Quran Apps in many lanuages:

Surah Al-Anbiya Ayahs #10 Translated in Burmese

مَا آمَنَتْ قَبْلَهُمْ مِنْ قَرْيَةٍ أَهْلَكْنَاهَا ۖ أَفَهُمْ يُؤْمِنُونَ
၎င်းတို့အလျင် ငါအရှင်မြတ် ပျက်စီးစေတော်မူခဲ့သောမည်သည့်မြို့ရွာ(မှမြို့သူရွာသားများ)မျှပင် (တန်ခိုးများကို တွေ့မြင်ကြပါလျှက်နှင့်ပင်)သက်ဝင် ယုံကြည်ခဲ့ကြသည်မဟုတ်ပေ။ သို့ဖြစ်ပေရာ ဤသူတို့သည် သက်ဝင်ယုံကြည်ကြဦးမည်လော။
وَمَا أَرْسَلْنَا قَبْلَكَ إِلَّا رِجَالًا نُوحِي إِلَيْهِمْ ۖ فَاسْأَلُوا أَهْلَ الذِّكْرِ إِنْ كُنْتُمْ لَا تَعْلَمُونَ
စင်စစ် ငါအရှင်မြတ်သည် အသင့်အလျင်ကလည်း ယောက်ျားများကိုသာလျှင်(ရစူလ်တမန်တော်များအဖြစ်) စေလွှတ်တော်မူခဲ့၏။ ငါအရှင်မြတ်သည် ၎င်းတို့ထံ "ဝဟ်ယ်"အမိန့်တော်ကို ပို့တော်မူလေသည်။ သို့ဖြစ်ပေရာ အကယ်၍အသင်တို့သည် (မိမိကိုယ်တိုင်)မသိကြလျှင် (ရှေး)ကျမ်းဂန်ရရှိသူများအား မေးမြန်း(၍ကြည့်)ကြလေကုန်။
وَمَا جَعَلْنَاهُمْ جَسَدًا لَا يَأْكُلُونَ الطَّعَامَ وَمَا كَانُوا خَالِدِينَ
၎င်းပြင် ငါအရှင်မြတ်သည် ယင်း(ရစူလ်တမန်တော်)တို့အား အစာအဟာရ စား(သောက်)ခြင်း မပြုကြသောခန္ဓာကိုယ်များ(အဖြစ်) ပြုလုပ်(ဖန်ဆင်း) တော်မူခဲ့သည်လည်းမဟုတ်ပေ။ ထို(ရစူလ်တမန်တော်)များသည် (အသက်သေဆုံးခြင်းမရှိဘဲ) အမြဲထာဝရ (အသက်ရှင်)နေသူများလည်းမဖြစ်ခဲ့ကြချေ။
ثُمَّ صَدَقْنَاهُمُ الْوَعْدَ فَأَنْجَيْنَاهُمْ وَمَنْ نَشَاءُ وَأَهْلَكْنَا الْمُسْرِفِينَ
ထို့နောက် ငါအရှင်မြတ်သည် ထို(ရစူလ်တမန်တော်)များအဖို့ (၎င်းတို့နှင့်ထားရှိတော်မူခဲ့သော)ကတိကို တည်စေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ယင်း(ရစူလ်တမန်တော်)များအားလည်းကောင်း၊ မိမိတို့အလိုရှိ တော်မူသောသူတို့အားလည်းကောင်း၊ ကယ်ဆယ်တော်မူခဲ့လေသည်။သို့ရာတွင် ငါအရှင်မြတ်သည် စည်းကမ်းကျူးလွန်သူတို့အားပျက်စီးစေတော်မူခဲ့၏။
لَقَدْ أَنْزَلْنَا إِلَيْكُمْ كِتَابًا فِيهِ ذِكْرُكُمْ ۖ أَفَلَا تَعْقِلُونَ
မလွဲဧကန် ငါအရှင်မြတ်သည် အသင်တို့ထံအကြင်ကဲ့သို့သော ကျမ်းဂန်တစ်စောင်ကို ပေးသနားတော်မူခဲ့ပြီးဖြစ်၏။ ယင်းကျမ်းဂန်တွင် အသင်တို့အား သတိပေး နှိုးဆော်ချက်(များ)ပါရှိ၏။ သို့ပါလျက် အသင်တို့သည် မသိ နားမလည်ကြလေသလော။

Choose other languages: