်သောသူတို့၏ ဥပမာကား၊ ပင့်ကူ၏ဥပမာ အလားတူ၏။ ထိုပင့်ကူမှာ အိမ်တစ်ခုကိုပြုလုပ်၏။ သို့ရာတွင် ဧကန်မလွဲ နုန့်နဲ့ဆုံး(အားအနည်းဆုံး) သောအိမ်မှာ ပင့်ကူ၏အိမ်ပင်ဖြစ်ကြောင်း၊၎င်းတို့ သိရှိကြလျှင် ကောင်းလေစွ။
إِنَّ اللَّهَ يَعْلَمُ مَا يَدْعُونَ مِنْ دُونِهِ مِنْ شَيْءٍ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိမိအားစွန့်၍၊ ၎င်းတို့ ဟစ်ခေါ်လျက်ရှိကြသော မည်သည့်အရာကိုမဆို ကောင်းစွာသိရှိတော်မူ၏။ အမှန်သော်ကား ထိုအရှင်မြတ်သည် တန်ခိုးတော်ဖြင့် လွှမ်းမိုးတော်မူသော၊ ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
وَتِلْكَ الْأَمْثَالُ نَضْرِبُهَا لِلنَّاسِ ۖ وَمَا يَعْقِلُهَا إِلَّا الْعَالِمُونَ
ငါအရှင်မြတ်သည် ဤဥပမာပုံဆောင်ချက်များကို လူတို့၏အကျိုးငှာ ခိုင်းနှိုင်းတော်မူ၏။ သို့ရာတွင် ‘အာလင်မ်’ပညာရှင်တို့သည်သာလျှင် ယင်းဥပမာ ပုံဆောင်ချက်တို့ကိုသိနားလည်ကြကုန်သတည်း။

Choose other languages: