Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #91 Translated in Burmese

أُولَٰئِكَ جَزَاؤُهُمْ أَنَّ عَلَيْهِمْ لَعْنَةَ اللَّهِ وَالْمَلَائِكَةِ وَالنَّاسِ أَجْمَعِينَ
ယင်းသူတို့၏ အကျိုးကား မုချဧကန် ယင်းသူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ လအ်နတ် ရှုတ်ချခြင်းသည်လည်းကောင်း၊ မလာအိကဟ် ပါးတော်စေတမန်အပေါင်းတို့၏ ရှုတ်ချ ခြင်းသည်လည်းကောင်း၊ လူခပင်းတို့၏ရှုတ်ချခြင်းတို့သည်လည်းကောင်း အားလုံးတို့၏ ရှုတ်ချခြင်းသည် ကျရောက်လေသည်။
خَالِدِينَ فِيهَا لَا يُخَفَّفُ عَنْهُمُ الْعَذَابُ وَلَا هُمْ يُنْظَرُونَ
ထိုသူတို့သည် ယင်း(ရှုတ်ချခြင်း) ၌ပင် ထာဝစဉ်ခံစားကြရမည့်အပြင်ယင်းသူတို့၏ အပြစ်ဒဏ်သည်လည်းပေါ့လျော့စေခြင်းခံရမည် မဟုတ်။ ထိုမှတစ်ပါး ယင်းသူတို့သည်(အပြစ်ဒဏ် စီရင်ရာ၌) ဆိုင်းငံ့ထားခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။
إِلَّا الَّذِينَ تَابُوا مِنْ بَعْدِ ذَٰلِكَ وَأَصْلَحُوا فَإِنَّ اللَّهَ غَفُورٌ رَحِيمٌ
သို့ရာတွင် အကြင်သူတို့သည် ထို(ကဲ့သို့ ငြင်းပယ်ပြီး)နောက် (သံဝေဂတရား ရရှိကာ မိမိတို့အပြစ်များကို)ဝန်ချတောင်းပန်ကြ၍ ပြုပြင်ကြပါမူ မုချဧကန်အလ္လာဟ်အသျှင် မြတ်သည်လည်း (ထိုကဲ့သို့သောသူတို့အား)အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ မပြတ်�စဲ သနား ကြင်နာ ညှာတာတော် မူသောအရှင်မြတ်ပင် ဖြစ်တော်မူလေသတည်း။
إِنَّ الَّذِينَ كَفَرُوا بَعْدَ إِيمَانِهِمْ ثُمَّ ازْدَادُوا كُفْرًا لَنْ تُقْبَلَ تَوْبَتُهُمْ وَأُولَٰئِكَ هُمُ الضَّالُّونَ
ဧကန်အမှန် အကြင်သူတို့သည် မိမိတို့ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိပြီး နောက်မှ တဖန် သွေဖည်ငြင်းပယ်ကြကုန်၏။ ထို့နောက် ယင်းသူ တို့သည် သွေဖည်ငြင်းပယ်မှု၌ပင် နစ်မွန်း၍ နေကြကုန်သည်။ ယင်းသို့သောသူတို့၏နောင်တ တရားရရှိခြင်းသည် (အလ္လာဟ်အရှင်မြတ် အထံတော်၌) ဘောတူလက်ခံတော်မူခြင်းကို အလျင်း ခံရမည်မဟုတ်ပေ။ အမှန်သော်ကား ဤသူတို့သည် (အစဉ်) လမ်းလွဲသောသူများသာတည်း။
إِنَّ الَّذِينَ كَفَرُوا وَمَاتُوا وَهُمْ كُفَّارٌ فَلَنْ يُقْبَلَ مِنْ أَحَدِهِمْ مِلْءُ الْأَرْضِ ذَهَبًا وَلَوِ افْتَدَىٰ بِهِ ۗ أُولَٰئِكَ لَهُمْ عَذَابٌ أَلِيمٌ وَمَا لَهُمْ مِنْ نَاصِرِينَ
ဧကန်မုချ အကြင်သူတို့သည် သွေဖည် ငြင်းပယ်ကြ၍၊ သွေဖည်ငြင်းပယ်သူများ အဖြစ်နှင့်ပင် သေဆုံးကြ၏။ထိုသို့သော သူတို့အနက် တစ်ဦးဦးသည် (အပြစ်များမှချမ်းသာရရန် အလို့ငှာ) ကမ္ဘာမြေနှင့်အပြည့် ရွှေကို (စုပုံ၍)လျော်ကြေး ပေးငြားသော်လည်း (အလ္လာဟ်အရှင်မြတ်သည်)အလျင်း သဘောတူ လက်ခံတော်မူမည်မဟုတ်ပေ။ (အမှန်စင်စစ်) ယင်းသူတို့အဖို့အလွန်ပြင်းပြ နာကျင်စေသောအပြစ်ဒဏ်သာရှိ၏၊ ထို့ပြင် ယင်းသူတို့အဘို့ ကူညီမိုင်းမမည့်သူ ဟူ၍လည်းတစ်ဦးတစ်ယောက်မျှရှိလိမ့်မည်မဟုတ်ပေ။

Choose other languages: