Quran Apps in many lanuages:

Surah Al-Anaam Ayah #61 Translated in Burmese

وَهُوَ الْقَاهِرُ فَوْقَ عِبَادِهِ ۖ وَيُرْسِلُ عَلَيْكُمْ حَفَظَةً حَتَّىٰ إِذَا جَاءَ أَحَدَكُمُ الْمَوْتُ تَوَفَّتْهُ رُسُلُنَا وَهُمْ لَا يُفَرِّطُونَ
၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် မိမိကျွန်များအပေါ်ဝယ် လွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့ထံ ထိန်းသိမ်းစောင့်ရှောက်သော(မလာအိကဟ် ကောင်းကင်တမန်)များကိုစေလွှတ်တော်မူ၏။ နောက်ဆုံးတွင် အသင်တို့အနက် တစ်ဦးဦးထံ မရဏ သေခြင်းတရားသည် ဆိုက်ရောက်လာ သောအခါ၊ ငါအရှင်မြတ်၏ (မာလာအိကဟ် ကောင်းကင်တမန်)များသည် ထိုသူ(၏အသက်ဇီဝိန်)ကိုရုပ်သိမ်းကြ၏။၎င်းပြင် ထို(မလာအိကဟ်ကောင်းကင်တမန်)တို့သည် (ငါအရှင်မြတ်၏ အမိန့်တော်များကို လိုက်နာဆောင်ရွက်ရာတွင်အနည်းငယ်စိုးစဉ်းမျှ) ပေါ့လျော့ကြသည်မရှိချေ။

Choose other languages: