Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #81 Translated in Burmese

إِنَّ الَّذِينَ يَشْتَرُونَ بِعَهْدِ اللَّهِ وَأَيْمَانِهِمْ ثَمَنًا قَلِيلًا أُولَٰئِكَ لَا خَلَاقَ لَهُمْ فِي الْآخِرَةِ وَلَا يُكَلِّمُهُمُ اللَّهُ وَلَا يَنْظُرُ إِلَيْهِمْ يَوْمَ الْقِيَامَةِ وَلَا يُزَكِّيهِمْ وَلَهُمْ عَذَابٌ أَلِيمٌ
ဧကန်မုချ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် (မိမိတို့ထားရှိခဲ့သော) ပဋိညာဉ်ကို လည်းကောင်း၊မိမိတို့ ကျိန်ဆိုချက်များကိုလည်းကောင်း နည်းငယ်မျှသောအဖိုးအခဖြင့် လဲလှယ်ရောင်းချကြကုန်၏။ ဤသူများကားအကြင်သူများပင်၊ ထိုသူတို့အဖို့ နောင်တမလွန်ဘဝ၌ (သုခချမ်းသာများအနက်) ဝေစု ဝေပုံဟူ၍ စိုးစဉ်းမျှ ရှိမည်မဟုတ်၊ ထို့ပြင်အလ္လာဟ်အရှင်မြတ်သည် ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်ထိုသူတို့အား စကားပြောကြားတော်မူမည်လည်း မဟုတ်၊ထိုသူတို့အား ရှုစားတော်မူမည်လည်းမဟုတ်၊ ထိုသူတို့အား(ဒုစရိုက်မှုများမှ) သန့်စင်အောင် ပြုလုပ်ပေးတော် မူမည်လည်းမဟုတ်။ ထိုသူတို့အဘို့ ပြင်းပြနာကျင်စေသော အပြစ်ဒဏ်သည် အသင့်ရှိပေမည်။
وَإِنَّ مِنْهُمْ لَفَرِيقًا يَلْوُونَ أَلْسِنَتَهُمْ بِالْكِتَابِ لِتَحْسَبُوهُ مِنَ الْكِتَابِ وَمَا هُوَ مِنَ الْكِتَابِ وَيَقُولُونَ هُوَ مِنْ عِنْدِ اللَّهِ وَمَا هُوَ مِنْ عِنْدِ اللَّهِ وَيَقُولُونَ عَلَى اللَّهِ الْكَذِبَ وَهُمْ يَعْلَمُونَ
၎င်းပြင် ထိုသူများအနက် လူတစ်စုသည် မုချရှိ၏။ ထိုသူများသည် ကျမ်းဂန်(ကိုရွတ်ဖတ်ရာ) ၌ မိမိတို့၏လျှာများကို လိပ်ခေါက်ကြ၏။ (ယင်းကဲ့သို့ ပြုလုပ်ခြင်းမှာထိုသူတို့ လုပ်ကြံရွတ်ဘတ်သော) ထိုအရာကို အသင်တို့ကကျမ်းလာ စကားဟု ထင်မှတ်ကြရန် ဖြစ်သည်။ အမှန်သော်ကား ထိုအရာသည် ကျမ်းလာစကား အလျင်းမဟုတ်ပေ။၎င်းပြင် ထိုသူတို့က (မိမိတို့ ရွတဖတ်သော) အရာသည်အလ္လာဟ်အရှင်မြတ်၏ အထံတော်မှ (ကျရောက်သည်)ဟုပြောဆိုကြ၏။ စင်စစ်သော် ကား ထိုအရာသည် အလ္လာဟ်အရှင်မြတ်၏ အထံတော်မှ (ကျရောက်သည်) အလျင်းမဟုတ်ချေ။ သို့တစေလည်း ထိုသူများသည် မိမိတို့ ကိုယ်တိုင်သိကြပါလျက် နှင့်ပင် အလ္လာဟ်အရှင် မြတ်နှင့်ပတ်သက်၍မုသားကို လုပ်ကြံ ပြောဆို ကြလေသည်။
مَا كَانَ لِبَشَرٍ أَنْ يُؤْتِيَهُ اللَّهُ الْكِتَابَ وَالْحُكْمَ وَالنُّبُوَّةَ ثُمَّ يَقُولَ لِلنَّاسِ كُونُوا عِبَادًا لِي مِنْ دُونِ اللَّهِ وَلَٰكِنْ كُونُوا رَبَّانِيِّينَ بِمَا كُنْتُمْ تُعَلِّمُونَ الْكِتَابَ وَبِمَا كُنْتُمْ تَدْرُسُونَ
မည်သည့် လူသား�စ်ဦးတစ်ယောက်မဆို၊အလ္လာဟ် အရှင်မြတ်သည် ထိုသူ့အား ကျမ်းဂန်ကိုလည်းကောင်း၊ အကျိုး အကြောင်း ဆင်ခြင်နိုင်သော ဉာဏ်ပညာအမြော် အမြင်ကိုလည်းကောင်း၊ နဗီတမန်တော်၏ဂုဏ်ထူးကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူ၏။ သို့ ချီးမြှင့်ပြီးနောက် ထိုသူက လူခပင်းတို့အား (ဟယ်-အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို စွန့်လွှတ်၍ ငါ၏ကျွန်များဖြစ်ကြကုန် ဟူ၍ ပြောဆိုရန် မဖြစ်နိုင်ပေ။ သို့ရာတွင် (ထိုသို့ချီးမြှင့်ခြင်း ခံရသောသူက ဤသို့သာလျှင် ပြောဆိုအံ့)၊ (ဟယ်အချင်းတို့)၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို နာခံသူများ ဖြစ်ကြကုန်၊ အကြောင်းမူကားအသင်တို့သည် ဒေသနာတော် ကျမ်းဂန်ကို(သူတစ်ပါးတို့အား)သင်ကြားပြသ ပို့ချသည့်ပြင် မိမိတို့ ကိုယ်တိုင်လည်း ဖတ်ရွတ်လေ့လာသူများ ဖြစ်သောကြောင့်ပင်တည်း။
وَلَا يَأْمُرَكُمْ أَنْ تَتَّخِذُوا الْمَلَائِكَةَ وَالنَّبِيِّينَ أَرْبَابًا ۗ أَيَأْمُرُكُمْ بِالْكُفْرِ بَعْدَ إِذْ أَنْتُمْ مُسْلِمُونَ
ထိုနည်းတူစွာ ယင်း(ကဲ့သို့ချီးမြှင့်ခြင်းခံရသော)သူက အသင်တို့အား မလာအိကဟ် အပါးတော်စေတမန်များကိုလည်းကောင်း၊ ဗီတမန်တော်များကိုလည်းကောင်း၊(မိမိတို့အား) မွေးမြူတော်မူသောအသျှင်များအဖြစ် ပြုလုပ်ကြရန်လည်း (မည်သည့်အခါမျှ) ညွှန်ကြားမည် မဟုတ်ပေ။အသင်တို့ (မွတ်စ်လင်မ်)အမိန့်နာခံ သောသူများ ဖြစ်ကြပြီးနောက် ထို(နဗီအဖြစ် ချီးမြှင့်ခြင်းခံရသော)သူသည် အသင်တို့အား သွေဖည်ငြင်းပယ်ရန် ညွှန်ကြားပါမည်လော။
وَإِذْ أَخَذَ اللَّهُ مِيثَاقَ النَّبِيِّينَ لَمَا آتَيْتُكُمْ مِنْ كِتَابٍ وَحِكْمَةٍ ثُمَّ جَاءَكُمْ رَسُولٌ مُصَدِّقٌ لِمَا مَعَكُمْ لَتُؤْمِنُنَّ بِهِ وَلَتَنْصُرُنَّهُ ۚ قَالَ أَأَقْرَرْتُمْ وَأَخَذْتُمْ عَلَىٰ ذَٰلِكُمْ إِصْرِي ۖ قَالُوا أَقْرَرْنَا ۚ قَالَ فَاشْهَدُوا وَأَنَا مَعَكُمْ مِنَ الشَّاهِدِينَ
ထိုမှတစ်ပါးတုံ (ပြန်လည်အောင့်မေ့ သတိရကြကုန်၊) တရံရော အခါဝယ် အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်များထံမှ ပဋိညာဉ်ဝန်ခံချက်ကို (ဤသို့)ယူတော်မူလေသည်။ (အို-နဗီ တမန်အပေါင်းတို့) ဧကန်မလွဲငါအရှင်မြတ်သည် အသင်တို့အား ကျမ်းဂန်ကို၏လည်းကောင်း၊ ဉာဏ်ပညာ အမြော်အမြင်ကိုလည်းကောင်း၊ပေးသနားတော်မူပြီးနောက် အသင်တို့ လက်ဝယ်ရှိနှင့်ပြီးဖြစ်သော ကျမ်းဂန်များကိုထောက်ခံသော ရစူလ်တမန်တော်တစ်ပါးပါးသည် အသင်တို့ထံ ရောက်လတ်သော် အသင်တို့သည် ထိုရစူလ်တမန်တော်ကို (မိမိတို့စိတ်တွင်းမှ) မုချယုံကြည်ကြပေမည်။ ၎င်းပြင် ထိုရစူလ် တမန်တော်ကို(ကာယကံမြောက်လည်း) အားပေး ကူညီကြပေမည်။ထို့နောက် အလ္လာဟ်အရှင်မြတ်က (အို-နဗီတမန်တော်အပေါင်းတို့) အသင်တို့သည် ဝန်ခံကြပြီလော။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ အသင်တို ့သည် ငါအရှင်မြတ်၏ ပဋိညာဉ်တော်ကိုလည်း လက်ခံကြပြီလော ဟု မေးမြန်းတော်မူ၏။(ထိုအခါ နဗီတမန်တော် အပေါင်းတို့က) ကျွန်တော်မျိုးတို့သည် ဝန်ခံကြပါပြီ ဟု တင်လျှောက်ကြလေသည်။(ထိုအခါအလ္လာဟ်အရှင်မြတ်က) သို့ဖြစ်လျှင် အသင်တို့သည် (ဤပဋိညာဉ် ဝန်ခံချက်နှင့် စပ်လျဉ်း၍) အသိသက်သေများဖြစ်ကြကုန်။ ငါအရှင်မြတ်သည်လည်း အသင်တို့နှင့်အတူ အသိသက်သေများအနက် အပါအဝင်ဖြစ်တော်မူသည် ဟုမိန့်ကြားတော်မူလေသတည်း။

Choose other languages: