Surah Al-Anaam Ayahs #124 Translated in Burmese
وَذَرُوا ظَاهِرَ الْإِثْمِ وَبَاطِنَهُ ۚ إِنَّ الَّذِينَ يَكْسِبُونَ الْإِثْمَ سَيُجْزَوْنَ بِمَا كَانُوا يَقْتَرِفُونَ
အသင်တို့သည် ထင်ရှားသော ပြစ်မှုဒုစရိုက်ကိုလည်းကောင်း၊ ဖုံးအုပ်လျက်ရှိသော ပြစ်မှုဒုစရိုက်ကိုလည်းကောင်း၊(တစ်နည်း)ထင်ရှားစွာပြုသော အပြစ်ကိုလည်းကောင်း၊ လျှို့ဝှက် စွာပြုသောအပြစ်များကိုလည်းကောင်း၊(တစ်နည်း)အပြစ်ထင်ရှား သောဒုစရိုက်များကို လည်းကောင်း၊အပြစ်မထင်ရှားသောဒုစရိုက်များကိုလည်း ကောင်း၊(တစ်နည်း) ကာယဝစီဒုစရိုက်ကိုလည်းကောင်း၊မနော ဒုစရိုက်ကိုလည်းကောင်း၊ စွန့်လွှတ်ကြလေကုန်။ ဧကန်စင်စစ် ပြစ်မှုဒုစရိုက်တို့ကို ဆည်းပူးကြကုန်သောသူတို့သည်မကြာမြင့်မီ၊ မိမိတို့ပြုလုပ်ကျူးလွန်စုဆောင်းခဲ့သည်တို့၏အကျိုးကို ခံစားကြရလတ္တံ့။
وَلَا تَأْكُلُوا مِمَّا لَمْ يُذْكَرِ اسْمُ اللَّهِ عَلَيْهِ وَإِنَّهُ لَفِسْقٌ ۗ وَإِنَّ الشَّيَاطِينَ لَيُوحُونَ إِلَىٰ أَوْلِيَائِهِمْ لِيُجَادِلُوكُمْ ۖ وَإِنْ أَطَعْتُمُوهُمْ إِنَّكُمْ لَمُشْرِكُونَ
၎င်းပြင် အသင်တို့သည် အကြင်(တိရစ္ဆာန်များ)အနက်မှစားသုံးခြင်း မပြုကြကုန်လင့်။ ထို(တိရစ္ဆာန် များ)၏အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ နာမံတော်သည် တသခြင်းမရှိခဲ့ချေ။ ဤသည်(ကိုစားသုံးခြင်း)ကား အမိန့်တော်ကို သွေဖည်ခြင်းပင်တည်း။ ထိုမှတစ်ပါး မလွဲဧကန် ‘ရှိုင်တွာန်’တို့သည် အသင်တို့နှင့် အချေအတင် ပြောဆိုငြင်းခုံကြရန် အလို့ငှာ၊ မိမိတို့၏ အဆွေခင်ပွန်းများထံ ပြင်ပ ပယောဂ (ဒွိဟသံသယများ)ကို သွင်းပေးကြလေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အကယ်၍ ၎င်းတို့၏ ပြောစကားကို လိုက်နာကြပါမူ၊မုချစင်စစ် အသင်တို့သည်လည်း အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်ကိုးကွယ်သူတို့တွင် အပါအဝင်ဖြစ်ကြလတ္တံ့။ (ရကူ)
أَوَمَنْ كَانَ مَيْتًا فَأَحْيَيْنَاهُ وَجَعَلْنَا لَهُ نُورًا يَمْشِي بِهِ فِي النَّاسِ كَمَنْ مَثَلُهُ فِي الظُّلُمَاتِ لَيْسَ بِخَارِجٍ مِنْهَا ۚ كَذَٰلِكَ زُيِّنَ لِلْكَافِرِينَ مَا كَانُوا يَعْمَلُونَ
အကြင်သူသည် သူသေဖြစ်ခဲ့၏။ ထို့နောက်ငါအရှင်မြတ်သည် ထိုသူအား ရှင်စေတော်မူခဲ့၏။ ငါအရှင်မြတ်သည် ထိုသူ၏အဖို့ ‘အီမာန်’ တည်း ဟူသော လင်းရောင်ခြည်ကို ပြုပေးတော်မူခဲ့၏။ ထိုသူသည် ထိုလင်းရောင်ခြည်နှင့်တကွ လူတို့တွင် သွားလာလျက်ရှိ၏။ ထိုသူသည် အမှောင်ထု၌နစ်မွန်း၍ ထိုအမှောင်ထုထဲမှ မထွက်နိုင်ပဲလျက် ရှိနေသောသူနှင့် တူနိုင်ပါမည်လော။ ဤနည်းအတိုင်းပင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့၏ အမြင်၌ ၎င်းတို့၏ အပြုအမူတို့ကို လှပတင့်တယ်အောင် ပြုထားပြီးဖြစ်ချေသတည်း။
وَكَذَٰلِكَ جَعَلْنَا فِي كُلِّ قَرْيَةٍ أَكَابِرَ مُجْرِمِيهَا لِيَمْكُرُوا فِيهَا ۖ وَمَا يَمْكُرُونَ إِلَّا بِأَنْفُسِهِمْ وَمَا يَشْعُرُونَ
၎င်းပြင် ထိုနည်းနှင်နှင် ငါအရှင်မြတ်သည် မြို့ရွာတိုင်းတွင် ထိုမြို့ရွာများ၏ အကြီးအကဲများကို မကောင်းကြံစည်ကြရန် ပြစ်မှုကျူးလွန်သူများ ဖြစ်စေတော်မူခဲ့၏။အမှန်သော်ကား ယင်းသူတို့သည် မိမိတို့ ကိုယ်နှင့်ဆန့်ကျင်၍သာ မကောင်းကြံစည်ကြသည်။ သို့ရာတွင် ယင်းသူတို့သည်(ဤသည်ကိုပင်) မသိ နားမလည်ကြချေ။
وَإِذَا جَاءَتْهُمْ آيَةٌ قَالُوا لَنْ نُؤْمِنَ حَتَّىٰ نُؤْتَىٰ مِثْلَ مَا أُوتِيَ رُسُلُ اللَّهِ ۘ اللَّهُ أَعْلَمُ حَيْثُ يَجْعَلُ رِسَالَتَهُ ۗ سَيُصِيبُ الَّذِينَ أَجْرَمُوا صَغَارٌ عِنْدَ اللَّهِ وَعَذَابٌ شَدِيدٌ بِمَا كَانُوا يَمْكُرُونَ
ထိုမှတစ်ပါး ၎င်းတို့ထံ သက်သေလက္ခဏာတစ်စုံတစ်ရာ ရောက်ရှိလာသောအခါ ၎င်းတို့က ငါတို့သည်အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်များ ချီးမြှင့်ခြင်းခံကြရသကဲ့သို့ ချီးမြှင့်ပေးသနားတော်မူခြင်း မခံကြရသမျှကာလပတ်လုံးငါတို့သည် အလျင်းအီမာန်သက်ဝင်ယုံကြည်ကြမည်မဟုတ်ပေ ဟု ပြောဆိုကြကုန်သည်။ (အမှန်စင်စစ်သော်ကား) အလ္လာဟ်အရှင်မြတ်သည်သာလျှင် မိမိ၏ရစူလ်တမန်တော်ဂုဏ်ကို မည်သူ့အား ချီးမြှင့်ရမည်ကို အသိဆုံးပင်ဖြစ်တော်မူပေသည်။ (ထိုမှတစ်ပါး)ပြစ်မှုကျူးလွန်သောသူတို့သည် မကြာမြင်မီ အလ္လာဟ်အရှင်မြတ်အထံတော်၌ မိမိတို့မကောင်းကြံစည်မှုများ၏အစား ဂုဏ်ရည်သေးသိမ်ခြင်းနှင့်ပြင်းထန်သော ပြစ်�ဏ်တို့ကို ခံစားကြရလတ္တံ့။
Choose other languages:

Albanian

Amharic

Azerbaijani

Bengali

Bosnian

Bulgarian

Burmese

Chinese

Danish

Dutch

English

Farsi

Filipino

French

Fulah

German

Gujarati

Hausa

Hindi

Indonesian

Italian

Japanese

Jawa

Kazakh

Khmer

Korean

Kurdish

Kyrgyz

Malay

Malayalam

Norwegian

Pashto

Persian

Polish

Portuguese

Punjabi

Russian

Sindhi

Sinhalese

Somali

Spanish

Swahili

Swedish

Tajik

Tamil

Tatar

Telugu

Thai

Turkish

Urdu

Uyghur

Uzbek

Vietnamese

Yoruba
