Quran Apps in many lanuages:

Surah Al-Anaam Ayahs #90 Translated in Burmese

وَإِسْمَاعِيلَ وَالْيَسَعَ وَيُونُسَ وَلُوطًا ۚ وَكُلًّا فَضَّلْنَا عَلَى الْعَالَمِينَ
ထိုနည်းတူစွာ(ငါအရှင်မြတ်သည်တမန်တော်)အစ္စမာအီလ်၊ (တမန်တော်)အလ်ယစအ်၊ (တမန်တော်)ယူနွတ်စ်နှင့်(တမန်တော်)လူတွ်တို့အား(လည်း တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခဲ့၏။) ၎င်းပြင် ငါအရှင်မြတ်သည် (ထိုနဗီတမန် တော်)အသီးသီးတို့အား စကြာဝဠာ အပေါင်းတို့ အပေါ်ဝယ်ဂုဏ်ထူးဝိသေသ) ခြီးမြှင့်တော်မူခဲ့လေသတည်း။
وَمِنْ آبَائِهِمْ وَذُرِّيَّاتِهِمْ وَإِخْوَانِهِمْ ۖ وَاجْتَبَيْنَاهُمْ وَهَدَيْنَاهُمْ إِلَىٰ صِرَاطٍ مُسْتَقِيمٍ
ထိုမျှမကသေးချေ၊ (ငါအရှင်မြတ်သည်) ထို(နဗီတမန်တော်)တို့၏ အဖ၊ ဘေးတို့အနက် အချို့ကိုလည်းကောင်း၊ယင်းတို့၏သား၊ မြေး၊ တို့အနက် အချို့ကိုလည်းကောင်း၊ ယင်းတို့၏ ညီ၊ သား၊ အစ်ကိုတို့အနက် အချို့ကိုလည်းကောင်း၊ (တရားလမ်းမှန်သို့ ပို့ဆောင်တော်မူ ခဲ့လေသည်)။ စင်စစ်သော်ကားငါအရှင်မြတ်သည် ယင်းသူတို့အားရွေးချယ်တော်မူ၍ ဖြောင့်မတ်မှန်ကန်သောတရားလမ်းကို ညွှန်ကြား ပြသတော်မူခဲ့လေသတည်း။
ذَٰلِكَ هُدَى اللَّهِ يَهْدِي بِهِ مَنْ يَشَاءُ مِنْ عِبَادِهِ ۚ وَلَوْ أَشْرَكُوا لَحَبِطَ عَنْهُمْ مَا كَانُوا يَعْمَلُونَ
ဤကား အလ္လာဟ်အရှင်မြတ်၏ တရားဓမ္မတည်း။ ထိုအရှင်မြတ်သည် မိမိကျွန်တို့အနက်မှ အလိုရှိတော်မူသောသူအား ထိုတရားဓမ္မဖြင့် လမ်းမှန်သို့ ပို့ဆောင်တော်မူ၏။သို့ရာတွင် အကယ်၍သာ ထိုတမန်တော်များသည် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ယှဉ်ပြိုင် ကိုးကွယ်ခဲ့ကြပါမူ၊ ၎င်းတို့ ပြုမူခဲ့သမျှ သောကောင်းမှုများသည် ဧကန်မလွဲအချည်းနှီး အလဟဿ ဖြစ်သွားခဲ့ပေမည်။
أُولَٰئِكَ الَّذِينَ آتَيْنَاهُمُ الْكِتَابَ وَالْحُكْمَ وَالنُّبُوَّةَ ۚ فَإِنْ يَكْفُرْ بِهَا هَٰؤُلَاءِ فَقَدْ وَكَّلْنَا بِهَا قَوْمًا لَيْسُوا بِهَا بِكَافِرِينَ
(အထက်တွင်ဖော်ပြပါ) ဤ(တမန်တော်)များသည် အကြင်သူများပင်တည်း။ ငါအရှင်မြတ်သည် ၎င်းတို့အား ကျမ်းဂန်ဓမ္မကိုလည်းကောင်း၊ ဉာဏ်ပညာရပ်တို့ကိုလည်းကောင်း၊ နဗီတမန်တော်အဖြစ်ကုလည်းကောင်း၊ ခြီးမြှင့်ပေးသနားတော်မူခဲ့၏။ သို့ဖြစ်ပေရာ အကယ်၍ ဤသူများသည်ဤသည်တို့ကို ငြင်းပယ်ကြပါမူ မုချစင်စစ် ငါအရှင်မြတ်သည်ဤသည်တို့ကို အကြင်သူတို့အား လွှဲအပ်တော်မူအံ့။ ထိုသူတို့သည် ဤသည်တို့ကို မည် သည့်အခါမျှ ငြင်းပယ်ကြမည့်သူများမဟုတ်ပေ။
أُولَٰئِكَ الَّذِينَ هَدَى اللَّهُ ۖ فَبِهُدَاهُمُ اقْتَدِهْ ۗ قُلْ لَا أَسْأَلُكُمْ عَلَيْهِ أَجْرًا ۖ إِنْ هُوَ إِلَّا ذِكْرَىٰ لِلْعَالَمِينَ
ဤသူများပင် အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူပြီးဖြစ်၏။ သို့ဖြစ်ပေရာ အသင် သည်လည်း ၎င်းတို့၏လမ်းစဉ်ကို လိုက်ပါလေ။ (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အား ဤသို့)ပြောကြားပါလေ။ ငါသည် ဤသည့် (ကုရ်အာန်ကျမ်းလာဒေသနာတော်များကို ဟောကြားခြင်း)နှင့်စပ်လျဉ်း၍ အသင်တို့ထံ တစ်စုံတစ်ရာအခကို တောင်းဆိုသည်မဟုတ်။ ယင်း(ကုရ်အာန်ကျမ်းမြတ်)သည် စကြာဝဠာခပ်သိမ်း(ရှိဝေနေယျအပေါင်း)တို့အဖို့ ဆုံးမဩဝါဒပင်ဖြစ်ချေသတည်း။(ရကူ)

Choose other languages: