Quran Apps in many lanuages:

Surah Al-Anbiya Ayahs #15 Translated in Burmese

وَكَمْ قَصَمْنَا مِنْ قَرْيَةٍ كَانَتْ ظَالِمَةً وَأَنْشَأْنَا بَعْدَهَا قَوْمًا آخَرِينَ
စင်စစ် ငါအရှင်မြတ်သည် များစွာသောကျူးလွန်လျက်ရှိခဲ့သောမြို့ရွာများကို ပျက်စီးစေတော်မူခဲ့၏။ ၎င်းပြင်ယင်းမြို့ရွာများ(ပျက်စီးသွားပြီး)နောက်တွင် ငါအရှင်မြတ်သည်အခြားသောလူမျိုးများကို ပေါ်ထွန်းစေတော်မူခဲ့၏။
فَلَمَّا أَحَسُّوا بَأْسَنَا إِذَا هُمْ مِنْهَا يَرْكُضُونَ
သို့ဖြစ်ပေရာ ယင်းမြို့ရွာသားတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ် (သက်ရောက်လာသည်) ကို သိမြင်ကြသောအခါ ရုတ်တရက် ၎င်းတို့သည် ယင်းမြို့ရွာများမှ ထွက်ပြေးကြကုန်၏။
لَا تَرْكُضُوا وَارْجِعُوا إِلَىٰ مَا أُتْرِفْتُمْ فِيهِ وَمَسَاكِنِكُمْ لَعَلَّكُمْ تُسْأَلُونَ
(ထိုအခါ ကောင်းကင်တမန်များက ၄င်းတို့အားပြက်ရယ်သောအားဖြင့်)"အသင်တို့သည် မပြေးကြကုန်လင့်။ အသင်တို့သည် စည်းစိမ်အဖြစ် ချီးမြှင့် ပေးသနားခြင်းခံခဲ့ ကြရသော ဥစ္စာပစ္စည်းများ(ရှိရာ)သို့လည်းကောင်း၊ မိမိတို့နေအိမ်များသို့လည်းကောင်း၊ပြန်ခဲ့ကြလေကုန်။ အသင်တို့သည် မေးမြန်းခြင်း ခံကြရာသည်၊"(ဟုပြောဆိုခဲ့ကြကုန်၏)။
قَالُوا يَا وَيْلَنَا إِنَّا كُنَّا ظَالِمِينَ
(ထိုအခါ) ယင်းမြို့သူရွာသားတို့က "ဪ-ဖြစ်မှ ဖြစ်ရလေခြင်း၊ ဧကန်စင်စစ် ကျွန်ုပ်တို့သည်သာလျှင်မတရားမှုကို ကျူးလွန်သူများဖြစ်ခဲ့ကြ သည်တကား" ဟု ပြောဆို (ညည်းညူမြည်တမ်း)ခဲ့ကြကုန်၏။
فَمَا زَالَتْ تِلْكَ دَعْوَاهُمْ حَتَّىٰ جَعَلْنَاهُمْ حَصِيدًا خَامِدِينَ
၎င်းတို့၏ ထို ဟစ်အော်မြည်တမ်းမှုသည် (ဆက်လက်၍) ရှိမြဲအတိုင်းပင်ရှိနေခဲ့၏။ နောက်ဆုံးတွင် ငါအရှင်မြတ်သည် ၎င်းတို့အား ရိတ်သိမ်းပြီးဖြစ်သော လယ်ယာကိုငြိမ်းသွားသော မီး(ကဲ့သို့) ပြုလုပ်တော်မူခဲ့ပေသတည်း။

Choose other languages: