Quran Apps in many lanuages:

Surah Al-Anaam Ayahs #91 Translated in Burmese

وَمِنْ آبَائِهِمْ وَذُرِّيَّاتِهِمْ وَإِخْوَانِهِمْ ۖ وَاجْتَبَيْنَاهُمْ وَهَدَيْنَاهُمْ إِلَىٰ صِرَاطٍ مُسْتَقِيمٍ
ထိုမျှမကသေးချေ၊ (ငါအရှင်မြတ်သည်) ထို(နဗီတမန်တော်)တို့၏ အဖ၊ ဘေးတို့အနက် အချို့ကိုလည်းကောင်း၊ယင်းတို့၏သား၊ မြေး၊ တို့အနက် အချို့ကိုလည်းကောင်း၊ ယင်းတို့၏ ညီ၊ သား၊ အစ်ကိုတို့အနက် အချို့ကိုလည်းကောင်း၊ (တရားလမ်းမှန်သို့ ပို့ဆောင်တော်မူ ခဲ့လေသည်)။ စင်စစ်သော်ကားငါအရှင်မြတ်သည် ယင်းသူတို့အားရွေးချယ်တော်မူ၍ ဖြောင့်မတ်မှန်ကန်သောတရားလမ်းကို ညွှန်ကြား ပြသတော်မူခဲ့လေသတည်း။
ذَٰلِكَ هُدَى اللَّهِ يَهْدِي بِهِ مَنْ يَشَاءُ مِنْ عِبَادِهِ ۚ وَلَوْ أَشْرَكُوا لَحَبِطَ عَنْهُمْ مَا كَانُوا يَعْمَلُونَ
ဤကား အလ္လာဟ်အရှင်မြတ်၏ တရားဓမ္မတည်း။ ထိုအရှင်မြတ်သည် မိမိကျွန်တို့အနက်မှ အလိုရှိတော်မူသောသူအား ထိုတရားဓမ္မဖြင့် လမ်းမှန်သို့ ပို့ဆောင်တော်မူ၏။သို့ရာတွင် အကယ်၍သာ ထိုတမန်တော်များသည် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ယှဉ်ပြိုင် ကိုးကွယ်ခဲ့ကြပါမူ၊ ၎င်းတို့ ပြုမူခဲ့သမျှ သောကောင်းမှုများသည် ဧကန်မလွဲအချည်းနှီး အလဟဿ ဖြစ်သွားခဲ့ပေမည်။
أُولَٰئِكَ الَّذِينَ آتَيْنَاهُمُ الْكِتَابَ وَالْحُكْمَ وَالنُّبُوَّةَ ۚ فَإِنْ يَكْفُرْ بِهَا هَٰؤُلَاءِ فَقَدْ وَكَّلْنَا بِهَا قَوْمًا لَيْسُوا بِهَا بِكَافِرِينَ
(အထက်တွင်ဖော်ပြပါ) ဤ(တမန်တော်)များသည် အကြင်သူများပင်တည်း။ ငါအရှင်မြတ်သည် ၎င်းတို့အား ကျမ်းဂန်ဓမ္မကိုလည်းကောင်း၊ ဉာဏ်ပညာရပ်တို့ကိုလည်းကောင်း၊ နဗီတမန်တော်အဖြစ်ကုလည်းကောင်း၊ ခြီးမြှင့်ပေးသနားတော်မူခဲ့၏။ သို့ဖြစ်ပေရာ အကယ်၍ ဤသူများသည်ဤသည်တို့ကို ငြင်းပယ်ကြပါမူ မုချစင်စစ် ငါအရှင်မြတ်သည်ဤသည်တို့ကို အကြင်သူတို့အား လွှဲအပ်တော်မူအံ့။ ထိုသူတို့သည် ဤသည်တို့ကို မည် သည့်အခါမျှ ငြင်းပယ်ကြမည့်သူများမဟုတ်ပေ။
أُولَٰئِكَ الَّذِينَ هَدَى اللَّهُ ۖ فَبِهُدَاهُمُ اقْتَدِهْ ۗ قُلْ لَا أَسْأَلُكُمْ عَلَيْهِ أَجْرًا ۖ إِنْ هُوَ إِلَّا ذِكْرَىٰ لِلْعَالَمِينَ
ဤသူများပင် အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူပြီးဖြစ်၏။ သို့ဖြစ်ပေရာ အသင် သည်လည်း ၎င်းတို့၏လမ်းစဉ်ကို လိုက်ပါလေ။ (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အား ဤသို့)ပြောကြားပါလေ။ ငါသည် ဤသည့် (ကုရ်အာန်ကျမ်းလာဒေသနာတော်များကို ဟောကြားခြင်း)နှင့်စပ်လျဉ်း၍ အသင်တို့ထံ တစ်စုံတစ်ရာအခကို တောင်းဆိုသည်မဟုတ်။ ယင်း(ကုရ်အာန်ကျမ်းမြတ်)သည် စကြာဝဠာခပ်သိမ်း(ရှိဝေနေယျအပေါင်း)တို့အဖို့ ဆုံးမဩဝါဒပင်ဖြစ်ချေသတည်း။(ရကူ)
وَمَا قَدَرُوا اللَّهَ حَقَّ قَدْرِهِ إِذْ قَالُوا مَا أَنْزَلَ اللَّهُ عَلَىٰ بَشَرٍ مِنْ شَيْءٍ ۗ قُلْ مَنْ أَنْزَلَ الْكِتَابَ الَّذِي جَاءَ بِهِ مُوسَىٰ نُورًا وَهُدًى لِلنَّاسِ ۖ تَجْعَلُونَهُ قَرَاطِيسَ تُبْدُونَهَا وَتُخْفُونَ كَثِيرًا ۖ وَعُلِّمْتُمْ مَا لَمْ تَعْلَمُوا أَنْتُمْ وَلَا آبَاؤُكُمْ ۖ قُلِ اللَّهُ ۖ ثُمَّ ذَرْهُمْ فِي خَوْضِهِمْ يَلْعَبُونَ
စင်စစ်သော်ကား ၎င်းတို့က ‘အလ္လာဟ်အရှင်မြတ်သည် မည်သည့်လူသား တစ်ဦးတစ်ယောက်၏အပေါ် ၌မျှမည်သည့်တစ်စုံတစ်ရာကိုမျှ ချပေးသနားတော်မူခဲ့သည်မဟုတ်’ဟု ပြောဆိုကြသည့်အခါ၊ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အားသိရန် တာဝန်ရှိသည်နှင့်အညီ နက်နဲစွာမသိခဲ့ ကြချေ။ (အိုနဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)မေးမြန်းပါလေ။ မူစာသည် လူတို့အဖို့ ရောင်ခြည်တော်အဖြစ်လည်းကောင်း၊ တရားဓမ္မအဖြစ်လည်းကောင်း၊ ယူဆောင်လာသောကျမ်းဂန်ကို မည်သူသည် ချပေးခဲ့ ပါသနည်း။ အသင်တို့သည်ထိုကျမ်းဂန်ကို(အဖိုးမတန်သော)စက္ကူများ(ပမာ) ပြုလုပ်ထားကြ၏။ အသင်တို့သည် ထိုစက္ကူများ(၏အချို့အစိတ်အပိုင်း)ကို ထင်ရှားစေကြကုန်၏။ သို့ရာတွင် အသင်တို့သည် များစွာ(သောအစိတ်အပိုင်းတို့)ကိုမူ ထိန်ချန်လျှို့ဝှက်ထားကြလေသည်။ စင်စစ်သော်ကား အသင်တို့သည် (ထိုကျမ်းဂန်အားဖြင့်)အကြင်အရာများကို သင်ကြားပို့ချခြင်း ခံခဲ့ကြရလေသည်။ထိုအရာများကို အသင်တို့ ကိုယ်တိုင်လည်း မသိရှိခဲ့ကြချေ။အသင်တို့ ၏ အဖ ဘိုးဘေးတို့သည်လည်း မသိခဲ့ချေ။ (အိုနဗီတမန်တော်) အသင်သည် (၎င်းတို့အား) အလ္လာဟ်အရှင်မြတ်သည်သာလျှင် (ထိုကျမ်းဂန်ကို ချပေးသနားတော်မူခဲ့သည်)ဟူ၍ ပြောကြားပါလေ။ ထို့နောက် အသင်သည် ယင်းသို့သူတို့အား ၎င်းတို့အကြောင်းမတန်သော ကိစ္စများတွင်ကစားခုန်စား လျက်သာ ပစ်ထားပါလေ။

Choose other languages: