Quran Apps in many lanuages:

Surah Al-Anaam Ayahs #50 Translated in Burmese

قُلْ أَرَأَيْتُمْ إِنْ أَخَذَ اللَّهُ سَمْعَكُمْ وَأَبْصَارَكُمْ وَخَتَمَ عَلَىٰ قُلُوبِكُمْ مَنْ إِلَٰهٌ غَيْرُ اللَّهِ يَأْتِيكُمْ بِهِ ۗ انْظُرْ كَيْفَ نُصَرِّفُ الْآيَاتِ ثُمَّ هُمْ يَصْدِفُونَ
(အို-နဗီတမန်တော်)အသင်ပြောပါလေ(အချင်းတို့) အသင်တို့ပြောပြကြလေကုန်။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ကြားခြင်းသတ္တိနှင့် မြင်ခြင်းသတ္တိများကိုရုပ်သိမ်းတော်မူသော်၊ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများကို တံဆိပ်ခတ်နှိပ်တော်မူခဲ့သော်၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး ထိုသတ္တိ(များ)ကို အသင်တို့အား ပြန်လည်ပေးမည့်ကိုးကွယ်ရာအရှင် မည်သူရှိသနည်း။ (အို-နဗီတမန်၊တော်) ငါအရှင်မြတ်သည် (တောင်ဟီဒ်နှင့်စပ်လျဉ်း၍) သက်သေသာဓကများကို မည်သို့မည်ပံ(အမျိုးမျိုးအဖုံဖုံ) ပြသတော်မူလျက်ရှိသည်ကို အသင်ရှုပါလေ။ သို့ပါလျက် ထိုသူများသည်လွဲဖယ်လျက် ရှိကြပေသည်။
قُلْ أَرَأَيْتَكُمْ إِنْ أَتَاكُمْ عَذَابُ اللَّهِ بَغْتَةً أَوْ جَهْرَةً هَلْ يُهْلَكُ إِلَّا الْقَوْمُ الظَّالِمُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) အသင်တို့ ပြောပြကြလေကုန်။ အကယ်၍ အလ္လာဟ်အရှင်မြတ်၏အပြစ်ဒဏ်သည်အသင်တို့ထံ ရုတ်တရက်သော်လည်းကောင်း၊ အထင်အရှားသော်လည်းကောင်း၊ ရောက်ရှိလာလတ်သော် မတော်မတရားပြုကျင့်ကြကုန်သောသူတို့မှအပ (အခြားမည်သူများ) ပျက်စီးစေခြင်းခံကြရဦးမည်နည်း။
وَمَا نُرْسِلُ الْمُرْسَلِينَ إِلَّا مُبَشِّرِينَ وَمُنْذِرِينَ ۖ فَمَنْ آمَنَ وَأَصْلَحَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
၎င်းပြင် ငါအရှင်မြတ်သည် ရစူလ်တမန်တော်အပေါင်းတို့ကို ဝမ်းမြောက်ဘွယ်သတင်းပေးသူများနှင့် သတိပေးနှိုးဆော်သူများအဖြစ်သာလျှင် စေလွှတ်လေ့ရှိတော်မူ၏။သို့ဖြစ်ပေရာ မည်သူမဆို အီမာန် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကာ(မိမိအခြေအနေကို)ပြုပြင်ခဲ့ပါမူ ထိုကဲ့သို့သောသူတို့၌ မည်သည့်စိုးရိမ်မှုမျှမရှိချေ။ ၎င်းတို့သည် ပူဆွေးကြရမည်လည်းမဟုတ်ပေ။
وَالَّذِينَ كَذَّبُوا بِآيَاتِنَا يَمَسُّهُمُ الْعَذَابُ بِمَا كَانُوا يَفْسُقُونَ
သို့ရာတွင် ငါအရှင်မြတ်၏ မုက္ခပါဋ္ဌ်တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်သောသူတို့မူကား ထိုသူတို့သည်စည်းမျဉ်းကို ကျူးကျော်ဖောက်ဖျက် ကြသည့်အတွက် ၎င်းတို့အပေါ်၌ အပြစ်ဒဏ်သည် သက်ရောက်လိမ့်သတည်း။(တနည်း)၎င်းပြင် အကြင်သူများသည် ငါအရှင်မြတ်၏မုက္ခပါဌ်တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြ၏။ ထိုသူများသည်(အီမာန်တည်းဟူသော စည်းဝိုင်းအတွင်းမှ) ထွက်ကြသည့်အတွက် ၎င်းတို့၌ ပြစ်ဒဏ်တော်သည် သက်ရောက်၏။(တနည်း)၎င်းပြင် အကြင်သူများသည် ငါအရှင်မြတ်၏မုက္ခပါဌ်တော်များကို မဟုတ်မမှန် ငြင်းပယ်ကြ၏။ ထိုသူများသည် အမိန့်တော်ကို မနာခံခဲ့ကြသည့် အတွက်ကြောင့် ၎င်းတို့၌အပြစ်ဒဏ်သည် သက်ရောက်မည်ဖြစ်၏။
قُلْ لَا أَقُولُ لَكُمْ عِنْدِي خَزَائِنُ اللَّهِ وَلَا أَعْلَمُ الْغَيْبَ وَلَا أَقُولُ لَكُمْ إِنِّي مَلَكٌ ۖ إِنْ أَتَّبِعُ إِلَّا مَا يُوحَىٰ إِلَيَّ ۚ قُلْ هَلْ يَسْتَوِي الْأَعْمَىٰ وَالْبَصِيرُ ۚ أَفَلَا تَتَفَكَّرُونَ
(အို-နဗီတမန်တော်) အသင်သည်(ထိုသူတို့ အားဤသို့)ပြောဆိုပါလေ။ (အို-အချင်းတို့) ကျွန်ုပ်ထံတွင် အလ္လာဟ်အရှင်မြတ်၏ ဘဏ္ဍာတော်များ ရှိသည်ဟူ၍လည်း ကျွန်ုပ်သည်အသင်တို့အား ပြောဆိုသည်မဟုတ်။ ကျွန်ုပ်သည် အကွယ်၌ရှိသည် တို့ကိုမြင်သည်(ဟူ၍လည်းပြောဆိုသည်)မဟုတ်။၎င်းပြင် ကျွန်ုပ်သည် အပါးတော်စေတမန် ဖြစ်သည် ‘ ဟူ၍လည်း အသင်တို့အား ပြောဆိုသည်မဟုတ်။ စင်စစ်သော်ကားကျွန်ုပ်သည် မိမိထံ ကျရောက်လာသော ဝဟ်ယ်အမိန့်တော်ကိုသာ �ိုက်နာလျက်ရှိ၏။ (အို-နဗီ)အသင်သည်ပြောကြားပါလေ။ (အို-အချင်းတို့) မျက်စိမမြင်သောသူနှင့်မျက်စိ မြင်သောသူသည် တူနိုင်ပါသလော။ သို့ပါလျက် အသင်တို့သည် မစဉ်းစား မဆင်ခြင်ကြလေသလော။(ရကူ)

Choose other languages: