Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #152 Translated in Burmese

فَآتَاهُمُ اللَّهُ ثَوَابَ الدُّنْيَا وَحُسْنَ ثَوَابِ الْآخِرَةِ ۗ وَاللَّهُ يُحِبُّ الْمُحْسِنِينَ
သို့ဖြစ်ပေရာ၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား လောကီအကျိုး(ဖြစ်သောအောင်မြင်မှု)ကိုလည်းကောင်း၊ နောင်တမလွန်ဘဝ၏ ကောင်းမြတ်သော အကျိုးကျေးဇူးကိုလည်းကောင်း ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကောင်းမြတ်သော အကျင့်အမူ ကျင့်မူသော သူတို့အား ချစ်ကြည်တော်မူလေသတည်း။
يَا أَيُّهَا الَّذِينَ آمَنُوا إِنْ تُطِيعُوا الَّذِينَ كَفَرُوا يَرُدُّوكُمْ عَلَىٰ أَعْقَابِكُمْ فَتَنْقَلِبُوا خَاسِرِينَ
အို-ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူ အပေါင်းတို့၊ အသင်တို့သည် အကယ်၍သာ ကာဖိရ် ငြင်းပယ်သောသူတို့(ပြောဆိုကြသည့်အတိုင်း) လိုက်နာကြပါမူ၊ ယင်းသူတို့သည်အသင်တို့အား (အစ္စလာမ်သာသနာတော်မှ ကုဖ်ရ် အယူဝါဒများဖက်သို့) ပြန်လည်၍ လှည့်စေကြကုန်အံ့။ သို့ပြန်လှည့်သွားကြလျှင် အသင်တို့သည် နစ်နာဆုံးရှုံးသူများအဖြစ်သို့ရောက်ရှိသွားကြကုန်လတ္တံ့။
بَلِ اللَّهُ مَوْلَاكُمْ ۖ وَهُوَ خَيْرُ النَّاصِرِينَ
စင်စစ်အားဖြင့်(ယုံကြည်ခြင်းသဒ္ဓါတရား ကင်းမဲ့သောသူတို့သည် အသင်တို့အား စောင့်ရှောက်မည့်သူများ)အလျင်း မဟုတ်(ကြချေ။) အလ္လာဟ် အရှင်မြတ်သည်သာလျှင်အသင်တို့အား အထူးစောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် စောင်မသူများတွင် အကောင်းဆုံး စောင်မတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
سَنُلْقِي فِي قُلُوبِ الَّذِينَ كَفَرُوا الرُّعْبَ بِمَا أَشْرَكُوا بِاللَّهِ مَا لَمْ يُنَزِّلْ بِهِ سُلْطَانًا ۖ وَمَأْوَاهُمُ النَّارُ ۚ وَبِئْسَ مَثْوَى الظَّالِمِينَ
မကြာမြင့်မီ ငါအရှင်မြတ်သည် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့၏ စိတ်နှလုံးအတွင်းသို့အလွန်တရာကြောက်လန့်သော စိတ်ကိုထည့်သွင်းတော်မူအံ့။အကြောင်းသော်ကား ယင်းသူတို့သည် အကြင်အရာများကိုအလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်ခဲ့ကြ၏။ ထိုအရာများကို (တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်ရန်အကြောင်း)နှင့်စပ်လျဉ်း၍ ထိုအရှင်မြတ်သည် မည်သည့် သက်သေသာဓကတစ်စုံတစ်ရာကိုမျှ ထုတ်ပြန်ချမှတ်တော်မူခဲ့သည် မဟုတ်ချေ။၎င်းပြင် ယင်းသူတို့၏ နေထိုင်ရာဌာနသည် ငရဲမီးဘုံပင်ဖြစ်၏။စင်စစ် မတော်မတရား ပြုမူသူတို့၏ နေထိုင်ရာဌာနသည်အလွန်တရာ ဆိုးရွားလှ၏တကား။
وَلَقَدْ صَدَقَكُمُ اللَّهُ وَعْدَهُ إِذْ تَحُسُّونَهُمْ بِإِذْنِهِ ۖ حَتَّىٰ إِذَا فَشِلْتُمْ وَتَنَازَعْتُمْ فِي الْأَمْرِ وَعَصَيْتُمْ مِنْ بَعْدِ مَا أَرَاكُمْ مَا تُحِبُّونَ ۚ مِنْكُمْ مَنْ يُرِيدُ الدُّنْيَا وَمِنْكُمْ مَنْ يُرِيدُ الْآخِرَةَ ۚ ثُمَّ صَرَفَكُمْ عَنْهُمْ لِيَبْتَلِيَكُمْ ۖ وَلَقَدْ عَفَا عَنْكُمْ ۗ وَاللَّهُ ذُو فَضْلٍ عَلَى الْمُؤْمِنِينَ
မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ မိမိထားရှိတော်မူခဲ့သော ကတိတော်ကို အတည်ဖြစ်စေတော်မူခဲ့ချေပြီ။ အကြင်အခါဝယ် အသင်တို့သည် ထိုအရှင်မြတ်၏ အမိန့်တော်ဖြင့် ထိုကာဖိရ်တို့အား သတ်ဖြတ်ချေမှုန်းနေကြကုန်၏။ နောက်ဆုံးတွင် အသင်တို့အား ထိုအရှင်မြတ်က အသင်တို့နှစ်သက်ကြကုန်သော (ဝါ)အောင် မြင်မှုကို(မျက်မြင်ကိုယ်တွေ့) ပြသတော်မူပြီးသည့်နောက် အသင်တို့သည် သူရသတိ္တ ညံ့ဖျင်းသွားခဲ့ကြကုန်၏။ ၎င်းပြင် အသင်တို့သည် (နဗီတမန်တော်မြတ်၏) အမိန့်တော်နှင့်စပ်လျဉ်း၍အချင်းချင်း အငြင်းပွားခဲ့ကြ၏။ (နဗီတမန်တော်မြတ်၏)အမိန့် တော်ကိုလည်း သွေဖည်ခဲ့ကြ၏။ (ထိုအခါ အလ္လာဟ်အရှင်မြတ်သည် မိမိ၏အကူအညီကို ရုပ်သိမ်းထားတော်မူခဲ့လေသည်၊ အကြောင်းသော်ကား) အသင်တို့အနက် အချို့သည် လောကီ(အကျိုးစီးပွား)ကိုအလိုရှိ၏။ အချို့ကမူ နောင်တမလွန်ဘဝ(သုခချမ်းသာ)ကိုအလိုရှိ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား စမ်းသပ်တော်မူရန် အလို့ငှာထို(ရန်)သူတို့ကို (သုတ်သင်ရှင်းလင်းနေခြင်း)မှ အသင်တို့အားပြန်လှည့်စေတော်မူခဲ့လေသည်။ (ယခုမူကား) ထိုအရှင်မြတ်သည် အသင်တို့အား (အပြစ်များမှ) မုချဧကန် ခွင့်လွှတ်တော်မူပြီး ဖြစ်လေပြီ။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည်မုအ်မင်န်ယုံကြည်ခြင်း သဒ္ဒါတရားထားရှိသူ တို့အဖို့ ကျေးဇူးတော်ရှင် ဖြစ်တော်မူပေသတည်း။

Choose other languages: