Quran Apps in many lanuages:

Surah Al-Anbiya Ayahs #9 Translated in Burmese

بَلْ قَالُوا أَضْغَاثُ أَحْلَامٍ بَلِ افْتَرَاهُ بَلْ هُوَ شَاعِرٌ فَلْيَأْتِنَا بِآيَةٍ كَمَا أُرْسِلَ الْأَوَّلُونَ
ထိုသို့မဟုတ်၊ စင်စစ်မှာကား ယင်း(မိစ္ဆာဝါဒီ) တို့က(ဤသို့) ပြောဆိုကြကုန်၏။ (ဤကုရ်အာန်ကျမ်းသည်) ဂယောင်ချောက်ချားမြင်မက်သော အိပ်မက်မျှသာ ဖြစ်သည်။ ထိုမျှမက စင်စစ်မှာကား ယင်း(မုဟမ္မဒ်)သည် ဤ(ကုရ်အာန်ကျမ်းတော်)ကို ကြံဖန်(သီကုံး)ခဲ့သည်။ ထိုမျှသာမက စင်စစ်မူကား ယင်း(မုဟမ္မဒ်)သည် လင်္ကာဆရာတစ်ဦးပင် ဖြစ်ပေသည်။ ထိုသို့မဟုတ်ခဲ့လျှင် ရှေးသူဟောင်းများ (ရစူလ်တမန်တော်အဖြစ်)စေလွှတ်ခြင်း ခံခဲ့ရသကဲ့သို့ပင် ယင်း(မုဟမ္မဒ်)သည်လည်း ကျွန်ုပ်တို့ထံ တန်ခိုးပြာဋိဟာ တစ်စုံတစ်ရာကို ယူလာသင့်၏။
مَا آمَنَتْ قَبْلَهُمْ مِنْ قَرْيَةٍ أَهْلَكْنَاهَا ۖ أَفَهُمْ يُؤْمِنُونَ
၎င်းတို့အလျင် ငါအရှင်မြတ် ပျက်စီးစေတော်မူခဲ့သောမည်သည့်မြို့ရွာ(မှမြို့သူရွာသားများ)မျှပင် (တန်ခိုးများကို တွေ့မြင်ကြပါလျှက်နှင့်ပင်)သက်ဝင် ယုံကြည်ခဲ့ကြသည်မဟုတ်ပေ။ သို့ဖြစ်ပေရာ ဤသူတို့သည် သက်ဝင်ယုံကြည်ကြဦးမည်လော။
وَمَا أَرْسَلْنَا قَبْلَكَ إِلَّا رِجَالًا نُوحِي إِلَيْهِمْ ۖ فَاسْأَلُوا أَهْلَ الذِّكْرِ إِنْ كُنْتُمْ لَا تَعْلَمُونَ
စင်စစ် ငါအရှင်မြတ်သည် အသင့်အလျင်ကလည်း ယောက်ျားများကိုသာလျှင်(ရစူလ်တမန်တော်များအဖြစ်) စေလွှတ်တော်မူခဲ့၏။ ငါအရှင်မြတ်သည် ၎င်းတို့ထံ "ဝဟ်ယ်"အမိန့်တော်ကို ပို့တော်မူလေသည်။ သို့ဖြစ်ပေရာ အကယ်၍အသင်တို့သည် (မိမိကိုယ်တိုင်)မသိကြလျှင် (ရှေး)ကျမ်းဂန်ရရှိသူများအား မေးမြန်း(၍ကြည့်)ကြလေကုန်။
وَمَا جَعَلْنَاهُمْ جَسَدًا لَا يَأْكُلُونَ الطَّعَامَ وَمَا كَانُوا خَالِدِينَ
၎င်းပြင် ငါအရှင်မြတ်သည် ယင်း(ရစူလ်တမန်တော်)တို့အား အစာအဟာရ စား(သောက်)ခြင်း မပြုကြသောခန္ဓာကိုယ်များ(အဖြစ်) ပြုလုပ်(ဖန်ဆင်း) တော်မူခဲ့သည်လည်းမဟုတ်ပေ။ ထို(ရစူလ်တမန်တော်)များသည် (အသက်သေဆုံးခြင်းမရှိဘဲ) အမြဲထာဝရ (အသက်ရှင်)နေသူများလည်းမဖြစ်ခဲ့ကြချေ။
ثُمَّ صَدَقْنَاهُمُ الْوَعْدَ فَأَنْجَيْنَاهُمْ وَمَنْ نَشَاءُ وَأَهْلَكْنَا الْمُسْرِفِينَ
ထို့နောက် ငါအရှင်မြတ်သည် ထို(ရစူလ်တမန်တော်)များအဖို့ (၎င်းတို့နှင့်ထားရှိတော်မူခဲ့သော)ကတိကို တည်စေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ယင်း(ရစူလ်တမန်တော်)များအားလည်းကောင်း၊ မိမိတို့အလိုရှိ တော်မူသောသူတို့အားလည်းကောင်း၊ ကယ်ဆယ်တော်မူခဲ့လေသည်။သို့ရာတွင် ငါအရှင်မြတ်သည် စည်းကမ်းကျူးလွန်သူတို့အားပျက်စီးစေတော်မူခဲ့၏။

Choose other languages: