Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #154 Translated in Burmese

بَلِ اللَّهُ مَوْلَاكُمْ ۖ وَهُوَ خَيْرُ النَّاصِرِينَ
စင်စစ်အားဖြင့်(ယုံကြည်ခြင်းသဒ္ဓါတရား ကင်းမဲ့သောသူတို့သည် အသင်တို့အား စောင့်ရှောက်မည့်သူများ)အလျင်း မဟုတ်(ကြချေ။) အလ္လာဟ် အရှင်မြတ်သည်သာလျှင်အသင်တို့အား အထူးစောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် စောင်မသူများတွင် အကောင်းဆုံး စောင်မတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
سَنُلْقِي فِي قُلُوبِ الَّذِينَ كَفَرُوا الرُّعْبَ بِمَا أَشْرَكُوا بِاللَّهِ مَا لَمْ يُنَزِّلْ بِهِ سُلْطَانًا ۖ وَمَأْوَاهُمُ النَّارُ ۚ وَبِئْسَ مَثْوَى الظَّالِمِينَ
မကြာမြင့်မီ ငါအရှင်မြတ်သည် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့၏ စိတ်နှလုံးအတွင်းသို့အလွန်တရာကြောက်လန့်သော စိတ်ကိုထည့်သွင်းတော်မူအံ့။အကြောင်းသော်ကား ယင်းသူတို့သည် အကြင်အရာများကိုအလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်ခဲ့ကြ၏။ ထိုအရာများကို (တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်ရန်အကြောင်း)နှင့်စပ်လျဉ်း၍ ထိုအရှင်မြတ်သည် မည်သည့် သက်သေသာဓကတစ်စုံတစ်ရာကိုမျှ ထုတ်ပြန်ချမှတ်တော်မူခဲ့သည် မဟုတ်ချေ။၎င်းပြင် ယင်းသူတို့၏ နေထိုင်ရာဌာနသည် ငရဲမီးဘုံပင်ဖြစ်၏။စင်စစ် မတော်မတရား ပြုမူသူတို့၏ နေထိုင်ရာဌာနသည်အလွန်တရာ ဆိုးရွားလှ၏တကား။
وَلَقَدْ صَدَقَكُمُ اللَّهُ وَعْدَهُ إِذْ تَحُسُّونَهُمْ بِإِذْنِهِ ۖ حَتَّىٰ إِذَا فَشِلْتُمْ وَتَنَازَعْتُمْ فِي الْأَمْرِ وَعَصَيْتُمْ مِنْ بَعْدِ مَا أَرَاكُمْ مَا تُحِبُّونَ ۚ مِنْكُمْ مَنْ يُرِيدُ الدُّنْيَا وَمِنْكُمْ مَنْ يُرِيدُ الْآخِرَةَ ۚ ثُمَّ صَرَفَكُمْ عَنْهُمْ لِيَبْتَلِيَكُمْ ۖ وَلَقَدْ عَفَا عَنْكُمْ ۗ وَاللَّهُ ذُو فَضْلٍ عَلَى الْمُؤْمِنِينَ
မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ မိမိထားရှိတော်မူခဲ့သော ကတိတော်ကို အတည်ဖြစ်စေတော်မူခဲ့ချေပြီ။ အကြင်အခါဝယ် အသင်တို့သည် ထိုအရှင်မြတ်၏ အမိန့်တော်ဖြင့် ထိုကာဖိရ်တို့အား သတ်ဖြတ်ချေမှုန်းနေကြကုန်၏။ နောက်ဆုံးတွင် အသင်တို့အား ထိုအရှင်မြတ်က အသင်တို့နှစ်သက်ကြကုန်သော (ဝါ)အောင် မြင်မှုကို(မျက်မြင်ကိုယ်တွေ့) ပြသတော်မူပြီးသည့်နောက် အသင်တို့သည် သူရသတိ္တ ညံ့ဖျင်းသွားခဲ့ကြကုန်၏။ ၎င်းပြင် အသင်တို့သည် (နဗီတမန်တော်မြတ်၏) အမိန့်တော်နှင့်စပ်လျဉ်း၍အချင်းချင်း အငြင်းပွားခဲ့ကြ၏။ (နဗီတမန်တော်မြတ်၏)အမိန့် တော်ကိုလည်း သွေဖည်ခဲ့ကြ၏။ (ထိုအခါ အလ္လာဟ်အရှင်မြတ်သည် မိမိ၏အကူအညီကို ရုပ်သိမ်းထားတော်မူခဲ့လေသည်၊ အကြောင်းသော်ကား) အသင်တို့အနက် အချို့သည် လောကီ(အကျိုးစီးပွား)ကိုအလိုရှိ၏။ အချို့ကမူ နောင်တမလွန်ဘဝ(သုခချမ်းသာ)ကိုအလိုရှိ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား စမ်းသပ်တော်မူရန် အလို့ငှာထို(ရန်)သူတို့ကို (သုတ်သင်ရှင်းလင်းနေခြင်း)မှ အသင်တို့အားပြန်လှည့်စေတော်မူခဲ့လေသည်။ (ယခုမူကား) ထိုအရှင်မြတ်သည် အသင်တို့အား (အပြစ်များမှ) မုချဧကန် ခွင့်လွှတ်တော်မူပြီး ဖြစ်လေပြီ။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည်မုအ်မင်န်ယုံကြည်ခြင်း သဒ္ဒါတရားထားရှိသူ တို့အဖို့ ကျေးဇူးတော်ရှင် ဖြစ်တော်မူပေသတည်း။
إِذْ تُصْعِدُونَ وَلَا تَلْوُونَ عَلَىٰ أَحَدٍ وَالرَّسُولُ يَدْعُوكُمْ فِي أُخْرَاكُمْ فَأَثَابَكُمْ غَمًّا بِغَمٍّ لِكَيْلَا تَحْزَنُوا عَلَىٰ مَا فَاتَكُمْ وَلَا مَا أَصَابَكُمْ ۗ وَاللَّهُ خَبِيرٌ بِمَا تَعْمَلُونَ
(ပြန်လည်အောက်မေ့သတိရကြလေကုန်)တရံရောအခါ အသင်တို့သည် (အုဟုဒ် စစ်မြေပြင် မှ) မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပြန်လှည့်၍ မကြည့်ဘဲ(ကိုယ်လွတ်ရုန်းကာ)ထွက်ပြေးနေကြလေသည်။ စင်စစ်(ထိုအခါ)ရစူလ်တမန်တော်သည် အသင်တို့နောက်မှ အသင်တို့အားဟစ်ခေါ်လျက် ရှိတော်မူခဲ့လေသည်။ (သို့ရာတွင် အသင်တို့သည် မလိုက်နာဘဲ ရစူလ်တမန်တော်ကို စိတ်ဆင်းရဲခြင်း ဖြစ်စေခဲ့ကြသည်။) သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည်(နဗီတမန်တော်ကို အသင်တို့စိတ်ဆင်းရဲခြင်းဖြစ်စေခဲ့ကြသည့်အတွက်) အသင်တို့အားစိတ်ဆင်းရဲခြင်းအစား စိတ်ဆင်းရဲခြင်းကိုပင် ပေးတော်မူခဲ့လေသည်။သို့မှသာလျှင် အသင်တို့သည် (ဤသည်ကိုအကြောင်းပြု၍နောက်နောင်များတွင်) မိမိတို့ လက်လွတ်သွားသော ကိစ္စများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မိမိတို့၌ ဆိုက်ရောက်လာသောဘေးဒုက္ခများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပူဆွေးကြမည်မဟုတ်ပေ၊ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော ကိစ္စအရပ်ရပ်တို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ثُمَّ أَنْزَلَ عَلَيْكُمْ مِنْ بَعْدِ الْغَمِّ أَمَنَةً نُعَاسًا يَغْشَىٰ طَائِفَةً مِنْكُمْ ۖ وَطَائِفَةٌ قَدْ أَهَمَّتْهُمْ أَنْفُسُهُمْ يَظُنُّونَ بِاللَّهِ غَيْرَ الْحَقِّ ظَنَّ الْجَاهِلِيَّةِ ۖ يَقُولُونَ هَلْ لَنَا مِنَ الْأَمْرِ مِنْ شَيْءٍ ۗ قُلْ إِنَّ الْأَمْرَ كُلَّهُ لِلَّهِ ۗ يُخْفُونَ فِي أَنْفُسِهِمْ مَا لَا يُبْدُونَ لَكَ ۖ يَقُولُونَ لَوْ كَانَ لَنَا مِنَ الْأَمْرِ شَيْءٌ مَا قُتِلْنَا هَاهُنَا ۗ قُلْ لَوْ كُنْتُمْ فِي بُيُوتِكُمْ لَبَرَزَ الَّذِينَ كُتِبَ عَلَيْهِمُ الْقَتْلُ إِلَىٰ مَضَاجِعِهِمْ ۖ وَلِيَبْتَلِيَ اللَّهُ مَا فِي صُدُورِكُمْ وَلِيُمَحِّصَ مَا فِي قُلُوبِكُمْ ۗ وَاللَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
တစ်ဖန် (ယင်းကဲ့သို့) စိတ်ဆင်းရဲခြင်းဖြစ် ကြပြီးနောက် (စိတ်ချမ်းသာစေရန်) ထိုအရှင်မြတ်သည် အသင်တို့အပေါ် ၌ ဘေးရန်ကင်းငြိမ်းခြင်း တည်းဟူသော ငိုက်မျည်းခြင်းကို ချပေးတော်မူခဲ့လေသည်။ ယင်းငိုက်မျည်းခြင်းသည်အသင်တို့ အနက်မှ လူတစ်စုကို လွှမ်းမိုးခဲ့လေသည်။ သို့ရာတွင်(မုနာဖစ်က်မည်သော) လူတစ်စုမှာမူ၊ မိမိတို့၏ အသက်(ဘေးအန္တရာယ်)များကိုသာ စိုးရိမ်နေခဲ့ကြကုန်သည်။ ထိုသူတို့ကားအလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ မမှန်ကန်သော၊ မိုက်မဲသော(ခေတ်က) ထင်မြင်ယူဆချက်မျိုးကို ယူဆခဲ့ကြ ကုန်၏။ထိုသူတို့က အကျွန်ုပ်တို့၌ (ယခုတွေ့ကြုံနေ ရသော ကိစ္စနှင့်စပ်လျဉ်း၍) တစုံတရာ ပြောရေးဆိုခွင့် အမိန့်အာဏာများရှိပါသလား ဟုပြောဆိုကြ၏။ (အို-နဗီတမန်တော်) အမိန့်အာဏာ အားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၌သာရှိသည်ဟု အသင် ပြောကြားပါလေ။ (စစ်စစ်အားဖြင့်) ထိုသူတို့သည်မိမိတို့စိတ်တွင်း၌ ထိမ်ချန်ထားရှိသမျှတို့ကို အသင့်အား (ပွင့်လင်းစွာ) ထုတ်ဖော်(ပြောဆို)ကြသည်မဟုတ်ပေ။ ယင်းသူတို့က အကယ်၍သာ အကျွန်ုပ်တို့၌ တစ်စုံတစ်ရာမျှသောအမိန့်အာဏာသည် ရှိခဲ့ပါမူ အကျွန်ုပ်တို့သည် ဤနေရာ (စစ်မြေပြင်)၌ အသတ်ခံကြရမည်မဟုတ်ပေ ဟု ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ အကယ်၍ အသင်တို့သည် မိမိတို့အိမ်များ၌ပင်ရှိနေကြသည့်တိုင်အောင် (ရှေးဦးမစွက) အသတ်ခံရန် သတ်မှတ်ပြဋ္ဌာန်းပြီး ဖြစ်ကြသောသူတို့မှာကား မိမိတို့အသတ်ခံရမည့်နေရာများသို့ မုချထွက်လာကြရမည်သာဖြစ်၏။ စင်စစ်သော်ကား (ယင်းကဲ့သို့ဖြစ်ခဲ့ရသည်မှာ) အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ရင်များအတွင်း၌ရှိသော (ယုံကြည်မှု)ကိုစမ်းသပ်တော်မူခြင်းငှာလည်းကောင်း၊ အသင်တို့ စိတ်နှလုံးများ၌ရှိသော (အညစ်အကြေးတို့)ကို သန့်ရှင်းစင်ကြယ် စေတော်မူခြင်းငှာလည်းကောင်း၊ ဖြစ်ချေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (လူသားတို့၏) �င်များအတွင်း၌ရှိသည့် အရာတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: