Quran Apps in many lanuages:

Surah Al-Anbiya Ayahs #12 Translated in Burmese

وَمَا جَعَلْنَاهُمْ جَسَدًا لَا يَأْكُلُونَ الطَّعَامَ وَمَا كَانُوا خَالِدِينَ
၎င်းပြင် ငါအရှင်မြတ်သည် ယင်း(ရစူလ်တမန်တော်)တို့အား အစာအဟာရ စား(သောက်)ခြင်း မပြုကြသောခန္ဓာကိုယ်များ(အဖြစ်) ပြုလုပ်(ဖန်ဆင်း) တော်မူခဲ့သည်လည်းမဟုတ်ပေ။ ထို(ရစူလ်တမန်တော်)များသည် (အသက်သေဆုံးခြင်းမရှိဘဲ) အမြဲထာဝရ (အသက်ရှင်)နေသူများလည်းမဖြစ်ခဲ့ကြချေ။
ثُمَّ صَدَقْنَاهُمُ الْوَعْدَ فَأَنْجَيْنَاهُمْ وَمَنْ نَشَاءُ وَأَهْلَكْنَا الْمُسْرِفِينَ
ထို့နောက် ငါအရှင်မြတ်သည် ထို(ရစူလ်တမန်တော်)များအဖို့ (၎င်းတို့နှင့်ထားရှိတော်မူခဲ့သော)ကတိကို တည်စေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ယင်း(ရစူလ်တမန်တော်)များအားလည်းကောင်း၊ မိမိတို့အလိုရှိ တော်မူသောသူတို့အားလည်းကောင်း၊ ကယ်ဆယ်တော်မူခဲ့လေသည်။သို့ရာတွင် ငါအရှင်မြတ်သည် စည်းကမ်းကျူးလွန်သူတို့အားပျက်စီးစေတော်မူခဲ့၏။
لَقَدْ أَنْزَلْنَا إِلَيْكُمْ كِتَابًا فِيهِ ذِكْرُكُمْ ۖ أَفَلَا تَعْقِلُونَ
မလွဲဧကန် ငါအရှင်မြတ်သည် အသင်တို့ထံအကြင်ကဲ့သို့သော ကျမ်းဂန်တစ်စောင်ကို ပေးသနားတော်မူခဲ့ပြီးဖြစ်၏။ ယင်းကျမ်းဂန်တွင် အသင်တို့အား သတိပေး နှိုးဆော်ချက်(များ)ပါရှိ၏။ သို့ပါလျက် အသင်တို့သည် မသိ နားမလည်ကြလေသလော။
وَكَمْ قَصَمْنَا مِنْ قَرْيَةٍ كَانَتْ ظَالِمَةً وَأَنْشَأْنَا بَعْدَهَا قَوْمًا آخَرِينَ
စင်စစ် ငါအရှင်မြတ်သည် များစွာသောကျူးလွန်လျက်ရှိခဲ့သောမြို့ရွာများကို ပျက်စီးစေတော်မူခဲ့၏။ ၎င်းပြင်ယင်းမြို့ရွာများ(ပျက်စီးသွားပြီး)နောက်တွင် ငါအရှင်မြတ်သည်အခြားသောလူမျိုးများကို ပေါ်ထွန်းစေတော်မူခဲ့၏။
فَلَمَّا أَحَسُّوا بَأْسَنَا إِذَا هُمْ مِنْهَا يَرْكُضُونَ
သို့ဖြစ်ပေရာ ယင်းမြို့ရွာသားတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ် (သက်ရောက်လာသည်) ကို သိမြင်ကြသောအခါ ရုတ်တရက် ၎င်းတို့သည် ယင်းမြို့ရွာများမှ ထွက်ပြေးကြကုန်၏။

Choose other languages: