Quran Apps in many lanuages:

Surah Al-Anbiya Ayahs #4 Translated in Burmese

اقْتَرَبَ لِلنَّاسِ حِسَابُهُمْ وَهُمْ فِي غَفْلَةٍ مُعْرِضُونَ
လူသားတို့အား စစ်ဆေးရန် အချိန်ကာလသည်၎င်းတိုနှင့် နီးကပ်၍လာခဲ့လေပြီ။ အမှန်သော်ကား ၎င်းတို့သည်မျက်နှာလွှဲလျက် ပေါ့ဆမှု၌ပင် ရှိကြသေး၏။
مَا يَأْتِيهِمْ مِنْ ذِكْرٍ مِنْ رَبِّهِمْ مُحْدَثٍ إِلَّا اسْتَمَعُوهُ وَهُمْ يَلْعَبُونَ
၎င်းတို့ထံ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ မည်သည့်သစ်လွင်သော သတိပေးနှိုးဆော်ချက်မဆို ရောက်လတ်သော်၎င်းတို့သည် ယင်းသတိပေး နှိုးဆော်ချက်ကိုပြက်ချော်ပြောင်လှောင်၍သာနားထောင်ကြကုန်၏။
لَاهِيَةً قُلُوبُهُمْ ۗ وَأَسَرُّوا النَّجْوَى الَّذِينَ ظَلَمُوا هَلْ هَٰذَا إِلَّا بَشَرٌ مِثْلُكُمْ ۖ أَفَتَأْتُونَ السِّحْرَ وَأَنْتُمْ تُبْصِرُونَ
၎င်းတို့၏ စိတ်နှလုံးများသည် (ယင်းသတိ ပေးနှိုးဆော်ချက်ကို) ဂရုမမူဘဲ(ရှိကြ၏)။ ၎င်းပြင် (ယင်း)ကျူးလွန်သောသူတို့က ဤသည် အသင်တို့ကဲ့သို့ပင် လူသားတစ်ဦးမျှသာဖြစ်သည်။ သို့ပါလျက် အသင်တို့သည် မိမိတို့ သိမြင်ကြ လျက်၌ပဉ္စလက်(ဆိုင်ရာစကား)ကို (နားထောင်ရန်) လာကြဦးမည်လောဟု လျှို့ဝှက်ဆွေးနွေးကြကုန်၏။
قَالَ رَبِّي يَعْلَمُ الْقَوْلَ فِي السَّمَاءِ وَالْأَرْضِ ۖ وَهُوَ السَّمِيعُ الْعَلِيمُ
(��ဗီတမန်တော်က)ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မိုးကောင်းကင်၌(ရှိသောစကား)ကိုဖြစ်စေ၊ ပထဝီမြေ၌(ရှိသောစကား)ကို ဖြစ်စေ၊ (အလုံးစုံသော)စကားကို သိတော်မူ၏။ စင်စစ် ထိုအရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

Choose other languages: