Quran Apps in many lanuages:

Surah Al-Anaam Ayahs #79 Translated in Burmese

وَكَذَٰلِكَ نُرِي إِبْرَاهِيمَ مَلَكُوتَ السَّمَاوَاتِ وَالْأَرْضِ وَلِيَكُونَ مِنَ الْمُوقِنِينَ
ထိုနည်းတူစွာ ငါအရှင်မြတ်သည် အစ်ဗ်ရာဟီမ်အား လေးနက်စွာ သက်ဝင်ယုံကြည်သောသူတို့တွင် အပါအဝင်ဖြစ်စေခြင်းငှာ၊ ငါအရှင်မြတ်သည် မိုးများနှင့်ကမ္ဘာမြေကို စိုးပိုင်တော်မူကြောင်းကို ပြသတော်မူခဲ့လေသတည်း။
فَلَمَّا جَنَّ عَلَيْهِ اللَّيْلُ رَأَىٰ كَوْكَبًا ۖ قَالَ هَٰذَا رَبِّي ۖ فَلَمَّا أَفَلَ قَالَ لَا أُحِبُّ الْآفِلِينَ
သို့ဖြစ်ပေရာ ညဉ့်(၏အမိုက်မှောင်)သည် ထို(အစ်ဗ်ရာဟီမ်)အား ဖုံးလွှမ်းသောအခါ ထို (တမန်တော်အစ်ဗ်ရာဟီမ်)သည် ကြယ်တစ်လုံးကို တွေ့မြင်လေ၏။ ထိုအခါတမန်တော်အစ်ဗ်ရာဟီမ်က ဤသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဖြစ်တော်မူသည်ဟုဆိုခဲ့၏။ တဖန် ထိုကြယ်ပျောက်ကွယ်သွားသောအခါ (တမန်တော်အစ်ဗ်ရာဟီမ်)က ငါသည်ကွယ်ပျောက်သွားသောအရာများကို မနှစ်သက်ပေဟုပြောကြားခဲ့၏။
فَلَمَّا رَأَى الْقَمَرَ بَازِغًا قَالَ هَٰذَا رَبِّي ۖ فَلَمَّا أَفَلَ قَالَ لَئِنْ لَمْ يَهْدِنِي رَبِّي لَأَكُونَنَّ مِنَ الْقَوْمِ الضَّالِّينَ
တဖန် (တမန်တော်အစ်ဗ်ရာဟီမ်သည်) လ ကိုလင်းဝင်း တောက်ပစွာ တွေ့မြင်သောအခါ ဤသည် ငါ့အားဖန်ဆင်းမွေးမြူသောအရှင် ဖြစ်သည် ဟုပြောဆိုပြန်၏။ သို့ရာတွင် ထို လ သည် ကွယ်ပျောက်သွားခဲ့ လေသောအခါ (တမန်တော်အစ်ဗ်ရာဟီမ်က) အကယ်၍သာ ငါ့အားမွေးမြူတော်မူသောအရှင်မြတ်သည် ငါ့ကို တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခြင်း မရှိခဲ့ပါမူ၊ ကျွန်ုပ်သည် လမ်းမှားသောသူတို့တွင် မုချအပါအဝင်ဖြစ်သွားမည် ဟုပြောကြားခဲ့လေသည်။
فَلَمَّا رَأَى الشَّمْسَ بَازِغَةً قَالَ هَٰذَا رَبِّي هَٰذَا أَكْبَرُ ۖ فَلَمَّا أَفَلَتْ قَالَ يَا قَوْمِ إِنِّي بَرِيءٌ مِمَّا تُشْرِكُونَ
ဂ။ တဖန် (တမန်တော်အစ်ဗ်ရာဟီမ်သည်) သူရိယနေကို ထွန်းလင်းတောက်ပစွာ မြင်လေပြန်သောအခါ (အသင်တို့၏ထင်မြင်ယူဆချက်အရ) ဤသည်သာလျှင် ငါ့အား ဖန်ဆင်းတော်မူသောအရှင် ဤသည်သာလျှင် အကြီးဆုံးဖြစ်သည်ဟု ပြောဆိုခဲ့ပြန်၏။ သို့ရာတွင် ထိုသူရိယနေသည်လည်းကွယ်ပျောက်သွားသောအခါ (တမန်တော် အစ်ဗ်ရဟီမ်က) အိုငါ၏အမျိုးသားအပေါင်းတို့၊ ငါသည် အသင်တို့ တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်လျက်ရှိကြသောအရာများမှ လုံးဝလွတ်ကင်းသည်ဟုပြောကြားခဲ့လေသည်။
إِنِّي وَجَّهْتُ وَجْهِيَ لِلَّذِي فَطَرَ السَّمَاوَاتِ وَالْأَرْضَ حَنِيفًا ۖ وَمَا أَنَا مِنَ الْمُشْرِكِينَ
ဧကန်စင်စစ် ငါသည် မိမိမျက်နှာကို မိုးများနှင့်ကမ္ဘာမြေကို ဖန်ဆင်းတော်မူသောအရှင်မြတ်ဖက်သို့သာလျှင်အာရုံစူးစိုက်လျက် လှည့်ခဲ့လေပြီ။ စင်စစ်သော်ကား ငါသည်(တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်သော သူတို့အနက်မှာ မဟုတ်ပြီ။(တစ်နည်း။)မုချဧကန် ကျွန်ုပ်သည် (အခြားသောလမ်းစဉ်များကိုစွန့်လွှတ်၍) တစ်စိတ်တစ်လတ်တည်း ဖြောင့်မတ်တည်ကြည်သူအဖြစ်ဖြင့် မိမိမျက်နှာကို မိုးကောင်းကင်များနှင့်ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူသော အရှင်မြတ်ဖက်သို့လှည့်ပါပြီ။ ၎င်းပြင် ကျွန်ုပ်သည် မုရှ်ရစ်က်များတွင် အပါအဝင်မဟုတ်ပါ။

Choose other languages: