Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #90 Translated in Burmese

كَيْفَ يَهْدِي اللَّهُ قَوْمًا كَفَرُوا بَعْدَ إِيمَانِهِمْ وَشَهِدُوا أَنَّ الرَّسُولَ حَقٌّ وَجَاءَهُمُ الْبَيِّنَاتُ ۚ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိပြီးနောက် ၎င်း၊ရစူလ်တမန်တော်[မုဟမ္မဒ် (ဆွ) ] သည် နဗီတမန်တော် အစစ်အမှန်ဖြစ်ကြောင်း သက်သေခံပြီးနောက်လည်းကောင်း၊ မိမိတို့ထံဝယ်(အစ္စလာမ် သာသနာတော်သည် မှန်ကန်သော သာသနာဖြစ်ကြောင်းနှင့်စပ်လျဉ်း၍) ထင်ရှားလှစွာသော သက်သေသာဓကများလည်း ရောက်ရှိခဲ့ပြီးနောက် လည်းကောင်းမယုံမကြည်သွေဖည် ငြင်းပယ်ကြကုန်သောလူစုကို အလ္လာဟ်အရှင်မြတ်သည် မည်သည့်နည်းဖြင့် တရားလမ်းမှန်ကို ညွှန်ကြားတော်မူပါအံ့နည်း။ အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် မတော်မတရား ပြစ်မှုကျူးလွန်သူတို့အားတရားလမ်းမှန်ကို ညွှန်ကြားတော်မူမည်မဟုတ်ချေ။
أُولَٰئِكَ جَزَاؤُهُمْ أَنَّ عَلَيْهِمْ لَعْنَةَ اللَّهِ وَالْمَلَائِكَةِ وَالنَّاسِ أَجْمَعِينَ
ယင်းသူတို့၏ အကျိုးကား မုချဧကန် ယင်းသူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ လအ်နတ် ရှုတ်ချခြင်းသည်လည်းကောင်း၊ မလာအိကဟ် ပါးတော်စေတမန်အပေါင်းတို့၏ ရှုတ်ချ ခြင်းသည်လည်းကောင်း၊ လူခပင်းတို့၏ရှုတ်ချခြင်းတို့သည်လည်းကောင်း အားလုံးတို့၏ ရှုတ်ချခြင်းသည် ကျရောက်လေသည်။
خَالِدِينَ فِيهَا لَا يُخَفَّفُ عَنْهُمُ الْعَذَابُ وَلَا هُمْ يُنْظَرُونَ
ထိုသူတို့သည် ယင်း(ရှုတ်ချခြင်း) ၌ပင် ထာဝစဉ်ခံစားကြရမည့်အပြင်ယင်းသူတို့၏ အပြစ်ဒဏ်သည်လည်းပေါ့လျော့စေခြင်းခံရမည် မဟုတ်။ ထိုမှတစ်ပါး ယင်းသူတို့သည်(အပြစ်ဒဏ် စီရင်ရာ၌) ဆိုင်းငံ့ထားခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။
إِلَّا الَّذِينَ تَابُوا مِنْ بَعْدِ ذَٰلِكَ وَأَصْلَحُوا فَإِنَّ اللَّهَ غَفُورٌ رَحِيمٌ
သို့ရာတွင် အကြင်သူတို့သည် ထို(ကဲ့သို့ ငြင်းပယ်ပြီး)နောက် (သံဝေဂတရား ရရှိကာ မိမိတို့အပြစ်များကို)ဝန်ချတောင်းပန်ကြ၍ ပြုပြင်ကြပါမူ မုချဧကန်အလ္လာဟ်အသျှင် မြတ်သည်လည်း (ထိုကဲ့သို့သောသူတို့အား)အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ မပြတ်�စဲ သနား ကြင်နာ ညှာတာတော် မူသောအရှင်မြတ်ပင် ဖြစ်တော်မူလေသတည်း။
إِنَّ الَّذِينَ كَفَرُوا بَعْدَ إِيمَانِهِمْ ثُمَّ ازْدَادُوا كُفْرًا لَنْ تُقْبَلَ تَوْبَتُهُمْ وَأُولَٰئِكَ هُمُ الضَّالُّونَ
ဧကန်အမှန် အကြင်သူတို့သည် မိမိတို့ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိပြီး နောက်မှ တဖန် သွေဖည်ငြင်းပယ်ကြကုန်၏။ ထို့နောက် ယင်းသူ တို့သည် သွေဖည်ငြင်းပယ်မှု၌ပင် နစ်မွန်း၍ နေကြကုန်သည်။ ယင်းသို့သောသူတို့၏နောင်တ တရားရရှိခြင်းသည် (အလ္လာဟ်အရှင်မြတ် အထံတော်၌) ဘောတူလက်ခံတော်မူခြင်းကို အလျင်း ခံရမည်မဟုတ်ပေ။ အမှန်သော်ကား ဤသူတို့သည် (အစဉ်) လမ်းလွဲသောသူများသာတည်း။

Choose other languages: