Quran Apps in many lanuages:

Surah Al-Anaam Ayahs #24 Translated in Burmese

الَّذِينَ آتَيْنَاهُمُ الْكِتَابَ يَعْرِفُونَهُ كَمَا يَعْرِفُونَ أَبْنَاءَهُمُ ۘ الَّذِينَ خَسِرُوا أَنْفُسَهُمْ فَهُمْ لَا يُؤْمِنُونَ
အကြင်သူတို့သည် ငါအရှင်မြတ်က ၎င်းတို့ အားကျမ်းဂန်ဒေသနာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထိုသူတို့သည် မိမိတို့၏ သားများကိုမှတ်မိကြသကဲ့သို့ပင်၊ ထို(နဗီတမန်တော်မြတ်)အားလည်း မှတ်မိကြကုန်သည်။ (သို့ရာတွင်)မိမိတို့ကိုယ်ကို မိမိတို့ပင် ကျိုးယုတ်နစ်နာအောင် ပြုလုပ်သောသူတို့မူကား အလျင်း သက်ဝင်ယုံကြည်ကြသည် မဟုတ်ပေ။
وَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا أَوْ كَذَّبَ بِآيَاتِهِ ۗ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ
အမှန်စင်စစ် မည်သူမဆို မဟုတ်မမှန် မုသားကို အလ္လာဟ်အရှင်မြတ်အပေါ်၌ ကြံစည်လီဆယ် ၍ စွပ်စွဲအံ့။သို့တည်းမဟုတ် ထိုအရှင်မြတ်၏ သက်သေလက္ခဏာများကိုမဟုတ်မမှန်ဟု ငြင်းပယ်အံ့၊ ထိုသူထက်ပိုမို၍ မတရားသောသူကား မည်သူရှိအံ့နည်း။ အမှန်စင်စစ်သော်ကား (ထိုကဲ့သို့သော) မတရားသော သူတို့သည် (မည်သည့်အခါမျှ) အောင်မြင်ကြမည် မဟုတ်ပေ။
وَيَوْمَ نَحْشُرُهُمْ جَمِيعًا ثُمَّ نَقُولُ لِلَّذِينَ أَشْرَكُوا أَيْنَ شُرَكَاؤُكُمُ الَّذِينَ كُنْتُمْ تَزْعُمُونَ
၎င်းပြင် အကြင်နေ့ကိုလည်း သတိရသင့်၏။ထိုနေ့တွင် ငါအရှင်မြတ်သည် ယင်းသူတို့အားလုံးကို စုရုံးစေတော်မူပြီးနောက် (တစ်စုံတစ်ရာကို ငါအရှင်မြတ်နှင့်) တွဲဖက်ကိုးကွယ်ခဲ့ကြသော သူတို့အား အသင်တို့သည် (ငါအရှင်မြတ်၏တွဲဖက်များ ဖြစ်ကြသည်ဟူ၍) ထင်မြင်ယူဆ (ကိုးကွယ်)ခဲ့ကြသော အသင်တို့၏ အပေါင်းအဖော် (တွဲဖက်ကိုးကွယ်ရာ)များသည် အဘယ်နည်းဟု မေးမြန်းတော်မူအံ့။
ثُمَّ لَمْ تَكُنْ فِتْنَتُهُمْ إِلَّا أَنْ قَالُوا وَاللَّهِ رَبِّنَا مَا كُنَّا مُشْرِكِينَ
ထို့နောက် ၎င်းတို့က ကျွန်တော်မျိုးတို့(သည်မိမိတို့)၏အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ကျိန်ဆို၍ ကျွန်တော်မျိုးသည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်)တွဲဖက်၍ ကိုးကွယ်သူများမဖြစ်ခဲ့ကြပါ ဟုပြောဆိုကြသည် မှအပ၊ ၎င်းတို့၌ မည်သည့်ဆင်ခြေလဲခြင်းမျှရှိနိုင်မည် မဟုတ်ပေ။
انْظُرْ كَيْفَ كَذَبُوا عَلَىٰ أَنْفُسِهِمْ ۚ وَضَلَّ عَنْهُمْ مَا كَانُوا يَفْتَرُونَ
(အို-နဗီတမန်တော်) ထိုသူတို့သည် မိမိတို့နှင့်ဆန့်ကျင် ၍ပင် မည်ကဲ့သို့ မုသားပြောဆိုကြသည် ကိုလည်းကောင်း၊ ယင်းသူတို့ထံမှ ယင်းသူတို့၏အကြံအစည်များ သည်၊မဟုတ်မလျား စွပ်စွဲပြစ်မှားလေ့ရှိခဲ့ကြသော အရာများသည်(မည်ကဲ့သို့) ပျက်ပြားဆုံးပါး၍ သွားသည်ကိုလည်းကောင်း၊အသင်သည် (စဉ်းစားဆင်ခြင်၍) ကြည့်ပါလေ။

Choose other languages: