Quran Apps in many lanuages:

Surah Yusuf Ayahs #98 Translated in Burmese

وَلَمَّا فَصَلَتِ الْعِيرُ قَالَ أَبُوهُمْ إِنِّي لَأَجِدُ رِيحَ يُوسُفَ ۖ لَوْلَا أَنْ تُفَنِّدُونِ
တစ်ဖန် ခရီးသည်တစ်စုသည် (အီဂျစ်ပြည်မှ)ထွက်ခွာခဲ့လေသောအခါ ၎င်းတို့၏ ခမည်းတော်က အကယ်၍အသင်တို့သည် ငါ့အား သူငယ်ပြန်သည် မယူဆကြပါလျှင်ဧကန်စင်စစ် ငါသည် ယူဆွဖ်၏အနံ့ကို ရနေပေသည်ဟုပြောဆိုခဲ့လေ၏။
قَالُوا تَاللَّهِ إِنَّكَ لَفِي ضَلَالِكَ الْقَدِيمِ
၎င်းတို့က အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ ဧကန်မလွဲ အသင်သည် မိမိ ရှေးဟောင်းလွဲမှားမှု၌ပင် ရှိနေပေသေးသည်ဟု ပြောဆိုကြကုန်၏။
فَلَمَّا أَنْ جَاءَ الْبَشِيرُ أَلْقَاهُ عَلَىٰ وَجْهِهِ فَارْتَدَّ بَصِيرًا ۖ قَالَ أَلَمْ أَقُلْ لَكُمْ إِنِّي أَعْلَمُ مِنَ اللَّهِ مَا لَا تَعْلَمُونَ
တစ်ဖန် ဝမ်းမြောက်ဖွယ် သတင်းကို ယူဆောင်၍လာသောသူသည် (ခမည်းတော်ထံသို့) ရောက်ရှိလာသောအခါ၊ ၎င်းသည် ယင်းအင်္ကျီကို ထိုခမည်းတော်၏ မျက်နှာပေါ်သို့ တင်ခဲ့လေသည်။ သို့ဖြစ်ပေရာ ယင်းခမည်းတော်သည်ပြန်၍ စက္ခုအလင်း ရရှိလာခဲ့လေသည်။ ထို(အခါ)ယင်းခမည်းတော်က (ဤသို့)ပြောဆိုခဲ့လေသည်။ ငါသည် အသင်တို့အားအလ္လာဟ်အရှင်မြတ်ထံတော်မှ အသင်တို့ မသိနားမလည်သောပညာကို ဧကန်စင်စစ် သိနားလည်သည်ဟု ပြောဆိုခဲ့သည်မဟုတ်ပါလော။
قَالُوا يَا أَبَانَا اسْتَغْفِرْ لَنَا ذُنُوبَنَا إِنَّا كُنَّا خَاطِئِينَ
(ထိုအခါ ယင်းသားတော်များက) အို-ကျွန် တော်မျိုး၏ဖခမည်းတော်၊ ဖခမည်းတော်သည် ကျွန်တော်မျိုးတို့အဖို့ကျွန်တော်မျိုးတို့၏ ပြစ်မှုတို့မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိစေအံ့သောငှာ အသနားခံ၍ ပေးတော်မူပါ။ ဧကန်မလွဲ ကျွန်တော်မျိုးတို့သည် ပင်လျှင် အပြစ်မကင်းသူများ ဖြစ်ကြပါသည်ဟုပြောဆို လျှောက်ထားခဲ့ကြကုန်သတည်း။
قَالَ سَوْفَ أَسْتَغْفِرُ لَكُمْ رَبِّي ۖ إِنَّهُ هُوَ الْغَفُورُ الرَّحِيمُ
ထိုဖခမည်းတော်က (ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ ငါသည် မကြာမြင့်မီ အသင်တို့အဖို့ မိမိအရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံ၍ပေးအံ့။ဧကန်စင်စစ် ထိုအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနား တော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။

Choose other languages: