Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #88 Translated in Burmese

قُلْ آمَنَّا بِاللَّهِ وَمَا أُنْزِلَ عَلَيْنَا وَمَا أُنْزِلَ عَلَىٰ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ وَيَعْقُوبَ وَالْأَسْبَاطِ وَمَا أُوتِيَ مُوسَىٰ وَعِيسَىٰ وَالنَّبِيُّونَ مِنْ رَبِّهِمْ لَا نُفَرِّقُ بَيْنَ أَحَدٍ مِنْهُمْ وَنَحْنُ لَهُ مُسْلِمُونَ
(အို-နဗီတမန်တော် မုဟမ္မဒ်) အသင်သည် ပြောကြားပါလေ။ အကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်ကိုလည်းကောင်း၊ အကျွန်ုပ်တို့အပေါ်ဝယ် ျရောက်လာသောဓမ္မဒေသနာ (ကုရ်အာန် ကျမ်းတော်မြတ်)ကိုလည်းကောင်း၊နဗီတမန်တော် အစ်ဗ်ရာဟီမ်၊ နဗီတမန်တော်အစ္စမာအီလ်၊နဗီ တမန်တော်အစ္စဟာက်၊ နဗီတမန်တော်ယအ်ကူဗ်နှင့် (နဗီတမန် တော်ယအ်ကူဗ်၏) သားမြေး၊ မြစ်တို့ အပေါ်၌ ကျရောက်လာသောဒေသနာတော်များကို လည်းကောင်း၊ယုံကြည်ကြပါသည်။ ထို့ပြင် နဗီတမန်တော်မူစာ၊ နဗီတမန်တော် အီစာနှင့် အခြား နဗီတမန်တော် အပေါင်းတို့အား၎င်းတို့၏ အရှင်မြတ်အထံတော်မှ ပေးသနားတော် မူသောဒေသနာတော်များကိုလည်း ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။(တဖန် ယင်းကဲ့သို့ ယုံကြည်ရာ၌) ထိုနဗီတမန်တော် အပေါင်းတို့အနက် တပါးနှင့် တပါး ခွဲခြားခြင်း အလျင်း မပြုကြပါ။အမှန်သော်ကား အကျွန်ုပ်တို့သည် ထို (တစ်ဆူတည်းသော)(အလ္လာဟ်အရှင်မြတ်၏ ဒေသနာတော်များ)ကို လိုက်နာသောမုစ်လင်မ်များ ဖြစ်ကြပါသည်။
وَمَنْ يَبْتَغِ غَيْرَ الْإِسْلَامِ دِينًا فَلَنْ يُقْبَلَ مِنْهُ وَهُوَ فِي الْآخِرَةِ مِنَ الْخَاسِرِينَ
ထို့ပြင်တဝ မည်သူမဆို အစ္စလာမ် သာသနာမှတစ်ပါး အခြားသာသနာ တစ်ရပ်ရပ်ကို ရှာဖွေစူးစမ်းပါမူထိုသူ၏ထံမှ (ထိုသူရှာဖွေသော သာသနာသည် အလ’ဟ်အရှင်မြတ်အထံတော်၌) လက်ခံသဘောတူတော်မူခြင်းကိုအလျင်းခံရမည် မဟုတ်ပေ။ ၎င်းပြင် ထိုသူသည် နောင်တမလွန်ဘဝ ၌လည်း ဆုံးရှုံးသူများအနက် တစ်ဦးအပါအဝင်ဖြစ်ပေမည်။
كَيْفَ يَهْدِي اللَّهُ قَوْمًا كَفَرُوا بَعْدَ إِيمَانِهِمْ وَشَهِدُوا أَنَّ الرَّسُولَ حَقٌّ وَجَاءَهُمُ الْبَيِّنَاتُ ۚ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိပြီးနောက် ၎င်း၊ရစူလ်တမန်တော်[မုဟမ္မဒ် (ဆွ) ] သည် နဗီတမန်တော် အစစ်အမှန်ဖြစ်ကြောင်း သက်သေခံပြီးနောက်လည်းကောင်း၊ မိမိတို့ထံဝယ်(အစ္စလာမ် သာသနာတော်သည် မှန်ကန်သော သာသနာဖြစ်ကြောင်းနှင့်စပ်လျဉ်း၍) ထင်ရှားလှစွာသော သက်သေသာဓကများလည်း ရောက်ရှိခဲ့ပြီးနောက် လည်းကောင်းမယုံမကြည်သွေဖည် ငြင်းပယ်ကြကုန်သောလူစုကို အလ္လာဟ်အရှင်မြတ်သည် မည်သည့်နည်းဖြင့် တရားလမ်းမှန်ကို ညွှန်ကြားတော်မူပါအံ့နည်း။ အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် မတော်မတရား ပြစ်မှုကျူးလွန်သူတို့အားတရားလမ်းမှန်ကို ညွှန်ကြားတော်မူမည်မဟုတ်ချေ။
أُولَٰئِكَ جَزَاؤُهُمْ أَنَّ عَلَيْهِمْ لَعْنَةَ اللَّهِ وَالْمَلَائِكَةِ وَالنَّاسِ أَجْمَعِينَ
ယင်းသူတို့၏ အကျိုးကား မုချဧကန် ယင်းသူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ လအ်နတ် ရှုတ်ချခြင်းသည်လည်းကောင်း၊ မလာအိကဟ် ပါးတော်စေတမန်အပေါင်းတို့၏ ရှုတ်ချ ခြင်းသည်လည်းကောင်း၊ လူခပင်းတို့၏ရှုတ်ချခြင်းတို့သည်လည်းကောင်း အားလုံးတို့၏ ရှုတ်ချခြင်းသည် ကျရောက်လေသည်။
خَالِدِينَ فِيهَا لَا يُخَفَّفُ عَنْهُمُ الْعَذَابُ وَلَا هُمْ يُنْظَرُونَ
ထိုသူတို့သည် ယင်း(ရှုတ်ချခြင်း) ၌ပင် ထာဝစဉ်ခံစားကြရမည့်အပြင်ယင်းသူတို့၏ အပြစ်ဒဏ်သည်လည်းပေါ့လျော့စေခြင်းခံရမည် မဟုတ်။ ထိုမှတစ်ပါး ယင်းသူတို့သည်(အပြစ်ဒဏ် စီရင်ရာ၌) ဆိုင်းငံ့ထားခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။

Choose other languages: