Quran Apps in many lanuages:

Surah Al-Anaam Ayahs #127 Translated in Burmese

وَكَذَٰلِكَ جَعَلْنَا فِي كُلِّ قَرْيَةٍ أَكَابِرَ مُجْرِمِيهَا لِيَمْكُرُوا فِيهَا ۖ وَمَا يَمْكُرُونَ إِلَّا بِأَنْفُسِهِمْ وَمَا يَشْعُرُونَ
၎င်းပြင် ထိုနည်းနှင်နှင် ငါအရှင်မြတ်သည် မြို့ရွာတိုင်းတွင် ထိုမြို့ရွာများ၏ အကြီးအကဲများကို မကောင်းကြံစည်ကြရန် ပြစ်မှုကျူးလွန်သူများ ဖြစ်စေတော်မူခဲ့၏။အမှန်သော်ကား ယင်းသူတို့သည် မိမိတို့ ကိုယ်နှင့်ဆန့်ကျင်၍သာ မကောင်းကြံစည်ကြသည်။ သို့ရာတွင် ယင်းသူတို့သည်(ဤသည်ကိုပင်) မသိ နားမလည်ကြချေ။
وَإِذَا جَاءَتْهُمْ آيَةٌ قَالُوا لَنْ نُؤْمِنَ حَتَّىٰ نُؤْتَىٰ مِثْلَ مَا أُوتِيَ رُسُلُ اللَّهِ ۘ اللَّهُ أَعْلَمُ حَيْثُ يَجْعَلُ رِسَالَتَهُ ۗ سَيُصِيبُ الَّذِينَ أَجْرَمُوا صَغَارٌ عِنْدَ اللَّهِ وَعَذَابٌ شَدِيدٌ بِمَا كَانُوا يَمْكُرُونَ
ထိုမှတစ်ပါး ၎င်းတို့ထံ သက်သေလက္ခဏာတစ်စုံတစ်ရာ ရောက်ရှိလာသောအခါ ၎င်းတို့က ငါတို့သည်အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်များ ချီးမြှင့်ခြင်းခံကြရသကဲ့သို့ ချီးမြှင့်ပေးသနားတော်မူခြင်း မခံကြရသမျှကာလပတ်လုံးငါတို့သည် အလျင်းအီမာန်သက်ဝင်ယုံကြည်ကြမည်မဟုတ်ပေ ဟု ပြောဆိုကြကုန်သည်။ (အမှန်စင်စစ်သော်ကား) အလ္လာဟ်အရှင်မြတ်သည်သာလျှင် မိမိ၏ရစူလ်တမန်တော်ဂုဏ်ကို မည်သူ့အား ချီးမြှင့်ရမည်ကို အသိဆုံးပင်ဖြစ်တော်မူပေသည်။ (ထိုမှတစ်ပါး)ပြစ်မှုကျူးလွန်သောသူတို့သည် မကြာမြင်မီ အလ္လာဟ်အရှင်မြတ်အထံတော်၌ မိမိတို့မကောင်းကြံစည်မှုများ၏အစား ဂုဏ်ရည်သေးသိမ်ခြင်းနှင့်ပြင်းထန်သော ပြစ်�ဏ်တို့ကို ခံစားကြရလတ္တံ့။
فَمَنْ يُرِدِ اللَّهُ أَنْ يَهْدِيَهُ يَشْرَحْ صَدْرَهُ لِلْإِسْلَامِ ۖ وَمَنْ يُرِدْ أَنْ يُضِلَّهُ يَجْعَلْ صَدْرَهُ ضَيِّقًا حَرَجًا كَأَنَّمَا يَصَّعَّدُ فِي السَّمَاءِ ۚ كَذَٰلِكَ يَجْعَلُ اللَّهُ الرِّجْسَ عَلَى الَّذِينَ لَا يُؤْمِنُونَ
ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြင်သူအား လမ်းမှန်သို့ ပို့ဆောင်တော်မူရန် ရည်စူး တော်မူပါလျှင်၊ထိုအရှင်မြတ်သည် ၎င်း၏ရင်ကို (ဝါ) စိတ်နှလုံးကို အစ္စလာမ်သာသနာတော်(ကိုယုံကြည်လက်ခံလာနိုင်ရန်)အလို့ငှာ ပွင့်လင်း ကျယ်ဝန်းစေတော်မူအံ့။ သို့ရာတွင် ထိုအရှင်မြတ်သည်အကြင်သူအား လမ်းမှား၌ပင်ထားရှိရန် ရည်စူးတော်မူပါလျှင်ထိုအရှင်မြတ်သည် ၎င်း၏ရင်ကို (ဝါ) စိတ်နှလုံးကို အလွန့်အလွန် ကျဉ်းကျပ်စေတော်မူအံ့။ ထိုသူသည် မိုးကောင်းကင်သို့တက်ရဘိသကဲ့သို့ ဖြစ်နေအံ့။ ဤနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် အီမာန်သက်ဝင်ယုံကြည်ခြင်းကင်းမဲ့သောသူတို့အပေါ်၌ [အညစ်အကြေးများကို ပြုလုပ် ထားတော်မူလေသတည်း။]
وَهَٰذَا صِرَاطُ رَبِّكَ مُسْتَقِيمًا ۗ قَدْ فَصَّلْنَا الْآيَاتِ لِقَوْمٍ يَذَّكَّرُونَ
အမှန်စင်စစ်သော်ကား ဤ(အစ္စလာမ်သာသနာ တော်) သည်သာလျှင် အသင့်အား မွေးမြူ တော်မူသောအရှင်မြတ်၏ ဖြောင့်မတ်မှန်ကန် သောတရားလမ်းပင် ဖြစ်ချေသည်။ မုချဧကန် ငါအရှင်မြတ်သည်(မိမိ)သက်သေလက္ခဏာတော်များကို နာခံသောသူတို့ အကျိုးငှာ အသေးစိတ် လင်းပြတော်မူပြီး ဖြစ်ချေသတည်း။
لَهُمْ دَارُ السَّلَامِ عِنْدَ رَبِّهِمْ ۖ وَهُوَ وَلِيُّهُمْ بِمَا كَانُوا يَعْمَلُونَ
ထို(တရားရယူသော)သူတို့အဖို့၊ ၎င်းတို့၏ အရှင်မြတ်အထံတော်၌ ချမ်းမြေ့သာယာသော (ဂျန္နတ်အမတသုခ)ဘုံသည် အဆင်သင့်ရှိချေသည်။ ၎င်းပြင် ထိုသူတို့၏ (မွန်မြတ်သော) အပြုအမူတို့ကြောင့် ထိုအရှင်မြတ်သည်ပင်လျှင်၊ ၎င်းတို့၏ အဆွေခင်ပွန်း ဖြစ်တော်မူပေသတည်း။

Choose other languages: